To Start

26 3 3
                                    

"သားငယ်လေး   သားငယ်လေးသတိရလာပြီ"ဆိုတဲ့ အသံမှာပျော်ရွှင်မှုတွေခံစားလိုက်ရတယ်
ထိုအသံကသူ့ကိုဝမ်းနည်းစေတယ်
သူ့မျက်ဝန်းတွေဖွင့်လိုက်ချိန်မှာမြင်ရတဲ့မျက်နှာတွေကြောင့် မျက်ရည်တွေစီးကျလာတယ်
နောက်ထပ်ဘယ်တော့မှထပ်မတွေ့ရတော့ဘူးထင်ခဲ့တာ
သူ့မျက်ရည်တွေကြောင့်ယောက်ယက်ခတ်ကုန်တဲ့သူ့မိသားစုတွေကို သူဟာသူတို့ရဲ့အချစ်တွေစေတနာတွေနဲ့မတန်တဲ့စောက်သုံးမကျတဲ့ငတုံးငအတစ်ကောင်ဖြစ်ကြောင်းပြောပြလိုက်ချင်တယ်

"သားငယ်လေး နာနေရင် ခဏလေးသည်းခံနော် သားကိုကြီးဆရာဝန်ကိုဖုန်းဆက်ခေါ်ထားပြီးပြီခဏနေရင်ရောက်လာလိမ့်မယ်"ဆိုပြီး သူ့ကျောပြင်ကိုဖွဖွလေးပွတ်သပ်ပေးရင်းနှစ်သိမ့်ပေးနေတဲ့ထိုအမျိုးသမီးရဲ့အသံကသူ့ကိုပိုဝမ်းနည်းစေတယ်

တောင်းပန်ပါတယ် တစ်ကယ်ကိုတောင်းပန်ပါတယ် အမေလို့နောက်ဆုံးအချိန်ထိမခေါ်ပေးနိုင်ခဲ့လို့ အမေ့စကားထက်အခြားသူတွေရဲ့သွေးထိုးစကားတွေကိုပိုယုံခဲ့လို့

