CH.14

772 54 18
                                    

Unicode,

Lisaတို့တောင် အောက်ရောက်တော့
ရွာထဲကလူတွေစုပြီးထိုင်နေတာတွေ့လိုက်တယ်
ရွာသူကြီးက

"လူလေးတို့လာကွယ်
ငါးကင်စားရအောင်..."

ငါးစိမ်းများကို ဒုတ်နဲ့ထိုးပြီး
ကင်နေတဲ့နား နှစ်ယောက်သားထိုင်လိုက်တယ်

သူတို့စီ အရင်ကမ်းပေးပြီး

Jisooကတော့ စစားနေပါပြီ

"အွန်း...အရမ်းကောင်းတာပဲ"

"ကြိုက်လား..."

"အွန်း တကယ်ကောင်းတာ စားကြည့်ကြည့်"

lisaတကိုက်ကိုက်စားပြီး
သူ့ဘေးက ပလုပ်ပလောင်းစားနေတဲ့
အရုပ်မလေးကို ထိုင်ကြည့်နေတယ်

"ဖြေးဖြေးစား အရိုးဆူးမယ်"

"ဟီး ဟီး.."

စားနေတဲ့ကြားက လာပြုံးပြနေသော
အရုပ်မလေး

သူတို့စားနေချိန်
ကောင်းကင်ပေါ်ကနေ အသံကျယ်ကျယ်တစ်ခု
ထွက်လာတယ်

ဒက် ဒက် ဒက် 🚁

လေတွေတိုက်လာပြီး
မဲမဲလို အရာနှစ်ခု သူတို့နားပျံလာတာတွေ့တော့

"အကုန်လုံး တိုက်ခိုက်ဖို့အသင့်ပြင်"

ရွာထဲကလူ ကိုယ်စီကိုယ်စီလက်နက်တွေဖြင့်
တိုက်ခိုက်ဖို့လုပ်နေတာကျတယ်

lisaကထလာပြီး

"ခဏနေကျပါအုံး အဘတို့"

"လူကလေး မင်းတို့တဲထဲသွားနေစမ်းကွယ်
ဒီကောင်တွေ လာတိုက်ခိုက်နေတာများပြီ"

"မဟုတ်ဘူး အဘ
ဒါ သားတို့ကို လာခေါ်တာ
သား လူတွေ"

"ဟေ..."

သူတို့ စကားပြောနေချိန် Helicopterက
မြေပြင်ကို ရောက်နှင့်နေပြီး

Dahyunနဲ့ Jeongyeonက
lisaစီပြေးလာနေကျတယ်

ဟိုနှစ်ယောက်က ပြေးဖက်လိုက်ပြီး

"အဆင်ပြေရဲ့လား ငါတို့က စိတ်ပူနေတာ
တောင်းပန်ပါတယ်ကွာ အချိန်မှီမလာလို့"

"ငါတို့ကိုက ညံတာပါ
မင်းကိုတယောက်ထဲ ပေးမသွားသင့်တာပါ"

"မင်းတို့ပြောလို့ဝရင် လွှတ်စမ်း
ငါ့ဒဏ်ရာနာနေပြီ.."

Who Do U Love Most ? (G!P)Onde histórias criam vida. Descubra agora