🌏 Extra - 2 (Z&U) {Sacca's Birthday}

414 22 2
                                    

ILYMTTWW {Extra - 2}
Sacca's Birthday

Zawgyi...⬇️

'ဟယ်လို.. Boss'

'အေးပြော..ဘာကိစ္စလဲ'

'ဟိုဟာလေ.. Boss'

'‌အေးပြောလို့..'

'Boss.. ကုမ္ပဏီတစ်ချက်လာပါလား..'

'ဘာလို့တုန်းကွ.. မင်းကိုခဏဦးစီးခိုင်းတာလေ'

'ကလေးနဲ့ ဒီနေ့Date မလို့.. အဲ့တာမေ့ပြီး Boss ပြောကို လက်ခံမိလိုက်တာ.. အခုတော့ မအားတော့ဘူး'

'‌မင်းခန့်!.. မင်းအဲ့ကလေးနဲ့ပဲ အလုပ်ရှုပ်နေတော့မှာလား..'

'Bossရော ဘာထူးလို့လဲ.. အကိုလေးနားပဲ ကပ်နေတာ'

'မင်းခန့်!!..'

'မသိတော့ဘူးဗျာ.. ကျွန်တော် ကလေးနဲ့ ချိန်းထားတာ နောက်ကျနေပြီ သွားတော့မယ်.. ဒါနဲ့.. မဖြစ်မနေတက်ရမယ့် Boss အတွက်အစည်းအဝေးက 1 နာရီမှာ စမှာနော်.. သွားလိုက်ဦး..'

**တီ**

"မင်းခန့်!!.. မင်းခန့်!!.. ခွေးသားလေး.."

ဒီနေ့ တစ်နေ့လုံး ကုမ္ပဏီမသွားတော့ဘဲ ကိုကိုနဲ့ တစ်နေကုန်နေဖို့ စဉ်းစားထားတာ။ ကိုကိုနဲ့ လည်း အတူတူ မုန့်လုပ်စားဖို့ စီစဉ်ထားတာ။ အခုတော့ အားကိုးရတဲ့ လူယုံတော်ကြီးကြောင့် ပျက်ကုန်ပြီ။

'သာသနာဖျက်ကောင်ဆိုတာ.. မင်းခန့်ကို ပြောတာဖြစ်မယ်.. ခွေးသားလေး'

"မောင်.. မင်းခန့် ဆက်တာလား.."

မင်းခန့်ကို စိတ်ထဲကနေ မေတ္တာပို့လို့ မဆုံးသေး။ ကိုကိုက စက္ကအနား ရောက်လာသည်။

"ဟုတ်တယ်ကိုကို.. အရေးကြီးကိစ္စရှိလို့ ကုမ္ပဏီသွားရဦးမယ်"

"အမ်.. မောင်ပြောတော့.. ငါနဲ့ အတူမုန့်လုပ်စားမယ်ဆို.."

"ဟဲဟဲ.. ပြန်လာမှ မုန့်လုပ်စားကြမယ်လေနော်.. ဘာမုန့်လုပ်မလဲ ရွေးထားလိုက်.."

"အင်း.. ပြီးတာပဲ.."

ပြောပြီး မျက်နှာငယ်လေးနဲ့ ထွက်သွားတဲ့ ကိုကို့ ကိုကြည့်ပြီး စက္က စိတ်မကောင်းလှ။ ဒါပေမဲ့လည်း အလုပ်ကလည်း အရေးကြီးတဲ့ အပိုင်းဖြစ်နေတော့ မသွားလို့မရ။ ပြန်လာရင် ချော့ရဦးမှာပေါ့။ အားလုံးက မင်းခန့်ရဲ့ ကျေးဇူးတော်တွေကြောင့်ပဲ။

🌏I Love You More Than The Whole World🌏Where stories live. Discover now