CH. 1

3K 136 32
                                    


မိုးရာသီမှာ နေ့တနေ့တာက အရမ်းကို
စိုစွတ်ပြီး လွမ်းဆွေးနေသဖွယ် ရှိနေတယ်​လေ
ကျနော်ကတော့
ကော်ဖီခွက်လေးကိုင်ပြီး မိုးရွာနေတဲ့
ပြတင်းပေါက်မှာထိုင်ရင်း
အတိတ်ကို လွမ်းနေမိတယ်

မေ့သင့်ပြီလို့ပြောပင်မဲ့ အတိမှာလှပတဲ့
အကြောင်းတချို့ ရှိနေခဲ့တယ်လေ

အတိတ်ကို ခဏတာ ကြည့်မိရင်
မိုးရေးထဲမှာ ပထမဆုံးတွေ့ခဲ့ရတဲ့
ကောင်မလေးနှစ်ယောက်
တယောက်က ခလေးဆန်တယ်
တယောက်က မိန်းမငယ်လေးဆန်တယ်

တနေ့ထဲ တူတူတွေ့ခဲ့ရပင်မဲ့ တွေ့ရတဲ့ အကြောင်းမတူခဲ့ဘူး

အတွေးတေထဲ နှစ်မျောနေချိန်
အနောက်ကနေ လူတယောက် ဖက်တာခံလိုက်ရတယ်
ခဏကြာမှ သူမရဲ့ချစ်စရာအသံလေး ထွက်လာတယ်

"ဘာတေ တွေးနေတာလဲ Daddy"

"ဘာမှမတွေးပါဘူး
လွန်ခဲ့တဲ့နှစ်တေက မိုးရေထဲဆုံခဲ့တဲ့
Baby အကြောင်းပြန်တွေးနေတာ"

"Daddy ကတော့ ပိုပြီ"

"မပိုပါဘူး အရမ်းလှလွန်းတဲ့နေ့ရက်တွေကို
မေ့မရနိုင်ခဲ့ဘူး"

"နာကျင်ခဲ့တဲ့နေ့တွေကရော"

သူမလေးရဲ့ မေးခွန်းကြောင့် ဖြေစရာ မရှိဖြစ်ခဲ့ရတယ်
ဒါပင်မဲ့လဲ

"မေ့လိုက်ပြီ နာကျင်မှုတေကို
အခုတော့ ပျော်ရွှင်မှုတေပဲ ရှိတော့တယ်"

ပြောရင်း သူမလေးကို အနောက်ကနေ
တင်းကျပ်နေအောင် ဖက်ထားလိုက်တယ်

မှောင်မဲပြီး နေရောင်မရှိဖြစ်နေတဲ့ ကောင်ကင်ကြီး
ဝမ်းနည်းလွမ်းနေတဲ့မိုးမဟုတ်ပဲ
အချစ်တေ ပျော်ရွှင်မှုတေကြောင့် ရွာတဲ့ မိုးဖြစ်နေတယ်

"Daddy. Mommy"×2

အသံမသေးမကျယ်လေးနဲ့ ပြေးလာနေတဲ့
ချစ်စရာကောင်းတဲ့ ခလေးနှယောက်

သူမလေးကို ဖက်ထားတာ ဖြုတ်လိုက်ပြီး
ခလေး နှယောက်ကို ချီလိုက်တယ်

"Daddy သားသား ရေချိုးပြီးပြီး"

"ဟုတ်တယ် Daddy မီးမီးရောပဲ
ရောမွှေးကြည့်"

ကျနော့ နှာခေါင်းရှေ့မှာ ရောက်လာတဲ့
သူတို့လေးတေ တွေရဲ့ လက်သေးသေးလေးတေ

Who Do U Love Most ? (G!P)Where stories live. Discover now