Miracle of Love

1K 82 19
                                    

written by Bunny_Chick

Miracle of Love

Unicode

မီး​ရောင်စုံများကြားထဲမှာ ​ပျော်ပါးကခုန်​နေတဲ့ လူ​တွေကိုကြည့်ရင်း မ​ပျော်နိုင်တာက​တော့ ကိုယ်။ ဒီရက်ပိုင်း ကိုယ့်အ​ပေါ် သူ့​ခြေလှမ်း​တွေပျက်​နေတာကို ရိပ်မိတာမို့ သူသွားတဲ့​နောက်ကို လိုက်​ချောင်းမိ​တော့ ထင်ထားတဲ့အတိုင်းပင်။

မျက်စိ​ရှေ့က မြင်ကွင်းကိုကြည့်ရင်း အံ့ကိုတင်းတင်းကြိတ်မိသည်။ ကြင်ကြင်နာနာနမ်းရှိုက်​နေကြတဲ့ သူတို့နှစ်ဦးက​တော့ ​အ​မှောင်ကျကျ​စားပွဲဝိုင်းတစ်ခုမှာထိုင်ကြည့်​နေတဲ့ကိုယ့်ကို မြင်ပုံမရ။ ကိုယ်ပိုင်အချစ်ကမ္ဘာထဲမှာ​ပျော်​မွေ့​နေပြီး ပတ်ဝန်းကျင်ကို​မေ့ထားပုံ​ပေါ်သည်။

ငါက မင်းအတွက် ကစားစရာ လူတစ်​ယောက်ပဲလား။

မီ​ယောင်း မင်းသိပ်လုပ်ရက်တယ်။

"​တောက်"

ကိုယ့်အ​တွေးနဲ့ကိုယ် ပူ​လောင်​နေတုန်း ​ဘေးနားက တက်​ခေါက်သံ​ကြောင့် ​ဘေးကလူကိုကြည့်မိ​တော့ ​ရှေ့ကမြင်ကွင်းတစ်ခုကို မီးဝင်းဝင်း​ထတောက်​တော့မတတ် ကြည့်​နေတဲ့ လူတစ်​ယောက်။ ​​​သေချာ​ပြောရရင် ​ကောင်​လေးတစ်​ယောက်။ စူးစမ်းစိတ်နဲ့ သူကြည့်​နေတဲ့​နေရာကို လိုက်ကြည့်မိ​တော့ သူ့အကြည့်​တွေက မီ​ယောင်းနဲ့သူ့ရည်းစားအသစ်တို့ဆီမှာ။

သူနဲ့က မီ​ယောင်းတို့အတွဲနဲ့ဘယ်လိုပတ်သတ်​နေတာလဲ ?

ကြည့်ရတာ အသက်ငယ်​သေးမယ့်ပုံ။ အလွန်ဆုံးရှိလှ အထက်တန်း​ကျောင်းသား​လောက်ဖြစ်မည်။ ​စားပွဲ​ပေါ်က အရက်ခွက်ကို လက်လှမ်း​နေတာမို့ ထို​ကောင်​လေးရဲ့ လက်​ကောက်ဝတ်ကို လှမ်းဖမ်းလိုက်​တော့ မျက်​မှောက်ကုတ်ပြီး ပြန်ကြည့်လာ၏။

"ဟိတ် မင်းအသက်​လေးနဲ့ ဝီစကီအပြင်း​တွေမ​သောက်သင့်ဘူး ​ကောင်​လေး"

"ကျွန်​တော့်ဘာ ကျွန်​တော်​သောက်တာ ခင်ဗျားနဲ့ ဘာဆိုင်လဲ !"

HunHo Shot Story CollectionWhere stories live. Discover now