Chapter-1 Matilda Yap/Lady Presco

2.5K 139 21
                                    

#Unicode

(ဒုတိယဘဝ)

ငါမှတ်မိသလောက်ကတော့ ငါ့ရဲ့ဒုတိယဘဝမှာ ကမ္ဘာပေါ်က ခေတ်သစ်အမျိုးသမီး Matilda Sandrine Yapအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်။

အာရှရဲ့အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုရဲ့ အမျိုးသမီးအမွေဆက်ခံသူတစ်ယောက်ဖြစ်ပြီး စီးပွားရေးသမားတစ်ဦးနဲ့လည်း လက်ထပ်ခဲ့သည်။ ဒါပေမယ့် ဒီလက်ထပ်ပွဲက စီးပွားရေးအရ လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ဒါ့အပြင် ငါ့ခင်ပွန်းက gayတစ်ယောက် ဖြစ်နေခဲ့သည်။ သူက သူ့လိင်စိတ်သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် ငါ့ကို လက်ထပ်ခဲ့တာဖြစ်သည်။

ထိုအကြောင်းကိုသိပေမယ့် ငါက သူ့ကို လက်ထပ်ပေးခဲ့သည်။ ငါက ကလေးတစ်ယောက်ကို အရူးအမူး လိုချင်နေခဲ့သည်။ သို့ပေမယ့် ငါ့ခင်ပွန်းက gayတစ်ယောက်ဖြစ်တာကြောင့် ငါတို့က ဘယ်တော့မှ အတူမအိပ်ခဲ့ကြချေ။ ငါတို့က ဖန်ပြွန်သန္ဓေသားယူခြင်းနည်းဖြင့် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဒါက အလုပ်ဖြစ်ပြီး ငါ ကိုယ်ဝန်ဆောင်လိုက်နိုင်သည်။ ငါ နောက်ဆုံးတော့ မိခင်တစ်ဦးဖြစ်ခွင့် ရလိုက်ပြန်သည်။

သို့သော် ငါ ကိုယ်ဝန်သုံးလပဲရှိသေးသည့်အချိန်မှာ လေယာဥ်ပျက်ကြလို့ ငါ သေဆုံးခဲ့ပြန်သည်။

ငါ နိုးထလာတဲ့အချိန်မှာ ငါ ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲဖြစ်သည့် ငါ့ရဲ့ပထမဘဝကို ပြန်ရောက်နေခဲ့သည်။

[ပထမဘဝ]

ငါ Matilda Sandrine Yapမဖြစ်ခင် မြို့စား Maverick Prescottရဲ့ တစ်ဦးတည်းသောသမီး Matilda Prescott ဖြစ်ခဲ့ပေသည်။ ငါတို့က Moonchesterအင်ပါယာရဲ့ မျိုးရိုးမြင့်အိမ်တော်တွေထဲက တစ်ခုပင်ဖြစ်သည်။

Lady Prescottအနေဖြင့် ငါက ဘဝင်ကိုင်ပြီးတော့ ရည်မှန်းချက်ကြီးမားလွန်းသည်။ ငါ့ပထမဘဝမှာ ငါက တိုင်းပြည်မိခင်ဖြစ်ချင်ခဲ့သည်။ သို့သော် ဒါက အစကတည်းကပင် မဖြစ်နိုင်လွန်းသောကိစ္စဖြစ်ပေသည်။

Moonchesterအင်ပါယာမိသားစုဟာ ရှေးရိုးစွဲသော ဓလေ့ထုံးစံ ရှိပေသည်။ တော်ဝင်မိသားစုများသည် သူတို့အချင်းချင်းသာ အိမ်ထောင်ပြုတတ်ကြခြင်းပင်။ ဆိုလိုသည်မှာ ယခုလက်ရှိအင်ပါယာဘုရင်မင်းမြတ် Aku Moonchesterသည် သူ့ရဲ့အမွှာညီမ တော်ဝင်မင်းသမီး Nia Moonchesterကိုသာ လက်ထပ်မည်ဟု ကတိပြုစေ့စပ်ထားခဲ့သည်။ သူတို့ရဲ့ယုံကြည်မှုအရ တော်ဝင်မိသားစုအချင်းချင်း လက်ထပ်ထိမ်းမြားခြင်းသည် သူတို့ရဲ့မျိုးဆက်သွေးကို သန့်စင်စေသည်ဟု ယူဆထားကြသည်။

ဆိုးသွမ်းသောမိခင် (မြန်မာဘာသာပြန်)Where stories live. Discover now