Part 1 Episode 1

8.1K 244 4
                                    

Part 1 Episode 1

တချို့လူတွေရဲ့ စိတ်ဓာတ်က ခူးဖို့မမီတဲ့စပျစ်သီးက ချဉ်တယ်ဆိုတဲ့ မြေခွေးလို့စိတ်ဓာတ်မျိုးတွေ ။

~ကျောင်းအသစ် ၊ သူငယ်ချင်းအသစ်

ပုံပြင်သစ် တစ်ယောက်ကျောင်းထဲကိုဝင်လာသည်။ သူ့အဖွဲ့နဲ့သူ အသားကျပြီးသားဖြစ်တဲ့ နာမည်ကြီးကျောင်းတစ်ခုကို အလယ်တန်း နောက်ဆုံးနှစ် ရောက်မှ ဝင်ရတာမို့
နည်းနည်းတော့ကြောက်သလိုရှိသည်။ ပုံပြင်သစ်ဟာ သာမန်ကောင်မလေးတစ်ယောက်သာ..  ။ သာမန်ဆန်တဲ့ ရုပ်ရည်၊ သာမန်အရည်အချင်း နဲ့ တကယ် သာမန်လူတစ်ယောက်သာဖြစ်သည်။

ကျောင်းကဖြေခိုင်းတဲ့ Placement Test အရ ပုံပြင်သစ်ဟာ တန်းခွဲ A မှာ တက်ဖို့အဆင့်မီတာကြောင့် အလယ်တန်းနောက်ဆုံးနှစ် တန်းခွဲ A ရဲ့ နောက်ဆုံးတန်းတွင်စာသင်ရမည်ဖြစ်သည်။

ဆရာမက ကျောင်းသူသစ်ဘာညာဆိုပြီး မိတ်ဆက်ပေးမှာလည်း အနေခက်တာမို့ ကျောင်းကိုစောစောလာပြီး သတ်မှတ်ပေးထားတဲ့ခုံတွင်ဝင်ထိုင်နေလိုက်သည်။

" ဒုန်း "

ပုံပြင်သစ်ရဲ့ ရှပ်ပြာရှပ်ပြာ လုပ်လေ့ရှိတဲ့ အကျင့်ကြောင့် ခြေထောက်လွှဲနေရင်း အရှေ့တန်းကကောင်မလေး တစ်ယောက်ရဲ့ လွယ်အိတ်ကို ကန်မိတော့သည်။

" အာ ... Sorry နော် "

" ရတယ် "

ဘောပင်ကိုက်ရင်းအတွေးနယ်ချဲ့နေတဲ့ ပုံပြင်သစ်တစ်ယောက် ပါးစပ်ထဲက ဘောပင်တောင်ပြုတ်ကျမတတ်ဖြစ်သွားသည်။

အရှေ့က ကောင်မလေးရဲ့ ဂုတ်မှာဝဲနေတဲ့ ဆံပင်နက်နက် ၊ မျက်လုံးလှလှ ၊ ဖြူပြီးကြည်လင်နေတဲ့အသားအရည် ၊ အပြုံးချိုချို
နောက်ပြီး ပုံပြင်သစ် အကြိုက်ဆုံး ပါးချိုင့်နက်နက်တွေထဲမှာပျော်ဝင်သွားပြီး ဖြစ်သည်။

" နင်က ကျောင်းသူ အသစ်လား "

" ဟင် ... အေး ဟုတ်တယ် ငါက ကျောင်းသူအသစ် "

" အော် ....  ငါ့နာမည်က ဆောင်းကဗျာ  "

" ငါက ..  "

" ပုံပြင်သစ်လေ "

" နင်ငါ့နာမည် ဘယ်လိုသိတာလဲ "

Enjoy Being A Villain [ Completed ]Where stories live. Discover now