Ep 21 🍃

6.4K 609 7
                                    

Zawgyi...

ခန့်ဦးနဲ့ ခွန်းညိုတို့၂ယောက်လည်း အရင်ဆုံး
မျှော်စင်ဘက်ထွက်လာလိုက်သည်။ ခန့်ဦးကတော့
အောက်ဘက်မှာ ကင်းစောင့်ပြီးကျန်နေခဲ့၏။
ခွန်းညိုကမျှော်စင်ပေါ် တက်လာတော့
ကင်းစောင့်နေတဲ့သူကိုတွေ့သည်။
နောက်ကနေ ဓားနဲ့ တချက်ပဲ လည်ပင်းကို
လှီးလိုက်တယ်။ ပြီးတော့ အချက်ပေးကိရိယာတွေကို
ပိတ်လိုက်သည်။ ဘယ်အချက်ပေးကိရိယာမှ
အလုပ်မလုပ်တော့တာ သေချာမှ ပြန်ဆင်းလာသည်။

ပြီးတော့ ၂ယောက်သား လက်နက်ဂိုထောင်ဆီ
ထွက်လာသည်။
ခပ်လှမ်းလှမ်းကနေ ကြည့်လိုက်တော့
အစောင့် ၂ယောက် ဘယ်ပြန်ညာပြန်
လျှောက်နေတယ်။ ခွန်းညိုက ချဉ်းကပ်ဖို့
ပိုလွယ်တာမို့ ကိုယ်ပေါ်က လက်နက်တွေချပြီး
ပစ္စတိုကို ခါးကြားထိုးပြီး ထွက်သွားသည်။

"မင်းတို့၂ယောက်ကို
ခေါင်းဆောင်ခေါ်နေတယ်..မင်းတို့
သွားနေတုန်း ငါ့ကို ဒီမှာခဏစောင့်ခိုင်းထားတယ်..."

ဟို၂ယောက်လည်း ခွန်းညိုကိုကျောပေးပြီး
အထွက် silencer တပ်ထားတဲ့ သေနတ်က
ခပ်အုပ်အုပ်အသံ၂ချက်ထွက်အပြီးမှာ
လဲကျသွားတဲ့ လူ၂ယောက်။

ခွန်းညိုလည်း ခန့်ဦးရှိတဲ့ဘက်ကို အသာ
လက်လှမ်းပြရင်း လာဖို့ခေါ်လိုက်တယ်။
ခန့်ဦးလည်းပစ္စည်းတွေသယ်ပြီး ဂိုထောင်ဘက်
လျှောက်လာသည်။ မကျေမနပ်နဲ့ အသာ
ပြောလိုက်သေးသည်။

"မင်းမေငိုးကောင်ရဲ့..သူကျ ပစ္စတိုလေးကိုင်ပြီး
ကော့ကော့နဲ့ထွက်သွားတယ်..ငါ့ကျ ပစ္စည်းတွေ
သယ်ခိုင်းတယ်..လေးတယ်မြေနိုးရ.."

"မင်းမလဲ အားနေဆဲနေတော့တာပဲ..
ကြမ်းတမ်းလိုက်တာ.."

"ဆဲတယ်ကွာ ဘာဖြစ်လဲ.."

ပြောနေရင်းလုပ်ငန်းစရတော့သည်။
ဂိုထောင်ထဲဝင်ပြီး ဓာတ်ဆီပုံးတွေကို နေရာအနှံ့
ပက်ပြီးအပြင်ထွက်လာတော့ တံခါးဘက်ကနေ
မီးခြစ်တွေပစ်ထည့်ပြီး ၂ယောက်သား
လွတ်ရာကျွတ်ရာပြေးရတော့သည်။

ပြီးတာနဲ့ ခန့်ဦးကချက်ချင်းကို ဂိုထောင်နားက
အဆောက်အဦးပေါ်တက်လို့ စတင်းဂန်းထောင်ပြီး
နေရာယူထားလိုက်သည်။ ၂ဖက်ကရောက်လာမယ့်
ရန်သူတွေကို အသင့်ချိန်ထားပြီးသား။
ခွန်းညိုကတော့ ထွက်သွားပြီ။

My husband has changed 🍃🍃(completed)Where stories live. Discover now