Ep-28(Final)

9.8K 340 35
                                    

Two week later
Jenတို့ဒီနေ့ကိုရီးယားကိုပြန်လာခဲ့တယ် jenတို့နှစ်ယောက်Americaမှာပျော်ပျော်ကြီးdateခဲ့ကြပြီးအနီးဆုံးမှာရှိခဲ့ကြတယ် darlingအပြုံးတွေ၊စကားပြောပုံတွေ၊ချစ်ကြောင်းပြတဲ့အမူအယာတွေက ကအစအကုန်ချစ်ဖို့ကောင်းတယ်jenကိုလည်းချွဲသေးတယ် ဘာကြောင့်အဲ့လောက်ချစ်ဖို့ကောင်းနေမှန်း jen မသိ jenရဲ့ကောင်လေးကjenအပိုင်ဘဲမကြာခင်ဘဲjenတို့လက်ထက်ကြတော့မှာလေ အတူတူအနားမှာရှိနေနိုင်တော့မှာ
ကိုရီးယားကိုပြန်ရောက်တော့ သတင်းစာရှင်းလင်းပွဲလုပ်မယ့်နေရာကိုသွားကြတယ် အထဲရောက်တော့သတင်းထောက်အများအပြားကရောက်နေပြီဆိုတော့jenနဲ့darlingလည်းဝင်သွားခဲ့လိုက်ပြီးထိုင်ရမယ့်ထိုင်ခုံမှာထိုင်လိုက်ကြတယ်
Man="datingသတင်းကအမှန်ဘဲလားခင်ဗျာliကုမ္ပဏီကceoနဲ့အဆိုတော်jennie kimနဲ့dateနေတယ်ဆိူတာ"
Jen-"ဟုတ်ပါတယ်အဲ့သတင်းကအမှန်ပါဘဲ"
ခမ်းမထဲကသတငိးထောက်တွေကဓာတ်ပုံတွေတဖျက်ဖျက်ရိုက်ပြီးမေးခွန်းတွေဆက်မေးကြပြန်တယ်
Man-"နှစ်ယောက်သားdateနေတာဘယ်လောက်ကြာပြီလည်းသိခွင့်ရှိမလား"
Jen="နှစ်ယောက်လူံးချစ်နေတာတော့လွန်ခဲ့တဲ့ငါးနှစ်ကတည်းကပါ စတွဲတာကတော့ li America က​​ပြန်လာတဲ့လွန်ခဲ့လအတော်အများလောက်ကမှစတွဲဖြစ်ခဲ့ကြပါ "
Man-"နှစ်ယောက်သားဘယ်အထိလက်တွဲသွားကြဖို့ရှိလည်းဗျ"
Jen-"လက်ထပ်ဖို့ကိုမိဘချင်းစီစဥ်ပြီးပါပီးရက်အတိအကျကိုတော့တစ်ချက်ပြန်ပြောပြပေးပါ့မယ်ဒီနှစ်ကုန်ပြီးလို့ရှိရင်တော့သိရမှာပါ"
Man="ceoကရောဘာများပြောချင်ပါသေးလည်း"
Li-"ဘာမှပြောစရာမရှိပါဘူး liအနားမှာ မ ရှိနေရင်ကိုရပါပီ"
Man-"ဟုတ်ကဲ့...ကျေးဇူးပါ
သတင်းစာရှင်းလင်းပွဲ​ကြီးလည်းပြီးရောအိမ်ကိုပြန်ခဲ့ကြတယ် အိမ်ရောက်တော့appaနဲ့ommaကအလုပ်ကိစ္စကြောင့်အိမ်ပြန်မရောက်ကြသေးဘူးလေ jenလည်းliကိုအိမ်ထဲဝင်စေလိုက်တယ် နှစ်ယောက်သားဆိုဖာပေါ်မှာထိုင်နေကြတယ်
Li-" မ liမနက်ဖြန်မအားဘူးနော်ရုံးတက်ရမှာမို့အလုပ်ကိစ္စတချို့နည်းနည်းရှိလို့မအားလောက်ဘူး"
Jen="darling ကလည်း မ ကိုတောင်လာမတွေ့နိုင်ဘူးလားဟင်"
Darlingရင်ခွင်ထဲကိုဝင်ကာချွဲ့နွှဲ့ပြီးပြောတော့
