အပိုင်း (3)

1.3K 81 0
                                    


အပိုင်း(3)

"နင်ပြန်လာပြီလား ရှောင်ကျန့်"

"ဝမ်ချင်.... "

"ဘာလဲ မမှတ်မိတော့ဘူးလား.."
"မှတ်မိတာပေါ့ "

"ကဲ ရှောင်လေး စကားပြောနေလိုက်အုန်း ဉီးလေးယွီဟိုဘက်ကို ခဏသွားကြည့်အုန်းမယ် "
"ဟုတ် ဉီးလေးယွီ"

"လာ အားယွမ့် ဉီးနဲ့လိုက်ခဲ့ "
"ဟုတ် ဉီးလေးယွီ"

ဉီးလေးယွီလည်း အားယွမ့်လေးကိုခေါပြီးထွက်သွားတယ်

"နင်အဆင်ပြေရဲ့လား နိုင်ငံခြားမှာ "

"ပြေပါတယ် "

ရှောင်ကျန့်လည်းစကားကိုခပ်အေးအေးလေးဘဲပြောလိုက်တယ် မျက်နှာမှာတော့ ပြုံးရုံလေးပေါ့

"ဒါနဲ့...ဝမ်ချင် နင်...ဝမ်လေးဆိုတာ သိလား သူဘယ်သူလဲ"

"သိတာပေါ့ဟ... သူ့နာမည်အပြည့်အစုံက.   ဝမ်ရိပေါ်လေ ငါတို့က ဝမ်လေးလို့ခေါ်တာ သူအသက်ကအခုမှ20ဘဲ  ရှိသေးတယ်"

"နင်ဘာလို့မေးတာလဲ "

"ဘာရယ် မဟုတ်ဘူး ပါးရော မားရော အဘွားကော ဉီးလေးယွီကောက သူ့ကိုချစ်နေကြတာဟာ ဝမ်လေးဝမ်လေးနဲ့ နေတယ်"

"နင်နိုင်ငံခြားသွားပြီး တပတ်အကြာမှာ ဝမ်လေးတို့မိသားစုဒီကိုလာနေတယ်လေဟာ "

"လာနေတယ်... ဘာလို့လဲ "

"ဉီးလေးယွီပြောတာက...ဝမ်လေးရဲ့ ပါးနဲ့မား ခရီးထွက်မှာမလို့ ဝမ်လေး ကိုခဏစောင့်ရှောက်ဖို့ ဒီကိုလာပို့တာ နေတာ ကြာတော့ ငါတို့တွေ ဝမ်လေးကိုအရမ်းခင်သွားတာ သူပြန်သွားတော့ ငိုတာ အရမ်းဘဲ အခုတော့မတွေ့ဖြစ်တော့ဘူး ကြာနေပြီ"

ရှောင်ကျန့်မျက်နှာကြီးကို စူပုတ် နေတာ ကို ဝမ်ချင်မြင်တော့

"နင့်မျက်နှာက ဘာဖြစ်တာလဲ ရှောင်ကျန့် "

"ဘာမှမဖြစ်ဘူး...နင်နဲ့လေ စကားပြောရတာ အဆင်ကိုမပြေဘူး "

ရှောင်ကျန့်လည်း သူသိချင်တာ မေးပြီးထွက်သွားတယ်

"ဘာ..ဘာ..ဘာပြောတယ် နင်ကလေ အဲ့အတိုင်းဘဲ သိချင်တာ မေးပြီးထွက်သွားတာ ငယ်ကအကျင့်ကို မပျောက်သေးဘူး "

အမုန်းဖြင့်ရစ်နှောင်ဖွဲ့မည့် ချစ်ခြင်း (Complete) Where stories live. Discover now