ဦးငယ်

557 68 38
                                    

written by Hunho0194

Zawgyi

" အခန်းထဲမှာ ဧည့်သည်ရောက်နေတယ် ဘော့စ်  "

ပြုံးတုံ့တုံ့ မျက်နှာဘေးနဲ့ ပြောနေတဲ့
အတွင်းရေးမှူးမလေး ကို ကြည့်ပြီး ဆယ်ဟွန်း
လေပူ တစ်ချက်မှုတ်ထုတ်လိုက်မိတယ် ။

အစည်းအဝေးမှာ ရှယ်ယာရှင် တွေ ငြင်းခုံနေတာ
နားထောင်ပြီး စိတ်ရှုပ်လာပါတယ်ဆို ချီးထုပ်လေးက
ရောက်နေပြန်ပြီ

"ဦးငယ် သား ရောက်နေတယ် "

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ သူ့ထိုင်ခုံကိုအပိုင်စား
ယူပြီး ငြိမ့်နေတဲ့ ကောင်လေး က အသံတဆာဆာနဲ့
စကားတွေပြောလာပါပြီ ။

ဒီ သာလိကာ လေး ကို တစ်ခွန်းမေးတိုင်း
တစ်ခွန်းဖြေသာလုပ်မိရင်  စကားတွေ တတွတ်တွတ်
ပြောနေမှာ သိတာမို့ ​ စကားမပြန်ဖြစ်

အလုပ်စားပွဲ ကိုကြည့်လိုက်တော့ ရှင်းမလိုနဲ့
ရှုပ်ယှက်ခပ်နေတဲ့ စာရင်းစာရွက်တွေ စာအုပ်တွေ က
ပလုံစီ ။

"ကိုယ့်စားပွဲကို မရှုပ်နဲ့လို့ ပြောထားရက်နဲ့ဂျွန်မြောင်ရာ"

အလိုမကျဟန်လေး နည်းနည်းပြလိုက်တာနဲ့
နှုတ်ခမ်းကြီးဆူပြီး မျက်မှောင်က​ကြုတ်လို့ . .

"ဦးငယ် က လဲ သားက စေတနာနဲ့ ရှင်းပေးတာကိုး "

"မင်း စေတနာက ကိုယ့်အတွက် ဝေဒနာဖြစ်. ."

"ဦးငယ် က ငြိုငြင်တာလား ပြော ! "

"ဟောဗျာ. . "

စားပွဲခုံကို ဒုန်း ခနဲ ထုပြီး ​ဆူဆောင့်လာတော့
သက်ပြင်းချကာ စကားလွှဲရပြန်ပါတယ် ။

"ထားပါတော့ကွာ ဒီကို ရောက်လာရင်းကိစ္စပဲ
ပြောတော့ "

"သား က ဦးငယ်နဲ့ ထမင်းအတူစားမို့ လာတာ "

"ကိုယ် စောစောကမှ ပီဇာ မှာစားထားတာ "

HunHo Shot Story CollectionWhere stories live. Discover now