Li-" မ ရယ် liကဘယ်လိုနေနိုင်ပါ့မလည်း အခုကနောက်တစ်ပတ်အတွင်းအသစ်စမယ့်ဆောက်လုပ်ရေးအတွက်desingဆွဲရမှာမို့ပါ အချိန်ရတာနဲ့ မ ကိုလာတွေ့ပါ့မယ် မအားရင်လည်းliဖုန်းဆက်ပါမယ်နော် ဒီတစ်ပတ်ဘဲliကိုအချိန်ပေးပါနော် အလုပ်ကနောက်အပတ်စမှာမို့ပါနော် မ နော်"
Jen="ပြီးရော ဒါပေမယ့်ဖုန်းတော့အမြဲဆက်ပါနော် darlingကို မ အရမ်းလွမ်းနေမှာ"
Darling လည်တိုင်ကြားခေါင်းတိုးဝင်ကာအနမ်းခက်ဖွဖွပေးတော့
Li-"liလည်း မ ကိုမတွေ့ရရင်မနေနိုင်ပါဘူး မ ရယ် ဒါပေမယ့်တစ်ပတ်ပါဘဲနော် ခနဘဲသီးခံပေးပါ ချစ်တယ် မ"
Jen=" မ လည်းချစ်တယ် darling"
ခနနေတော့ခြံထဲကကားသံကြားတာနဲ့လူချင်းခွာလိုက်တယ်appaနဲ့ommaပြန်လာကြပြီ အဲ့တော့မှ darling က appa ommaတို့ကာနှုတ်ဆက်ပြီးပြန်သွားတယ်
One week later
တစ်ပတ်လုံးdarlingနဲ့မတွေ့ရဘူးအရမ်းလွမ်းရတယ် အသံလေးဘဲကြားရတော့အလွမ်းကမပြေလှဘူး တစ်ခါတစ်လေdarlingအရမ်းပင်ပန်းပုံဘဲvcပြောနေရင်းနဲ့ကြည့်ရင်တောင်မျက်နှာလေးကပင်ပန်းနေမှန်းသိသာတယ် အလုပ်အရမ်းလုပ်လွန်းတဲ့ darling ကတားလို့လည်းမရပါဘူးအလုပ်တစ်ခုကိုသေချာပြီးပြတ်အောင်ဂရုတစိုက်လုပ်တက်တယ် အမြဲပြောနေတဲ့စကားကတော့' မ ကိုအရမ်းချစ်တယ်နော်တဲ့' လေဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လည်း jenနှလုဲးသားတစ်ခုလုံးကိုလှုပ်ကိုင်နိုင်တဲ့စကားလုံးလေးတွေ ပြီးရင် darling ကသူ့ချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေနဲ့လည်းဖမ်းစားပြန်ပါတယ်  jenကတော့ darling အကြည့်တွေကြောင့်အရည်ပျော်ကျရပြန်ပါတယ် အမြဲတမ်းနှစ်လိုဖွယ်အကြည့်တွေနဲ့ကြည့်ပြီး အချး်တွေအပြည့်နဲ့ချစ်တယ်လို့ပြောတဲ့စကားသံလေးကိုအပြင်မှာလက်တွေ့ပြန်ကြားချင်နေပြီ ဖုန်းထဲမှာဘဲကြားနေရတာတစ်ပတ်ရီပြီဆိုတော့ ပိုတောင်လွမ်းနေသေးတယ်
Jenလည်းဒီနေကုမ္ပဏီ မှာနေ့လည်စာစားပွဲရှိတာမို့လာပြီးညနေစောင်းတော့ပြန်ဖို့ကုမ္ပဏီအောက်ကိုဆင်းလာတော့ တွေ့နေကြdarlingကားလေးကိုdarlingကမှီပြီးjenကိုလက်ယမ်းပြနေတယ်
Jen-"Darling "
Jenလည်းတစ်ပတ်လုံးလွမ်းနေခဲ့တာမို့ darling ဆီကိုပြေးသွားပြီးဖက်လိုက်တယ် darling ကအလိုက်အသင့်ပြန်ဖက်လာတယ်
Li-"လွမ်းလိုက်ရတာ မ ရယ်"
Jen-" မ ရောဘဲသေမတက်လွမ်းနေတာကလေးရယ် ဘယ်လိုရောက်လာတာလည်းဟင်ကလေးအလုပ်တွေရောဘယ်လိုလည်း"
