{၁၆}U/Z

87K 9.9K 1.4K
                                    

Unicode

မစည်ကားအပ်သည့်နေရာဟူသည်မှာ ဆေးရုံ၊ဆေးခန်း၊သို့မဟုတ် သုသာန်...
ဘယ်လိုပဲ မစည်ကားအပ်ဘူးလို့ပြောပါစေ။ လူဝင်ထွက်မပြတ်သည့်နေရာကိုပြပါဆိုလျှင်လည်းထိုနေရာတွေကလွဲလျှင်မရှိပါချေ။

ဆေးရုံသည် မစည်ကားအပ်သည့်နေရာဟုဆိုသော်လည်း အသစ်မွေးဖွားလာသည့် ကလေးများကိုကြိုဆိုသည့်နေရာဟုဆိုလျှင်လည်းမမှားချေ။ ထို့ကြောင့်မည်သည့်အရာကိုမှ တသတ်မှတ်ထဲရွေးချယ်လို့မရပေ။

ယခု တက္ကသိုလ်ဆေးရုံတွင်လည်း လူအဝင်အထွက်မပြတ်။field ဆင်းနေသော ကျောင်းသားများလည်းရှိသလို လူနာများလည်းရှိသည်။

အသစ်လဲထားတာမကြာသေးသည့်မဂ္ဂ၏ကားနက်ကလေးသည် ဆေးရုံဝင်းအတွင်းသို့ အရှိန်ဖြင့်ထိုးစိုက်သည်။
နွေဦးမောင်၏လှုပ်ရှားမှုအစုစုသည် လျင်မြန်နေသည်။ခြေတံရှည်များက ဆေးရုံအတွင်းသို့ စက္ကန့်ပိုင်းအတွင်းရောက်၏။
ဇေရဲပင် မှီအောင်မနည်း လိုက်ရသည်။

"ကား မတော်တဆဖြစ်ပြီး ရောက်လာတဲ့ကျောင်းသားရှိလားခင်ဗျ၊"

"ခုနကတော့ တစ်ယောက်ရောက်လာတယ်။ အရပ်ရှည်ရှည်နဲ့ တစ်ယောက်ပွေ့လာတဲ့ တစ်ယောက်။ ဟုတ်တယ်မလား နွယ်"

သူ့ဘေးက နွယ်ဟုဆိုသည့် နာစ့်ကိုပြန်မေးကာ အတည်ပြုနေပြန်သည်။
"ဟုတ်တယ်။ဟုတ်တယ် ခုနကပဲအခန်းထဲဝင်သွားတယ်၊ ဟိုမှာ။"

"ကျေးဇူးခင်ဗျ"

သူနာပြုညွှန်ပြသည့်နေရာကို ခြေလှမ်းကျဲများဖြင့်ပြေးမတတ် နွေဦးမောင်သွားလိုက်သည်။
ပွေ့ချီ၍ပင် ခေါ်လာရသည်ဆိုတော့ နွေဦးမောင် ရင်ထဲ တစ်ဒိန်းဒိန်းဖြစ်နေသည်။

အခန်းရှေ့ရောက်သည်နှင့်တံခါးကိုဆွဲဖွင့်မိသည်က ရိုင်းပြချင်၍တော့မဟုတ်။ စိတ်ပူလွန်းအားကြီးနေ၍ပင်။

ဆေးရုံခန်းရှိ တစ်ယောက်ခုတင်တွင် ခြေဆင်းထားသူက သူအမြဲအရိပ်တကြည့်ကြည့် ကြည့်နေရသည့်လူ။ဝုန်းဒိုင်းကြဲဝင်လာသည်မို့ သူ့ကို အလန့်တကြားမော့ကြည့်ပုံက ညိုးငယ်နေသည့်ဟန်ပါပေမဲ့ သူမှန်းသိသည်နှင့် မျက်နှာလေး ဝင်းပသွားပုံကလည်း သိသိသာသာ။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now