Ninth🌻🍂

963 190 11
                                    

Unicode


လက်ထဲမှာကိုင်ထားတဲ့ အပ်တွေချည်တွေအဝတ်စတွေကို ကိုင်ရင်း ဆောနူ တဖြည်းဖြည်းစိတ်လေလာသည်။

နေပါဦး သူကယောင်္ကျားလေးလေ

ဒီလိုလက်မှုပညာတွေထိပါ တတ်ဖို့လိုလို့လား။

စိတ်ထဲကနေ အမျိုးစုံကျိန်ဆဲချင်နေပေမဲ့ ပါးစပ်ကတော့ မထွက်ရဲပါ။

ဆောနူရဲ့သင်ကြားရေးကို တာဝန်ယူထားတဲ့ ဘေးမှာထိုင်နေတဲ့အထိန်းတော်ကြီးရဲ့မျက်နှာ​က ခပ်တင်းတင်း။


"ကြင်ယာတော်အနေနဲ့ လက်မှုပညာမှာစိတ်ဝင်စားမှုမရှိတာကို သိပါတယ်။ ဒါပေမဲ့ ယောင်္ကျားလေးဖြစ်နေလို့ဆိုပြီး ကျော်သွားလို့မရပါဘူး တော်ဝင်မိသားစုရဲ့ ကြင်ယာတော်တစ်ယောက်အနေနဲ့ ယောင်္ကျားလေးဖြစ်သည်ဖြစ်စေ မိန်းကလေးဖြစ်သည်ဖြစ်စေ တတ်ကိုတတ်ရမှာမို့ သေချာလေးစိတ်ကိုစုစည်းပေးပါ"

ဆောနူအတွေးတွေကို သိနေသည့်အလား ထုတ်ပြောလာသည့် အထိန်းတော်ကြီးစကားကြောင့် အံ့ဩရပြန်သည်။

​ကျောင်းသွားချိန်ကလွဲရင် ကျန်တဲ့ကျောင်းအားချိန်တွေ၊ ကျောင်းပိတ်ရက်တွေမှာ နန်းဓလေ့တွေနဲ့အတူ ကျင့်ဝတ်တွေ၊အတတ်ပညာတွေကို သင်ကြားရသည်။

ဓလေ့တွေ၊ကျင့်ဝတ်တွေက အဆင်ပြေပေမဲ့
ဒီလိုလက်မှုပညာတွေကတော့ နဂိုတည်းကစိတ်မဝင်စားသော ဆောနူအဖို့အတော့်ကိုခက်ခဲနေသည်။

ဘာပဲဖြစ်ဖြစ် သူကယောင်္ကျားလေးပဲလေ။






တစ်မနက်လုံး ထိုင်ပြီး ဒါကြီးတွေပဲ သင်နေရတာ တစ်ကိုယ်လုံးလည်းညောင်းတောင့်နေပြီ။

​ကိုက်ခဲစပြုလာသည့် ခါးကိုလက်နဲ့တစ်ချက်ထုလိုက်ရင်းဟင်းခနဲသက်ပြင်းတစ်ချက်ချကာ လက်ထဲက ထိုးလက်စချည်တွေဆီ အာရုံပြန်စိုက်ဖို့ကြိုးစားမိသည်။







"မိဖုရား ကြွလာတာပါလား?"

ဘေးက အထိန်းတော်ကြီးက ရုတ်တရက်ထနှုတ်ဆက်လို့ မော့ကြည့်မိတော့ သူတို့ရှေ့မှာ အိမ်ရှေ့စံရဲ့မယ်တော်မိဖုရား။



His Majesty's Blond|SUNKIWhere stories live. Discover now