parr(15)

1.8K 140 5
                                    

"ရိပေါ် တော်ပြီလေကွာ ငိုမ မေနဲ့ တော့ ကိုယ်ပြန်လာပြီလေ ဘာလို့ ဒီလောက်တောင်သဲကြီးမဲကြီးငိုနေရတာလည်း"

"အဟင့်ဟင့်"

ဘာမှ မ ပြောပဲငိုလို့သာနေသည့် ရိပေါ်က တားမရပါငိုလို့သာနေသည်

ပြန်လာထဲက ရှောင်းကျန့်မှာ ရိပေါ်ကိုရင်ခွင်ထဲ ထည့်ထားရသည် သူ့ရင်ခွင်ထဲ မျက်နှာအပ်ကာငိုနေတဲ့ ရိပေါ်ကြောင့်ဘလိုမှ လှုပ်မရ

နောင်ဆုံးငိုလို့ မောသွားတဲ့ရိပေါ်ဟာ ရှောင်းကျန့်ရင်ခွင်ထဲ အိပ်ပျော်သွားတော့သည်

ရှောင်းကျန့် ရိပေါ်ကို ပွေ့ကာကုတင်ပေါ်မှာ ချသိပ်လိုက်သည် စိုစွတ်နေတဲ့ မျက်ရည်စ တွေကို သုတ်ပေးကာ ချွေးစေးလေးတွေကိုလည်း ဖယ်ရှားပေးလိုက်သည်

:
:
:

"မင်းထွက်သွား ငါ့အနားကို မလာနဲ့ မင်းသစ္စာမရှိဘူး မင်းလုံးဝ ငါ့အ ပေါ်မှာသစ္စာမရှိဘူး သူများထိ တွေ့ထားတဲ့ မင်းခန္ဓာကိုယ်ကြီးကိုငါရွံတယ် ငါမုန်းတယ် မင်းထွက်သွား သွားး"

"မဟုတ်ဘူး လူကြီး ကျတော် ကျတေိာ…"

"သွားစမ်းပါကွာ လာမထိနဲ့ ငါ့အသားကို မင်းဘယါသူဘယ်ဝါမှန်းမသိနဲ့ ဖြစ်ချင်တိုင်းဖြစ်လာပြီးမှ ငါလက်ခံမယ် မထင်နဲ့ သွား ခုထွက်သွား ဒီနေ့က စပြီး မင်းနဲ့ငါနဲ့ ဘာမှ မဆိုင်တော့ဘူး မင်းငါ့အိမ်ပေါ်က ခုချက်ချင်းဆင်းသွား"

"မလုပ်ပါနဲ့ လူကြီးကို ကျတော်ချစ်တယ် ကျတော်မခွဲနိုင်ဘူး"

ရိပေါ်လူကြီး ခြေ ထောက်ကိုဖက်ကာ ပြောပေမယ့် လူကြီးကကန်ထုတ်ပစ်လိုက်သည် ပြီးတော့ ကွာရှင်းစာချုပ်ကိုပေးကာ ထွက်သွားလေသည်

"ဟင့်အင်း လူကြီး လူကြီး မသွားပါနဲ့ လူကြီးးး!!!"

:
:
:
:
:
:
:

"လူကြီးးးး!!!"

"ရိပေါ် ဘာ ဘာဖြစ်တာလည်း  တစ်ကိုယ်လုံးချွေးတွေချည်းပဲ"

ရိပေါ်က ရှောင်းကျန့် ကိုမြင်တာနဲ့ အတင်းဖက်ထားကာ ရှိုက်ကြီးတငင်ကိုလေသည်

"ရိပေါ် ရိပေါ် မငိုနဲ့တော့ ဘာလို့ တချိန်လုံးကိုပဲ ငိုနေတာလည်း မငိုရဘူးလေ"

ကောင်လေးရဲ့လူကြီးWhere stories live. Discover now