If

22 0 0
                                    

အကယ်၍ ဆိုတဲ့စကားလုံးနောက်မှာ
တွယ်စရာ နှောင်ကြိုးတွေမဲ့နေခဲ့...။

နှမြောစရာဆိုလို့ မပြင်ဆင်ရသေးတဲ့
အနာဂတ်ကလေးသာ ရှိနေရဲ့။

နှောင်ကြိုးမှတစ်ပါး ဆုံးရှုံးစရာမရှိလို့ ဆိုရအောင်
ကိုယ့်မှာ နှောင်ကြိုးတွေမရှိနေခဲ့...။

ပြတ်သားစွာ အရာအားလုံးကို
ကိုယ်ဟာ ဖြတ်တောင်ထားခဲ့လေရဲ့။

ကိုယ့်ရဲ့ အမည်နာမ ဟာလည်း
မှတ်ဉာဏ်တချို့မှာ ထင်ကျန်မနေခဲ့။

နှောင်ကြိုးတွေနဲ့အတူ...ကိုယ်ဟာ ဝေဝါးသွားနေခဲ့...။

မြူခိုးတွေနဲ့အတူ တစ်ည တစ်မနက်မှာ
ဆုံးဆုံးမြုတ်သွားနိုင်လေရဲ့...မှတ်ဉာဏ်တွေထဲကနေ ပျောက်ကွယ်သွားနိုင်လေရဲ့။

အကယ်၍...အကယ်၍

#way

Unpretty DiaryWhere stories live. Discover now