Part - 6

710 44 0
                                    

🌨🎈 နိုင်းစေမာန်ရဲ့ တိတ်ဆိတ်ခြင်းကလေးငယ်🎈🌨
  Part - 6

နန်းဒေဝီ.." မာန်..မာန့်သားကို စည်းရုံးပါဦး မြန်မာနိုင်ငံမှာရှိနေပြီးတော့ ဘာမှလည်းအားမကိုးရဘူး "

တစ်ဖြည်းဖြည်း ယိမ်းယိုင်လာသော မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းများအတွက် ဒေါ်နန်းဒေဝီ စိတ်ပူစွာ ယောက်ျားဖြစ်သူကို အပူကပ်မိသည်...
လက်တလောတွင် မြန်မာနိုင်ငံတွင်းမှ လှုပ်ရှားမှုများအား နှောက်ယှက်သူများ ရှိနေရပြီး အနီးကပ် ဦးဆောင်ပေးနိုင်မည့်သူ မရှိရပေ...

ဦးဆက်နေမာန်.. " နန်းရယ် သားငယ်က သူ့ဘာသာနေတတ်သလိုနေတာကို ငါဘာမှမပြောချင်ဘူး အတင်းလည်းဘာမှမတိုက်တွန်းချင်ဘူး "

နန်း.." မာန်နော် မာန့်သားတွေကို အရမ်းအလိုလိုက်တယ်... နန်းမပြောချင်ဘူး အခုလည်း မာန့်သားကိုလွှတ်ထားတာ ဘယ်လောက်ကြာပြီလဲ တကယ်ဆို သူဦးဆောင်ပေးသင့်တာပေါ့ "

Berlin မှာနေထိုင်ပြီး နိုင်ငံတော်တော်များများမှာ စခန်းခွဲများထားကာ တရားမဝင် တရားဝင် လုပ်ငန်းတော်တော်များများလုပ်ကိုင်နေသူ ဦးဆက်နေမာန်.. မိန်းမဖြစ်သူ၏ စကားများကြောင့် ခေါင်းပင်ခဲလာရသည်...

ဘယ်သူကရော ကိုယ့်သားတစ်ယောက် လုပ်ငန်းဦးဆောင်ပေးသည်ကိုမလိုချင်မှာလဲ...သို့သော်လည်း သားဖြစ်သူကိုယ်တိုင်က သူနှင့်မတူ...နူးညံ့သည်... ပြဿနာတစ်ခုခုရင်ဆိုင်ရလျှင် သူက လက်ဖြင့်ဖြေရှင်းတတ်ခဲ့သည်က ငယ်စဥ်ကလေးဘဝကတည်းက သို့သော် သားငယ်ဖြစ်သူက စကားဖြင့် ထိန်းကျောင်းကာ ညှိနှိုင်းဖြေရှင်းတတ်သူ... ပြောရလျှင် သားငယ်ဖြစ်သူက သူ့အမေနှင့်တူခြင်းဖြစ်သည်...

နန်း.. " ဘာလဲ သားအကြောင်းပြောလို့ မိသက်ရှည်ကိုလွမ်းသွားပြန်တာလား "

ဦးဆက်နေမာန်.. " နန်း...ငါနားချင်ပြီကွာ...ငါ တစ်ဖြည်းဖြည်းချင်း သားငယ်ကိုဖြောင်းဖြပါ့မယ်...တကယ်တော့ ငါလည်း သားငယ်ကို ဦးဆောင်စေချင်တာပါပဲ သူမဝင်ချင်တဲ့ ဒီလိုအမှောင်နယ်ပယ်ကို ငါကလည်း..."

🌨🎈 တိတ်ဆိတ်ခြင်းကလေးငယ် 🎈🌨Where stories live. Discover now