ကြိုးတံတားရင်ခုန်သံ ~~~
ကောင်မလေးတစ်ယောက်ဟာ ကြိုးတံတားကိုဖြတ်ကူးရင်း တံတားထိပ်မှာရှိတဲ့ ကောင်လေးကိုမြင်ပြီး ရင်ခုန်မိပါသတဲ့ ~~။
xxx
" အစော !!!! "
" ဟေ ~ ပြော "
" ပင်လယ်ဓားပြ စီးရအောင် "
" ဟမ် ~ ထပ်ပြီး "
ပြောရမယ်ဆို စောသက် ကအငြိမ်သမား ၊ ကျောင်းပိတ်ရက်ဆို အခုလို ကစားကွင်းထဲမှာ ခုန်ပေါက်ကစားဖို့မပြောနဲ့ လမ်းထိပ်တောင် ရောက်တာမဟုတ်။ အခု ပုံပြင်သစ်ဆိုတဲ့ဟာမက ဒီနေမှ ဘထဖောက်မှန်းမသိ သိပ်ကို ကစားကွင်းသွားချင်လှပါပြီ ငါ့ ဒီကျောင်းမှာ သူငယ်ချင်းဆိုလို့ နင်ပဲရှိတာပါ ဆိုပြီး ပန်းနုသွေးထဆန်လို့ ကစားကွင်းကို လိုက်ခဲ့ရခြင်းဖြစ်သည်။ အခုလည်း တစ်ကွင်းလုံး ပတ်စီးပြီး မူးနောက်နေတာတောင် ဒုတိယ တစ်ကြိမ် ပင်လယ် ဓားပြထပ်စီးအုံးမယ်တဲ့ ~~~။
" သွားရအောင် အစော "
နောက်ဆုံးတော့ မူးနောက်နေရင်းနဲ့ပဲ စောသက်ဟာပင်လယ်ဓားပြလှေပေါ်ရောက်သွားခဲ့ပြီ။
~~~
" ဟဲ့အစော ပင်လယ်ဓားပြစီးတုန်းကလေ ငါ့အရှေ့ကကောင်လေးချောတယ် သိလား "
" အော် ~ အင်း "
" ဟဲ့ နင်မမြင်ဘူးလား "
" နင့်အမေငါက မူးနောက်နေတာလေ ပုံပြင်သစ်ရဲ့"
" ငါ အဲ့ကောင်လေးကို ရင်တွေခုန်လာတာ "
" ဟင် ~ အေး "
" လိမ္မာမယ့်ပုံလေး ~ ငါက ဒီတစ်ခါ အတည်ကြံပြီး တစ်ဘဝလုံးစားရည်ရွယ်တာပါ "
" ဘာ ! ! ! "
" ဟဲ့ ဘာဖြစ်တာလဲ "
" နင့်လို ခင်မို့မို့အေးကလေ တစ်ဘဝလုံးစာတောင်ရည်ရွယ်အုံးမှာ ဟုတ်လား "
" အေး ~ ဟုတ်တယ် ငါရင်တွေဘာတွေခုန်သွားတာ "
" မယုံတာ ၁၂ခါ "
××××
" ဟဲ့ အစော "
" ဘာလဲ "
YOU ARE READING
Enjoy Being A Villain [ Completed ]
Teen FictionAlternative Title ဗီလိန်အဖြစ်မွေ့လျော်ခြင်း _ ဗီလိန်အဖြစ်မွေ့လျော်ခြင်း ***This fiction is own creation***