{၁၅}U/Z

90.7K 9.7K 1.3K
                                    

Unicode

စက်ဘီးက အပြာရောင်ဆိုပေမဲ့ ဆေးရောင်ကျွတ်လို့ သံချေးပင်ကိုက်နေပြီ။ သို့ပေမဲ့ စက်ဘီးပေါ်ကကောင်လေးနှစ်ယောက်ကတော့ သစ်လွင်အေး​ြမနေသည်။
ပန်းချီခန်းမ ရောက်တော့ ကောင်လေးတစ်ယောက်မှလွဲ၍ဘယ်သူမှမတွေ့။

နွေဦးမောင်သည် စက်ဘီးကိုဒေါက်ထောက်လိုက်ပြီး အထဲကကောင်လေးကို လှမ်းမေးတော့သည်။
"ကောင်လေး ဇေရဲတို့မလာဘူးလား"

"Rc ခန်းကိုသွားကြပြီလေ ကိုနွေဦး!"

ကြိုမှာထားရက်နှင့်ဇေရဲဟူသည်...
နရီ့အတွက်ပန်းချီကားက RC ကိုပါသွားပြီထင်ရဲ့။

"ကိုစောနရီမလား.."

(*မှတ်ချက်- တိုင်းရင်းသားနာမည်တွေရှေ့မှာ မ/ကို အဲ့လိုတွေသိပ်မထည့်ကြဘူးလို့ပြောကြပါတယ်။ဒါပေမဲ့ ဒီနေရာမှာ အဲ့တာတွေကိုနားမလည်တဲ့ကောင်လေးက *ကို* လို့ တပ်ခေါ်တာပါ)

"ဟုတ်ပါတယ်ဗျ"

"ကျွန်တော်အခုလေးတင်ပဲ ကျောင်းစာတိုက်ကပြန်လာတာ။ အစ်ကို့နာမည်နဲ့စာရောက်နေတယ်"

အရင်ကဆို စာရောက်လျှင် စာတိုက်ကို ကိုယ်တိုင်သွားကြည့်မှသာသိတာ။ ဘယ်သူမှလာမပြောဖူးချေ။ မောင်နှင့်ခင်လာမှ သူ့ကိုရှိမှန်းသတိထားမိလာကြပုံတူသည်။

"ဪ ဟုတ်ကဲ့ ကျေးဇူးပါဗျ! ကျွန်တော်သွားထုတ်လိုက်မယ်"

"ရတယ်ရတယ် လမ်းကြုံလို့"

နွေဦးမောင်က သူတို့စကားပြောနေတာကို ဘေးကနေ တိတ်တဆိတ်နားထောင်ပြီးမှ မှတ်ချက်ချလိုက်သည်။

"ဒါဆို စာတိုက်ကိုအရင်သွားမလား။"

"မောင် RC ခန်းကိုအရင်သွားနှင့်ပါလား။ ပြီးမှကျွန်တော်လိုက်လာခဲ့မယ်။"

"ဘာလို့လဲ၊ မောင့်ကိုမလိုက်စေချင်တာလား"

ပန်းချီခန်းထဲကကောင်လေးသည်ပင် ခေါင်းထောင်ကြည့်လာသည်အထိ နွေဦးမောင်၏ပုံစံက အံ့အားသင့်စရာကောင်းသည်။

"မဟုတ်ဘူးမဟုတ်ဘူး။ စာယူပြီး ဖုန်းဆက်ချင်သေးလို့။ RC ခန်းမှာ ပွဲကစနေပြီထင်တယ်။အဲ့တာ မောင်လည်းကူစရာရှိတာကူဖို့...မနှင်ရပါဘူး"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now