{၁၇}U/Z

93.2K 10.2K 1.7K
                                    

UNICODE

ရန်ကုန်မြို့အိမ်ရာထဲက အိမ်တော်တော်များများက ခြံနှင့်ဝန်းနှင့်ဖြစ်သည်။
လူတန်းစားသုံးမျိုးရှိသည်ဆိုပါစို့။
အထက်တန်းစား၊အလယ်လတ်တန်းစားနှင့် ဆင်းရဲသား။
အိမ်ရာဝန်းအတွင်းနေနိုင်သူများက အထက်တန်းစားများဟုဆိုနိုင်သည်။အခြေကျသည့်စီးပွားရေးကြီးကြီးတစ်ခုရှိပြီး သိန်းရာချီထောင်ချီတန်သည့် အိမ်နှင့်ခြံမျိုးကိုဝယ်နိုင်သည့်သူများပင်။
သို့သော် အထက်တန်းစားဟုပြောသည်နှင့် စိတ်ဓာတ်မြင့်မားလှသည့်လူမျိုးတော့ဟုတ်ချင်မှဟုတ်လိမ့်မည်။သပ်ရပ်စွာဝတ်ထားသည့်ကလေးနှင့် ကောင်းမွန်စွာဝယ်မဝတ်နိုင်သည့်ကလေးနှစ်ယောက်ကို ယှဉ်ခဲ့လျှင်တောင် သပ်ရပ်သည့်ကလေးကိုသာ ကလူမြူလိမ့်မည်မှာအသေအချာပင်။

အတန်းစားနှင့်ပက်သတ်၍ စိတ်ဓာတ်အတန်းစားနှင့် နေထိုင်ပုံအတန်းစား ၏မတူညီမျှပုံကိုတော​့ခွဲခြားသိရန်လိုပေသည်။

ဥဿ၏အခြေအနေသည် အိမ်ရာဝန်းအတွင်းရှိနှစ်ထပ်တိုက်တွင် နေနိုင်သည့်အခြေအနေ။
ဟိုင်းလပ်ကားကိုပေါ့ပေါ့ပါးပါး စီးနိုင်သည့် အထက်တန်းစား။
ဆေးရုံကပြန်လာပြီး အိမ်ရာအတွင်း ကားဝင်သည်နှင့်ဥဿအတွက် စိတ်ရှုပ်စရာတစ်ခုကစောင့်ကြိုနေသည်။
ခြံထဲရပ်ထားသည့်ကားကိုမြင်သည်နှင့် အဖေရောက်နေမှန်းသူသိလိုက်၏။

ဧည့်ခန်းထဲရှိ ဖုန်းခွက်ကိုကိုင်ကာ ဖုန်းပြောနေသည့် သူ၏ဖခင်။
ဦးကျောက်လုံး ကသူ့ကိုမြင်သည်နှင့် စကားကို လက်စဖြတ်ကာ ခွက်ခနဲ မြည်အောင် ဖုန်းကိုပစ်ချလိုက်လေသည်။

"အဖေ... ဘယ်တုန်းက.."

"ဘယ်ကပြန်လာတာလဲ?"

"အလုပ်ကိစ္စအပြင်ခဏသွားတာ"

ဦးကျောက်လုံးက ခြေတစ်ဖက်သိပ်မသန်။ထို့ကြောင့် တုတ်ကောက်ဖြင့်အမြဲသွားရသည်။
ဥဿဦးဆီကို လှမ်းလာတာကြောင့် တုတ်ကောက်သံ က တဒေါက်​ေဒါက်မြည်နေ၏။
ဥဿဦးအနီးကိုရောက်သည်နှင့် ထိုတုတ်ဖြင့် ခြေထောက်ကိုဖြတ်ရိုက်လိုက်လေသည်။
"တက္ကသိုလ်ဝင်းထဲမှာ မင်းသောက်လုပ် ဘာရှိလဲ?"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now