Li-"အလုပ်တွေလက်စသတ်ပြီးတာနဲ့ မ ဆီပြေးလာခဲ့တာ noonaကိုမေးတော့ ကုမ္ပဏီ မှာနေ့လည်စာစားပွဲစားနေတယ်ဆိုလို့လာစောင့်နေတာ လွမ်းတာ မ ရယ်"
Jen-" မ ရောဘဲလွမ်းနေခဲ့တာပြောပြမတက်လောက်အောင်"
ပြောပြီးdarlingနှုတ်ခမ်းလေးကိုထိကပ်နမ်းလိုက်တယ်
Li=" မ ကုမ္ပဏီရှေ့မှာလေ"
Darlingပြောမှဘေးကိုကြည့်မိတော့ကုမ္ပဏီကလူတွေကjenကိုကြည့်ကာပြုံးစီပြုံးစိလုပ်နေကြတယ် jenလည်းdarlingရင်ခွင်ထဲတိုးဝင်ကာ
Jen-" အခုဘယ်သွားမှာလည်း....လာခေါ်တယ်ဆိုတော့"
Li="ကားလျောက်စီးပြီး အကင်စားကြရအောင်ပြီးမှအိမ်ပြန်ကြမယ်ဘယ်လိုလည်း"
Jen-"ကောင်းတယ်darlingသွားကြတာပေါ့"
Jenနဲ့liလည်းကားပေါ်တက်ခဲ့ပြီးညဘက်အလင်းရောင်လှတဲ့နေရာတွေကိုလျောက်လည်ခဲ့ကြတယ်ည8နာရီလောက်ရောက်တော့
Li=" မ အကင်စားမလား"
Jen="စားမယ်darling"
Darlingကလမ်းဘေးငဆိုင်လေးတစ်ဆိုင်နားမှာကားရပ်ပြီးနှစ်ယောက်သားဆိုင်ထဲဝင်သွားလိုက်တယ် ဆိုင်ထဲရောက်တော့ခုံမှာထိုင်ပြီး
Li-"arjima အကင်သုံးပွဲပေးပါ စွတ်ပြုတ်နှစ်ပွဲရောဘဲနော်"
Arjima-"ရစေရမယ်နော်"
ပြောပြီးလို့ခနနေတော့အငင်တွေလာချပေးတာနဲ့နှစ်ယောက်သာယအကင်တွေစားနေကြတယ် jenကတော့အကင်ကိုကြိုက်တယ်စားကောင်းလို့ပိုကြိုက်တာကချစ်ရသူနဲ့နှစ်ယောက်သားအတူတူစားနေရလို့ပါဘဲ.jenနှုတ်ခမ်းမှာပေသွားတဲ့ အချဥ်ရည်တွေကိုdarlingကတစ်သျှူးနဲ့သေချာသုတ်ပေးပြီးနှစ်ယောက်သားရယ်မောနေကြတယ် တဖြည်းဖြည်းညနက်လာတာကြောင့်နှစ်ယောက်သားပိုက်ဆံရှင်းကာ ကားနဲ့အိမ်ပြန်ခဲ့ကြတယ် ကားစီးနေရင်းမီးပွိိုင့်မိတော့ကားရပ်နေကြတယ်
Li-"နေရတာအဆင်ပြေလား မ အလုလိုထွက်ရတာပျော်လားဟင်"
Jem=" ပျော်တာပေါ့daelingနဲ့ဆိုဘယ်နောရာမဆိုဘယ်အချိန်သွားရသွားရပျော်နေမိတာ"
Li-" မ ကအရမ်းချစ်ဖို့ကောင်းတာဘဲ"
Jen-"darlingရဲ့အချစ်တွေကြောင့်ဖြစ်မယ်"
Li-"အဲ့လိုလား...ချစ်တယ်နော် မ အရာအားလုံးထက်  မ ကို အချစ်ဆုံးဘဲ"
Jen-" မ လည်းdarlingကိုအချစ်ဆုံးဘဲ"
မ ကိုပြုံးပြီးကြည့်နေတုန်းliတို့ကားဆီကိုဦးတည်ကာလာနေတဲ့ကုန်ကားတစ်စီးကြည့်ရတာbreakတစ်ခုခုဖြစ်ပုံပင် မ ဆီကိုဦးတည်လာနေတာ
Jen ဟွန်းသံကြောင့်နောက်ကိုဘေးကိုကြည့်တော့ကုန်ကားတစ်စီးjenစီကိုလာနေတာ
Li-"မ........."
