More than Just Friend (Part - 1)

393 23 2
                                    

#UNICODE

Sweet Love In Just Friend's Area

Part - 1

More than just friend (PP's POV)

ကျွန်တော်တို့နှစ်ယောက်က သူငယ်ချင်းတွေ .... တော်တော်များများလဲ ​သိပြီးကြသလိုပဲ
စိတ်တူကိုယ်တူ အကြိုက်တူပြီး ရင်ဘတ်ချင်းအရမ်းနီးတဲ့ သူငယ်ချင်းတွေလေ

မသိတ​ဲ့သူတွေဆို ကျွန်တော်တို့ကို တွဲနေကြတာလားလို့ ခဏခဏအမေးခံရတဲ့အထိကို ရင်းနှီးကြလို့ အထင်လွဲခံရတာလဲ ခဏခဏပါပဲ

ဒါပေမယ့် အကြောင်းပြချက်ပေးပြီး ဖြေရှင်းစရာမလိုပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အရင်းနှီးဆုံး သူငယ်ချင်းဆိုတာကို ကျွန်တော်တို့ကိုယ်တိုင်က အသိဆုံးပဲလေ

သူလဲ အဲ့လိုလက်ခံထားမယ်လို့ ယုံပါတယ်

ဒီမှာကြည့်ပါဦး ငါမနေ့က တင်ထားတဲ့ ig story မှာ မင်းရဲ့လက်ပုံပါသွားတာလေ အဲ့ဒါကို ဒီတစ်ယောက်က ငါတို့ကို couple လို့ အထင်လွဲပြီး လာမေးနေပြန်ပြီ bk ရေ ဆိုပြီး လက်တို့ပြီး သွားပြောတော့ သူက ခေါင်းခါပြရင်း ရယ်ပဲရယ်နေတယ်လေ

အဲ့လိုမျိုး သူရဲ့ ဘာသိဘာသာ အပြုအမူပုံစံမျိုးကို တခါတလေ စိတ်အနှောက်အယှက်
မဖြစ်ဘူးလားလို့ လာမေးရင် ဟင့်အင်း လုံးဝမဖြစ်ပါဘူးလို့ ပြန်​ဖြေလိုက်ရင် လိမ်ရာကျမယ် ထင်တယ်နော်

အမှန်တိုင်းပြောရရင် အင်း... နည်းနည်းလေးပေါ့မဆိုစလောက် နည်းနည်းလေးတော့ စိတ်အနှောက်အယှက်ဖြစ်တယ်လို့ ဖြေရမှာပေါ့နော်
ဘာလို့လဲဆိုတဲ့ အဖြေကိုတော့ ရေရေရာရာ မပြောတတ်ပါဘူး အဖြေမရှိတဲ့ ပုစ္ဆာပဲ လို့ပဲ ထားလိုက်ပါတော့

ဒါပေမယ့် အခုလိုမျိုး ကျွန်တော်နည်းနည်းလေး စိတ်ညစ်တဲ့ အမူအရာဖြစ်ဖြစ် ဝမ်းနည်းတဲ့ပုံစံလေးဖြစ်ဖြစ် ​ပြောင်းလဲသွားပြီး မျက်နှာတစ်ချက်ညိုးရင်ကို သူကတော့ ပြူးပြူးပြာပြာလေးနဲ့ ဂရုတော့စိုက်ရှာသား

အခုလဲကြည့် ရေခဲသေတ္တာထဲက ice-cream ချိုချိုလေး သွားယူလာပြီး ကျွန်တော့်ကိုခွံ့ကျွေးနေပြန်တယ်လေ

အခုလိုဂရုစိုက်ခံရတဲ့ အချိန်တွေမှာဆိုရင်လေ တကယ်ကို ကျွန်တော်ကတလောကလုံးကို ပိုင်ဆိုင်ထားရသလိုပဲ အပျော်တွေကို မထိန်းထားနိုင်တော့လို့ ကျွန်တော့်ရှေ့က ရေခဲမုန့်ခွံ့ကျွေးနေတဲ့သူကို တင်းတင်းကျပ်ကျပ်ကို လက်နှစ်ဖက်လုံးနဲ့ ဖက္ပစ်လိုက်တယ် သိလား

Sweet Love in Just Friend's AreaWhere stories live. Discover now