အရိပ်လေး part 5

1.8K 105 0
                                    

Unicode

‌ Part - 5
ဆေးရုံရောက်သူကရောက် ဆေးရုံစောင့်သူကစောင့် ကိုကိုကလည်း စိတ်ဆိုးပြီးထ​ွက်သွားတာ ဘယ် bar ရောက်လို့ဘယ်သူနဲ့ရှိနေမှန်းလည်းမသိဘူး
ကျွန်တော်တစ်ယောက်ထဲအိမ်မှာအိမ်ထဲမနေချင်တာနဲ့ ကောင်းကင်ပေါ်ကသာနေတဲ့လမင်းကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ခြံကြီးထဲမှာတစ်ယောက်ထဲငုတ်တုတ်ထိုင်နေမိတယ်

သူငယ်ချင်းတွေကိုလည်းဖုန်းမဆက်ချင်ဘူး ငိုထားလို့မျက်လုံးကလည်းမို့အစ်ပြီးခေါင်းကိုက်နေပြီး ဘာဆိုဘာမှမလှုပ်ချင်လောက်အောင်စိတ်ပင်ပန်းလွန်းတယ် ကိုကိုပြောတော့ဘာမဆိုအတူရင်ဆိုင်မယ်ဆို မာမီလေးဘာတွေပြောလိုက်လို့ ကိုကိုပြောင်းလဲသွားရတာလဲ ကျွန်တော်အရမ်းဝမ်းနည်းတယ်

ကျွန်တော်ငယ်ငယ်တုန်းက မာမီလေးဆူရင် ဒီနေရာမှာ လာထိုင်ငိုနေကြလေ အဲ့အချိန်ဆိုကိုကိုက ကျွန်တော်ကြိုက်တဲ့ ချောကလက်သကြားလုံးနဲ့ လာလာချော့နေကြမလား ခုရော ကျွန်တော်အရမ်းအထီးကျန်တယ် ကိုကို😥 ခင်ဗျားကိုလည်း.လွမ်းတယ် 😥 ခုချိန်မှာ နွေးနွေးထွေး​ေထွးနဲ့ ကျွန်တော့်ကိုရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားပေးရင်သိပ်ကောင်းမှာပဲဗျာ

ဗွန်း...ဗွန်း..အိမ်ရှေ့က ကားဟွန်းတီးသံပဲ ကိုကိုအိမ်ပြန်လာပြီးဖြစ်မယ် တောင်းပန်ပါတယ်ကိုကိုမနက်ဖြန်ကစပြီး ကျွန်တော့်ကိုမတွေ့စေရပါဘူး
ဒီညတော့ခွင့်လွှတ်ပါကိုကို

ကောင်းတံခါးလေးဖွင့်ပေးတော့ အိမ်ထဲကိုအရှိန်နဲ့မောင်းဝင်သွားတဲ့ကိုကို ကားပေါ်ဆင်းလာပြီးကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်း အိမ်ထဲဆွဲခေါ်သွားတယ် ကိုကိုမူးနေလို့ဖြစ်မယ် ကိုကိုဆွဲသွားတာကျွန်တော့်လက်ကောက့ဝတ်တောင်နီရဲလို့

" လိုက်ခဲ့ကွာ...ဘာတဲ့ ငါ့ကိုမချစ်ဘူး ခြူစားတာဟုတ်လား  မင်းနဲ့တန်ရအောင်တော့ ငါလုပ်ပေးရမှာပေါ့ "

ကိုကိုပြောလိုက်တဲ့စကားတွေက ကျွန်တော့်ကိုခြေစုံရပ်မိအောင်ဆွံ့အံ့သွားစေပြန်တယ် သေချာတယ်ကိုကိုကျွန်တော့်ကိုအခန်းထဲခေါ်သွားနေတာပဲ
နောက်ဆုံးညအနေနဲ့ နောက်ဆုံးအနေနဲ့ ကိုကို့ဆန္ဒကိုလိုက်လျောပေးပါ့မယ် မနက်ဖြန်ဆိုရင် ကို့ကို့ဘဝရဲ့အနှောင့်အယှက်လေးပျောက်ကွယ်သွားပေးပါ့မယ်

အရိပ်လေး (complete) (Uni+zawgyicode)Donde viven las historias. Descúbrelo ahora