Hanahaki [Changlix]

496 27 13
                                    

"Hanahaki Disease is a fictional disease in which the victim coughs up flower petals when they suffer from one-sided love"

•°•°•°•°•°•°🌸•°•°•°•°•°•°

Pairing - Changbin and Felix
Genre - Fantasy, Romance

Reference - Wikipedia

Playlist
- Hurt by T-ara

•°•°•°•°•°•°🌸•°•°•°•°•°•°

[Unicode]

"Felix ငါနဲ့တွဲမလား"

Changbin ရဲ့ စကားက Felix ဦးနှောက်ကို ခဏတာရပ်တန့်သွားစေသည်။

သောက်မလို့ရွယ်ထားတဲ့ကော်ဖီခွက်က လေထဲမှာတင် ရပ်တန့်သွားခဲ့ပြီး မျက်လုံးတွေက မျက်နှာချင်းဆိုင်က Changbin ကို အံ့သြစွာကြောင်ကြည့်နေမိသည်။

နွေးထွေးတဲ့ကော်ဖီဆိုင်လေးရဲ့လေထုက ရုတ်တရက်အေးစက်သွားခဲ့သည်။

ဖွင့်ပြောတဲ့အဓိပ္ပါယ်မျိုးသက်ရောက်နေတဲ့စကားကို ဆိုလိုက်တဲ့ ထိုကောင်လေးကတော့ တုန်လှုပ်သည့်အရိပ်အယောင်တောင်မပေါ်ပင်။ ကော်ဖီတစ်ငုံမော့သောက်ရင်း အေးဆေးတည်ငြိမ်တဲ့မျက်လုံးတွေနဲ့ Felix ကို စိုက်ကြည့်သည်။

ဟိုးအရင်တည်းက သဘောကျနေခဲ့ရသူမို့ Changbin ရဲ့ စကားကို ငြင်းစရာအကြောင်းမရှိပေမယ့် လက်ရှိအခြေအနေကိုတော့ မယုံနိုင်ဖြစ်နေခဲ့သည်။

Changbin hyung ရဲ့ ဖွင့်ပြောတာခံရဖို့ အသာထား... Changbin hyung ဘက်က သဘောကျနေခဲ့မယ်လို့တောင် လုံးဝမထင်ထားခဲ့။

ဒါဆို အခုကစပြီး အရာအားလုံးအဆင်ပြေသွားတော့မှာလား...။

နာကျင်မှုကို အကြာကြီးတောင့်ခံထားရတာ တန်တယ်ထင်ပါရဲ့။

ရင်ဘတ်ထဲက ပန်းတွေကို တစ်ယောက်ယောက်က ခူးဆွတ်သွားခဲ့သလိုမျိုး ခံစားလိုက်ရပြီး စိတ်သက်သာရာရသွားသည်။

ပထမဆုံးအနေနဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီ။

အေးမြတဲ့ညနေခင်းတစ်ခု....။
first date အနေနဲ့ ချယ်ရီပင်တွေအောက်က လမ်းငယ်လေးမှာ Changbin နဲ့ လက်ဖဝါးချင်းယှက်ရင်း ခြေလှမ်းတွေ ညှိရင်း လျှောက်ခဲ့ကြသည်။

You've reached the end of published parts.

⏰ Last updated: May 09, 2022 ⏰

Add this story to your Library to get notified about new parts!

Stray Stories || SKZ 1shotsWhere stories live. Discover now