အဲ့အချိန် jenဆီလာတဲ့ဘက်ကို ခန္ဓာကိုယ်နဲ့ကာလိုက်ပြီး jenကိုရင်ခွင်ထဲပွေ့လိုက်တဲ့darling နောက်တော့ပြင်းလွန်းတဲ့တိုက်ချက်နဲ့လွင့်ထွက်သွားတဲ့jenတို့ရဲ့ကားလေး jenမျက်ဝန်းထဲမှာတော့.....အရာရာဝေးဝါးပြီးရင်ခွင်တစ်ခုတည်းရောက်နေကာ မော့ကြည့်တော့မျက်လုံးလေးမှိတ်ကာခေါင်းကနေသွေးတွေစီးကျနေတဲ့darling. အဲ့နောက်မှာတော့jenအမှောင်ထဲကိုရောက်သွားခဲ့ရတယ်..........
  The next day
ဆေးရုံပေါ်မှာအိပ်ပျော်နေတဲ့မိန်းကလေးတစ်ယောက်ဘေးနားကလူတွေဟာလည်းငိုကြွေးလျက်
Jenနိုးလာခဲ့တယ် မရင်နှီးတဲ့နေရာတစ်ခုမှာဘေးကရှုက်သံတွေကြားနေရတယ် တစ်ကိုယ်လုံးကိုင်ပေါက်ခံထားရသလိုဘဲ ခေါင်းကလည်းနာကျင်လွန်းတယ် အတွေးထဲဝင်လာတာက darling jenရဲ့ကလေးလေး
Jen-"darling....."
အခန်းထဲကလူတွေjenအသံကြားတော့အနားကိုပြေးလာကြတယ်
Jen's mom-"သမီးလေးjenသတိရပြီလား omma တို့ကိုမှတ်မိရဲ့လားဟင်"
Jen-"အာ မှတ်မိပါတယ် omma"
Jen's dad-"နေရတာရောအဆင်ပြေရဲ့လားသမီးလေး"
Jen-"တစ်ကိုယ်လုံးနာနေတယ် appa"
Jen's dad-"သက်သာလာမှာပါသမီးရယ်"
Jen-"appa"
Jen's dad-"ပြောလေသမီးလေး"
Jen-"darlingရောဟင်ဘယ်လိုလည်း ကလေးသက်သာရဲ့လားဟင်ဘယ်လိုအ​​ခြေနေရှိလည်း"
အကုန်လုံးတိတ်ဆိတ်သွားကြတယ် အကုန်လုံးကိုကြည့်လိုက်တော့ ငိုထားကြပုံပင်
Jen-"darlingဘယ်မှာလည်းလို့...ji ပြောပါအုံးliလေးရောဟင်"
Ji-"jenရယ် အဟင့်...အဟင့်....ငါတို့.....ငါတို့လေliလေးရဲ့အသက်ကိုမကယ်လိုက်နိုင်ကြဘူး liလေး....liလေးမရှိတော့ဘူး...."
အောင့်တက်သွားတဲ့နှလုံးသားကိုဥပက္ခာပြုကာ
Jen-" မဖြစ်နိုင်ဘူး အီးးးးဟီးးးးလုံးဝမဖြစ်နိုင်ဘူး darling ကကတိပေးထားတယ်လုံးဝထားမသွားတော့ဘူးလို့ ji နင်ညာနေတာမဟုတ်လား"
Ji-"ငါမညာပါဘူးjenရယ် ငါ့မောင်လေးမရှိတော့ဘူး မနေ့ကညမှာဘဲဆေးရုံရောက်ရောက်ချင်း ဦး​နှောက်​သွေးခဲ​ပြီးဆုံးသွားပြီ jenရယ်...."
