🔞Special Episode🔞

1.8K 85 7
                                    

Unicode

     ~You are my everything~

Special Episode🔞🔞🔞

ဝေလီဝေလင်း နံနက်ခင်း အချိန်တွင် ကြေမွတွန့်ကျေနေသော အိပ်ရာ ခင်းထက်ဝယ် Mewတစ်ချက်လူး လွန့် လိုက်ရင်း ကလေးနဲ့ သူ့ရဲ့အကြောင်းတွေပြန်စဉ်းစားမိသည်

ဒီနေ့နဲ့ဆို ကျွန်တော်နဲ့ကလေးတွဲလာတာ 5နှစ်ပြည့်ပြီ
လက်ထပ်ခွင့်က ၂ခါတောင်တောင်းပြီးပေမဲ့
"ကိုကို နဲ့အတူ ချစ်သူဘဝကိုဖြတ်သန်းချင်သေးလို့ပါ "ဆိုတဲ့ကလေး ရဲ့ စကားကြောင့် ကျွန်တော်တို့ ခုထိ လက်မထပ်ဖြစ်သေးပါ
ဒါမဲ့ 5နှစ်ပြည့်ရင် လက်ထပ်ကြမယ်လို့ သဘောတူခဲ့ကြသည်

ကျွန်တော့်ကလေးလေး ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ ကျွန်တော် ပြောပြမယ်

လွန်ခဲ့တဲ့အချိန်တွေတုန်းက ကလေးနဲ့ကျွန်တော်တွဲတာကို လက်မခံနိုင်တဲ့ လူတွေရှိတဲ့အတွက် အနုပညာကိုကျွန်တော် ဆက်မလုပ်ဖို့တွေးခဲ့တယ်
ဒါမဲ့ ကလေးက လူဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရှိတယ် ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူး  သူတို့အမြင်တွေကိုထည့်တွက်စရာမလိုဘူး တဲ့ကိုယ်လျှောက်နေတဲ့ လမ်းကို ကိုယ်နောင်တမရရင် ရပြီဆိုတဲ့ ကလေးရဲ့အားပေးစကားကြောင့် ကျွန်တော် ဆက်လုပ်ခဲ့တယ်


အာ့မှာစတာဘဲ
ကလေးက ကျွန်တော့်ရဲ့ မန်နေဂျာလုပ်မယ်ဆိုပြီး စကားစလာတယ်
ကျွန်တော်က သူပင်ပန်းမယ် လို့ပြောတော့ ကိုကိုက ကလေး ကို လူတွေရှေ့မချပြန်တာလား ဘာလားရစ်ပြန်ရောဗျာ
အာ့တာနဲ့သဘောတူလိုက်ရတယ်
နို့မို့ဆို ကျွန်တော် ညစာ ငတ်မှာပေါ့


အာ့ကနေစပြီး ကျွန်တော့်အလုပ်မှန်သမျှကို သူဘဲဉီးဆောင်တယ်
ကျွန်တော်နဲ့ တွဲပြီးသရုပ်ဆောင်မဲ့ လူကိုသူ အရင်အကဲခတ်တယ်   သူအဆင်ပြေတယ်ဆိုမှ အလုပ်လက်ခံရတယ်
ယောက်ကျားလေးဖြစ် ဖြစ် မိန်းကလေးဖြစ်ဖြစ် ၃စက္ကန့်ပြည့်အောင်တောင်မကြည့်ရဘူးတဲ့ဗျာ
တစ်ခါတစ်လေ စကားပြောမိရင်းလည်း နောက်ကနေ မျက်စောင်းတကဲကဲနဲ့ အိမ်ရောက်ရင် တရစပ်ကောပါလေရော
အာ့တာလေးတွေက ကျွန့်တော့်အတွက်ချစ်ဖို့ကောင်းနေတယ်
ဟိုတလောလေးက Tara ဆိုတဲ့ မင်းသမီးက သူ့ကိုရိသဲ့သဲ့လာလုပ်လို့ ကလေးနဲ့ပြသနာတက်သေးတယ်
တော်သေးတာပေါ့ advလေးဘဲရိုက်လို့
အာ့ကနေစပြီး ကျွန်တော့်ကို သူပြောလာတာက ကိုကို နောက်ခါရုပ်ရှင်ရိုက်ရင်  solo adv တို့ ကလေးအဖေတို့ မုဆိုးဖိုနေရာမှာဘဲ သရုပ်ဆောင်ပါတဲ့


💜✨You Are My Everything✨💜(Completed)Where stories live. Discover now