Part 3

147 11 27
                                    

"ဂိုဂူလျောနိုင်ငံမှ စာလွှာပါးလိုက်ကြောင်းပါ။"

အိပ်ခန်းဆောင်အပြင်မှ အထိန်းတော်၏ အသံကြောင့် မျက်လွှာတို့တဖြည်းဖြည်းပွင့်လာသည်။ ညီမဖြစ်သူကြောင့် စိတ်ထိခိုက်တာများပြီး အိပ်ယာထဲခဏလှဲနေမိခြင်း။
ဂိုဂူလျောနိုင်ငံမှ ဘယ်လိုအလိမ်စကားတွေ ထွက်လာဦးမလဲဆိုတာ မျှော်မှန်းရင်း ဝတ်ရုံကိုပြင်ဝတ်ကာ အထိန်းတော်အား အိပ်ခန်းဆောင်ထဲ ဝင်လာစေသည်။

"ဝင်ခဲ့။"

"မှန်လှပါ...စာလွှာပါ မင်းကြီး။"

ဒူးထောက်၍ ဆက်သသော စာလွှာအား ပင့်ယူကာ ခပ်မြန်မြန်ဖွင့်ဖတ်လိုက်သည်။
အရှက်မရှိသောစကားများဖြင့် ဖွဲ့ဆိုထားသော စကားများအား ရွဲ့ပြုံး ပြုံး၍....

"ဘုရင်ရော၊အမတ်တွေပါ အရှက်မရှိဘူးပဲ။"

"ဟား...ဟား။"

အားရပါးရ ရယ်မောနေသော အရှင်မင်းကြီးကြောင့် အထိန်းတော်မှာ ကြောင်ကြည့်နေရသည်။

"ငါကိုယ်တော်ကို တောထဲကယုန်သူငယ်လေးများ မှတ်နေကြလား။"

"ဟန်မြစ်ကိုရပြီဆိုပြီး မာန်တက်နေကြတုန်းပဲ။"

ဂိုဂူလျော နှင့် မြောင် နိုင်ငံတော် နှစ်နိုင်ငံလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက ပြိုင်ဘက်နိုင်ငံများဖြင့် တည်ရှိခဲ့ကြသည်။
သို့သော် ယွန်ရှင်း ၏ ဘိုးတော်လက်ထပ်တွင် တခြားသော အင်ပါယာ များအား သိမ်းပိုက်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဂိုဂူလျောလက်အောက်ခံ ဖြစ်ခဲ့ရ။ သို့သော် အိမ်နီးချင်းနိုင်ငံများအား သိမ်းပိုက်သည့်အခါ အရေးနိမ်ခဲ့ပြီး နှစ်နိုင်ငံလုံး အထိနာခဲ့ရသည်။ ထိုအချိန်မှစ၍ ဂိုဂူလျောက ယုတ်မာရက်စက်ပြီး မြောင်နိုင်ငံကို လက်အောက်ခံအဖြစ်က ပေးမထွက်ခဲ့ချေ။

"ပြန်စာရေးပြီး ဂိုဂူလျောကို စစ်ကြေညာလိုက်စမ်း။"

ယွန်ရှင်း ဟာ သက်တော်ငယ်သော်ငြား နန်းသက်နှင့်တွက်လျှင် ဝါရင့်လှသည်။
ခမည်းတော်လက်ထပ်ကတည်းက ပြောင်းလဲချင်တဲ့ စနစ်များကို ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် နန်းတက်သည့်အခါ ရုံးတော်အား အလွယ်တကူချုပ်ကိုင်နိုင်ခဲ့။
အပြောချိုပြီး အမြဲပြုံးနေတက်သော မင်းကြီး ယွန်ရှင်း အား အမတ်အချို့မှာ မသည်းခံနိုင်လည်း  သည်းခံနေရသည်။

Fall in love with hateWhere stories live. Discover now