Unicode Version

118 13 2
                                    

သူ့နာမည်ကို မင်းရဲ့မှတ်စုစာအုပ်ထဲမှာ အကြိမ်ကြိမ်ချရေးနေခဲ့မိမယ်ဆိုရင် မင်းသူ့ကိုချစ်မိနေပြီ။

Kris Wu, Kris Wu, Kris Wu,
Kris Wu, Kris Wu, Kris Wu,
Kris Wu, Kris Wu, Kris Wu,
Kris Wu, Kris Wu, Kris Wu,
Kris Wu, Kris Wu, Kris Wu,
Kris Wu, Kris Wu, Kris Wu,
Kris Wu, Kris Wu, Kris Wu,
Kris Wu.........

ဟင်.. ကျနော့် စာအုပ်နောက်ကျောတစ်ခုလုံး သူ့နာမည်တွေ အပြည့်ပါလား

သူ့နာမည်ကို ခပ်တိုးတိုးလေး ရေရွတ်မိလို့ မင်းရဲ့ပါးပြင်နှစ်ဖက်လုံး ပူထူသွားခဲ့မယ်ဆိုရင် မင်းသူ့ကို ချစ်မိနေပြီ။

"Kris.."

အို... ကျနော်ဘယ်လိုနေရမှန်းတောင်မသိတော့ဘူး။

သူ့အကြောင်းကို အမြဲတမ်းလိုလိုတွေးနေမိရင် မင်းသူ့ကို ချစ်နေမိပြီ။

ဟင်... မတွေးမိလောက်ပါဘူး.. အခုတောင် သူ့အကြောင်းမတွေးဘဲ စာကြည့်နေတာ.. အာ.. ဟင့်အင်း.. မတွေးဘူး မတွေးဘူး မတွေးရဘူး

အဲ့လိုတွေးမိတဲ့အကြောင်း ကိုယ့်ဘာသာကိုယ်သတိထားမိသွားတဲ့အချိန်မှာ မင်း နှုတ်ခမ်းတွေက အလိုအလျောက် ပြုံးလိုက်မိရင် မင်းသူ့ကိုချစ်နေမိပြီ။

"ဟေ့ရောင် တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ?"

"ဘာ.. ဘာမှမဟုတ်ပါဘူး" ကျနော့် သူငယ်ချင်းရဲ့အမေးကို ခပ်တိုးတိုးနဲ့ မြန်မြန်ဖြေပြီး ရှေ့က စာအုပ်ထဲ မျက်နှာအပ်ထားလိုက်ရသည်။ အို.. ကျနော် ပြုံးနေမိတာပဲ။

သူငယ်ချင်းတစ်ယောက်က သူ့နာမည်ကိုတပ်ခေါ်ပြီး မင်းကို စနောက်လိုက်မယ်ဆိုရင် မင်းသူ့ကို ချစ်နေမိပြီ။

"မင်းရဲ့ Kris ကြောင့်မလား?"

"အာ... ဘာတွေလာပြောနေတာလဲ? ရူးသွားပြီလား?"

"ငါ သိနေတယ်နော်.."

"ဟေ့ရောင် တိတ်တိတ်နေစမ်း"

မင်းနာမည်ကို သူခေါ်လိုက်တိုင်း မင်းနှလုံးသားက ဒိန်းခနဲ လှုပ်ရှားသွားရင် မင်းသူ့ကို ချစ်နေမိပြီ။

"Park Chanyeol"

ကျနော်အသက်ရှူဖို့တောင် မေ့သွားခဲ့ပြီ..

ကျနော် သူ့ကိုချစ်နေမိတာ သေချာသည်။ ကျနော် စိတ်ထဲတွင် ဝန်ခံပါသည်။ သို့သော် လက်တွေ့ပြင်ပတွင်တော့ လုံးဝ ဝန်မခံနိုင်ပါ။

When you're in LoveWhere stories live. Discover now