သူ့စိတ်ထဲမှာတောင်းပန်စကားတွေဆိုရင်း သူ့အသိစိတ်ဟာပြန်လည်ပျောက်ကွယ်သွားခဲ့တယ်
သူ့အသိစိတ်တွေပျောက်ဆုံးနေချိန်မှာသူအိမ်မက်အရှည်ကြီးမက်ခဲ့တယ် အိမ်မက်ဆိုးအရှည်ကြီးပေါ့
ရှည်လျားတဲ့အိမ်မက်တစ်လျှောက်သူဟာနာကျင်စွာနဲ့စီးမျောခဲ့တယ်
ထိုအိမ်မက်ထဲမှာသူဟာတစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးခဲ့မိတယ်
ထိုသူရဲ့အချစ်ကိုရဖို့အရာအားလုံးကိုပေးဆပ်ခဲ့တယ်
ထိုသူကိုချစ်မြတ်နိုးမိတဲ့အတွက်ကြောင့်ဘဲသူဟာသူ့မိသားစုအပါအဝင်အရာအားလုံးကိုဆုံးရှူံးခဲ့ရတယ်
အရာအားလုံးဟာသူ့အမှားတွေပါဘဲ
သူဟာထိုသူကိုမချစ်ခဲ့မိရင်
ထိုသူ့ကိုချစ်မိတဲ့အချစ်တွေကြောင့်သူသာကန်းမနေခဲ့ရင်သူ့မိသားစုကဒီလိုကံကြမ္မာမျိုးနဲ့ကြုံတွေ့ခဲ့ရမှာမဟုတ်ဘူး
ထိုသူရဲ့ရန်သူဆီမှာပြန်ပေးဆွဲခံရပြီးနှိပ်စက်ညှင်းပန်းခံနေရချိန်ထိုသူလာကယ်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကြိုးစားပြီးအသက်ရှင်နေခဲ့တယ် ဘယ်လောက်နာကျင်ရနာကျင်ရလက်မလျှော့ခဲ့ဘူး
ဒါပေမယ့်သူ့ရဲ့နောက်ဆုံးအချိန်ထိတိုင်အောင်ထိုသူဟာရောက်မလာခဲ့
သူသေဆုံးပြီးနောက်ခုနစ်ရက်တိုင်ထို့သူ့အနားမှာလေလွင့်ဝိညာဉ်အနေနဲ့ငရဲကျခဲ့တယ်
ထိုသူဟာသူ့ကိုကယ်တင်နိုင်ရက်နဲ့မကယ်ခဲ့
သူ့မိသားစုကြုံရမယ့်လုပ်ကြံမှုကိုသိရက်နဲ့မပြောခဲ့
သူ့နောက်ဆုံးအချိန်မှာထိုသူဟာအမျိုးသမီးငယ်တစ်ယောက်ကိုပွေ့ဖက်ရင်းပျော်ရွှင်ရယ်မောနေခဲ့မှန်းမြင်တွေ့လိုက်ရတယ်
သူသေဆုံးပြီးနောက်ခုနစ်ရက်အကြာ ထိုသူ့အနားကနေထာဝရပျောက်ကွယ်မသွားခင်မှာထိုသူ့အပေါ်ထားရှိတဲ့သူ့ချစ်မြတ်နိုးမှုတွေဟာသံသရာထိတိုင်အောင်ကုန်ဆုံးသွားခဲ့တယ်
ထိုသူနဲ့ပက်သတ်ဆက်နွယ်သောချစ်ခြင်းမုန်းခြင်းခံစာချက်တွေပါသူ့မှာပျောက်ဆုံးသွားခဲ့တယ်
သူသာထိုသူ့ကိုမချစ်ခဲ့မိရင်
သူသာထိုသူ့ကိုမမြတ်နိုးခဲ့မိရင်
သူ့ဝိညာဉ်ထိုသူ့အနားကနေအလုံးစုံပျောက်ကွယ်သွားပြီးနောက်သူ့အသိစိတ်ကလွဲရင်မည်သည့်အရာမှတည်ရှိမနေတဲ့အမှောင်ထုထဲရောက်ရှိခဲ့တယ်
ထိုနေရာကသူ့ကိုရွေးချယ်ခွင့်ပေးခဲ့တယ်
ပျော်ရွှင်မှုတွေချမ်းသာမှုတွေပြည့်နေတဲ့ဘဝသစ်မှာ​​မွေးဖွားခွင့် နောက်တစ်ခုကဘဝပေါင်းများစွာပြန်လည်ဝင်စားခွင့်ကိုစွန့်လွှတ်ပြီးသူ့အရင်ဘဝကိုပြန်ဝင်စားခွင့်
သူပြန်ဝင်စားခွင့်ကိုရွေးချယ်ခဲ့တယ်
ရလာဒ်အနေနဲ့အမှောင်ထုထဲမှာနေ့ရက်အချိန်တွေမသိအောင်လျှောက်လှမ်းခဲ့ရတယ်
တစ်ကယ်လို့သူ့အသိစိတ်သာပျောက်ဆုံးခဲ့ရင်သူ့ဝိညာဉ်ဟာတစ်စစီပြိုကွဲသွားပြီးနောင်ဘယ်တော့မှမွေးဖွားခွင့်မရှိတော့ဘူး
ဝိညာဉ်ပြိုကဲခြင်းလား ဘယ်အရာကသူခံစားခဲ့ရတဲ့အရာတွေထက်ပိုပြီးသူ့ကိုနာကျင်စေမှာလဲ
သူနေ့ရက်တွေနှစ်တွေရေတွက်မရအောင်အမှောင်ထုထဲရှေ့ဆက်နေခဲ့တယ်
အသိစိတ်ပျောက်ဖို့လား...သူ့စိတ်ဝိညာဉ်ထဲထိနာကျင်မှုတွေကအရာအားလုံးကိုမမေ့ပျောက်ဖို့သူ့ကိုသတိပေးနေခဲ့တယ်
သူ့မိသားစုအတွက် သူပြန်ပေးဆပ်ရမယ့်အရာတွေအတွက် သူပြန်စတင်ချင်တယ်
သူပြန်ပေးဆပ်ချင်တယ်
နောက်ဆုံးသူအောင်မြင်ခဲ့တယ်
စိတ်ချပါဒီဘဝမှာတော့ ခင်ဗျားအပေါ်ဘယ်တော့မှခံစားချက်တွေရှိလာမှာမဟုတ်တော့ဘူး
အဖေ အမေ အကိုကြီး အကိုလတ် မမငယ်
ကျွန်တော်ဒီဘဝတော့ကျိန်းသေကာကွယ်ပေးပါ့မယ်
ကံကြမ္မာဟာအသစ်ကတစ်ဖန်ပြန်စတင်တယ်
ဇာတ်သိမ်းတွေဟာတူညီပါဦးမလား

NEVERWaar verhalen tot leven komen. Ontdek het nu