ပြောကာငိုနေတဲ့ji အားလုံးလဘ်းငိုနေကြတယ်
Jen-"မဟုတ့ဘူးမဟုတ်လားဟင် ပါယလုံးသေချာပြောပါ မဟုတ်ဘူးဒီတိုင်းစနေတာပါလို့ပြောပါ"
Sana-" ငါတို့တောင်းပန်ပါတယ် jenရယ် liလေးတကယ်မရှိတော့ဘူး....."
Jenနှလုံးသာတည့်တည့်ကိုမိုးကြိုးပစ်ချလိုက်တာထက်ဆိုးအောင်နာကျင်ရပါတယ်
Jen-"မရဘူးငါမြင်ရမှယုံမယ်....အခုဘဲliဆီသွားမယ်"
ပြောပြီးဆေးပိုက်တွေကိုဆွဲဖြုတ်နေတဲ့jen..အကုန်လုံးဝိုင်းဆွဲတာတောင်အတင်းဆွဲဖြုတ်နေသည်
Chae-"unnie စိတ်အေးအေးထားပါli တကယ်မရှိတော့ဘူး အကုန်လုံးကိုထားသွားပြီ  chaeသူငယ်ချင်းမရှိတော့ဘူး..."
Jen-"unnie ကိုလိုက်ပြပါ နောက်ဆုံးအနေနဲ့....နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်ကလေးကိုမြင်ချင်တယ်"
Chae-"လိုက်ပို့ပေးပါ့မယ် အခုအအေးခန်းမှာထားထားတယ်"
Jenကိုwheelchairပေါ်တင်သွားကြပြီးအအေးခန်းဆီခေါ်သွားကြတယ် အအေးခန်းရောက်တာ့အစောင့်ကိုပြောကာjenကို liဆီခေါ်သွားပေးကြတယ်  ကျန်တဲ့သူတွေကတော့ရပ်သာကြည့်နေကြတယ် jenလည်းwheelchairပေါ်ကနေထပြီး ကုတင်ဆီထသွားတာပိတ်စဖြူလေးကိုလှန်လိုက်တော့ အရမ်းချစ်ခဲ့ရတဲ့ darling သွေးမရှိတော့လို့ဖြူစွတ်နေတဲ့မျက်နှာလေး ဘယ်လိုအကြောင်းနဲ့များ ကလေးမရှိတော့ဘူးဆိူပြီးနေရမလည်း jenကလေးမျက်နှာလေးကိုကိုင်ကြည့်ရင်းမျက်ရည်တွေကျမိတယ်.....
Jen-"ဘယ်လိုကြောင့်လည်း....ဘာလို့ မ ကိုထားသွားတာလည်းကလေးရယ် မ ကိုဘာလို့ကာကွယ်ပေးခဲ့ရတာလည်း မ ကလေးမရှိဘဲဘယ်လိုနေရမှာလည်း....မနေနိုင်ဘူး "
ပြောရင်းကလေးနဖူးလေးကိုနမ်းမိတယ် နောင်ဘဝဆိုတာရှိရင်တော့ မ တို့သတ်ဆုံးတိုင်အတူတူပေါင်းဖက်ချင်တယ်ကလေး
နောက်တာ့jenလည်းအဲ့နေရာမှာတင်လဲကျသွားခဲ့တယ် နှလုံးသိပ်မကောင်းတဲ့jenအတွက်shockရစေတဲ့အခြေအနေပါဘဲ အဲ့နောက်ပိုင်းကစပြီးjenအိပ်ယာထဲလဲသွားတယ် နှလုံးရောဂါကလည်းလုံးဝပြင်းထန်လာပြီးliကိုလည်းနေ့ရောညကောတမ်းတနေတယ် အကုန်လုံးဝိုင်းချော့ပြောလည်းမရခဲ့ဘူး တစ်ချိန်လုံးကလေးဆိုပြီးပြောနေတက်သည် ငိုလည်းငိုနေလေ့ရှိသည်
