Rent Boy {Ep-6}

1.6K 101 11
                                    


Unicode
ဘဝမှာ ဘာကိုအလိုချင်ဆုံးလဲလို့မေးရင် ဒီအငှားကောင်ဘဝကနေ လွတ်မြောက်ချင်တာလို့ပဲ ဖြေမိမှာ .. အရွယ်ရောက်နေပြီိပဲ ထွက်သွားလို့ရတယ် ထွက်ပြေးလို့ရတယ်ဆိုပေမဲ့ ဒီနေရာကနေ ရုန်းမထွက်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက မင်ယွန်းဂီ.. သူနဲ့ပြန်ပြေလည်မဲ့နေ့ကို စောင့်နေခဲ့တာ .. ငယ်ငယ်တုန်းကအတူတူနေခဲ့တဲ့သံယောဇဉ်ထပ် ကြီးလာတဲ့အခါမှာ တိတ်တခိုးချစ်နေမိတဲ့အတွက်ကြောင့် အတူတူရှိချင်နေခဲ့မိတာ .. သူ့ကိုသာမြင်နေရတွေ့နေရမယ်ဆိုရင် ဒီအငှားကောင် ဘဝမှာဆက်နေရလည်း ဖြစ်တယ် .. ကျနော်သူ့ကို အရမ်းချစ်တယ်

အခုတော့ မထင်မှတ်ထားတာက ယွန်းက ကျနော့ကို ခွင့်လွှတ်တဲ့အပြင် ချစ်ပါချစ်နေတာဆိုတော့ ဒီဘဝမှာ ကျနော်သေလို့ရပြီ
ခါတိုင်းတွေ့နေရတာထပ် အခုတော့ ချစ်သူတယောက်လို တွေ့ရမှာဆိုတော့ ကျနော်ရင်တွေတအားခုန်နေမိတယ် .. ရူးတော့မှာပဲ .. ယွန်းက အခုလာခေါ်မယ်ဆိုလို့ ခြံအပြင်တောင်ထွက်စောင့်နေမိတယ် .. မင်ဒုံဟွာကိုလည်း အကြောင်းကြားမနေတော့ဘူး .. နောက်ကိစ္စ နောက်မှရှင်းတော့မယ် ..

ကျနော်စောင့်ပြီးသိပ်မကြာပါဘူး .. ဆိုင်ကယ် ကလည်း အမဲနဲ့ အဝတ်အစားကလည်း All Black နဲ့ အသားရောင်အဖြူပေါ်မှာ ထင်းနေလေရဲ့ .. ကျနော်ချစ်ရတဲ့ ယွန်း .. ကျနော် လက်ပြနှုတ်ဆက်လိုက်တယ် .. ပြီးတော့ ကျနော့်ရှေ့မှာဆိုင်ကယ် ထိုးရပ်လိုက်ပြီး ဆိုင်ကယ်ဦးထုတ်ကို ချွတ်လိုက်တဲ့ပုံကအစ ဆွဲဆောင်မှုရှိနေလေရဲ့ .. ယွန်းရဲ့လှုပ်ရှားမှုတွေကို အသေးစိပ်ကအစ ငေးကြည့်နေမိတဲ့ ကျနော့ကို

" Bae ..ကြာပြီလားစောင့်နေတာ " မျက်နှာနားကို လက်ဖြောက်တီးပြီးမေးလာတော့မှပဲ အသိဝင်လာတော့တယ်။

" အင်း မကြာသေးပါဘူး .. ဒီတိုင်းပျင်းလို့ အိမ်ထဲကနေ လမ်းလျှောက်လာပြီး ခြံဝမှာစောင့်နေတာ "

ကျနော်ထွက်လာတော့ မင်ဒုံဟွာရဲ့လက်ပါးစေအကောင်တွေက မေးလားမြန်းလား လုပ်သေးတယ် .. မင်ယွန်းဂီ လာခေါ်မှာလို့ ပြောလိုက်တော့မှပဲ ငြိမ်ကျသွားတော့တယ် .. ဟင့် .. ယွန်းကိုတော့ ကြောက်ကြတယ်လေ ..

Rent Boy (အငှားကောင်)Where stories live. Discover now