Jen အခုအရင်Americaမှာတုန်းကကလေးကားမောင်းတာလေးကိုvideoကိုက်ထားတာလေးကိုပြန်ကြည့်နေပြီးငိုနေမိတယ် ပြီးတော့ရင်ဘတ်ကလည်းအဆမတန်ထိုးအောင့်လာသည် jenကိုယ့်ကိုကိုယ်သိနေသည်
Jen-"ကလေးကအဆုံးထိ မ ကိုကာကွယ်ပေးသွားခဲ့တယ်နော် ကလေးသိလား မ ကလေးမရှိဘဲမနေနိုင်ဘူး "
ပြောပြီးတာနဲ့ မျက်လုံးတွေမှိတ်ကျသွားတဲ့သူ နောက်ဆုံးအသက်မျှင်မျှင်လေးရှုနေချိန်မှာတော့
Jen-"ကလေးဆီ မ လာပြီနော် နောင်ဘဝဆိုတာရှိရင်တော့ မ တစ်ယောက်တည်းကိုဘဲဆက်ချစ်ပေးပါ မ ကလည်း​ကလေးကိုဘဲအ​မြဲ​​မျှော်လင့်််​နေမှာမို့ "
ပြောပြီးတာနဲ့ သူ့ဘဝလေးဟာပြီးဆုံးသွားခဲ့တယ် အခန်းအပြင်ကလူတွေကတော့ငိုနေကြတယ်သူတို့လည်းဆရာဝန်ပြောလို့အချိန်မကျန်တော့ဘူးဆိုတာသိနေကြတယ်
__________________________________
Jen ပန်းခင်းကြီးတစ်နေရာကိုရောက်သွားတယ် ကိုယ့်ကိုကိုယ်ကြည့်လိုက်တော့ဂါဝန်အဖြူလေးနဲ့ပင်
Li- " မ....."
အဝေးကနေနှလုံးသားရဲ့ရင်းနှီး​နေတဲ့အသံလေးကြောင့်jenလှည့်ကြည့်လိုက်တော့darling darlingကjenဆီပြေးလာနေတယ် jenလည်းdarlingရှိတဲ့ဆီပြေးပြီးနှစ်ယောက်သားဖက်ထားလိုက်ကြတယ်
Jen="လွမ်းနေခဲ့တာ darling မ အရမ်းလွမ်းခဲ့တာ"
Darlingကjenမျက်ရည်စတွေကိုသုတ်ပေးပြီး
Li="မငိုနဲ့တော့နော် ထားခဲ့ရလို့တောင်းပန်ပါတယ်နော်ဒါ​ပေမယ့်အချိန်တိုင်းစောင့်နေခဲ့တာပါ"
Jen="မ လည်းအချိန်တိုင်းတမ်းတနေမိတာdarlingကိုဘဲ အခုမဝေးရတော့ဘူးမဟုတ်လားဟင်darling"
Li="မဝေးရတော့ပါဘူး ဘယ်ဘဝရောက်ရောက်li က မမ အနားရှိနေမှာ လာသွားကြမယ်ပန်းခင်းကြီးထဲကို"
Jen-"ဟုတ် darling"
တစ်ယောက်လက်ကိုတစ်ယောက်စုပ်ကိုင်ပြီးပန်းခင်းကြီးထဲမှာပျော်ရွင်စွာကြည်နူးနေကြတဲ့ကောင်လေးနဲ့ကောင်မလေးသူတို့နှစ်ယောက်ရဲ့အချစ်တွေဟာတည်မြဲလွန်းလှပါတယ်... နောက်ဆုံးတော့သူတို့နှစ်ယောက်အတူတူရှိခဲ့ပါတယ်
#Ep-28(end)
#ရှိနေခွင့်လေး(end)
#16.6.2021
#ရေးနေရင်းနဲ့မျက်ရည်တွေတောင်ကျမိတယ် jennie နေရာကနေခံစားကြည့်ကြပါနော်လုံးဝခံစားကတယ်။ sorryပါနော်SEဖြစ်လို့ Season-2လာရန်ရှိပါတယ် အခုရေးလက်စတစ်ပုဒ်ပြီးမှပါစောင့်ကြည့်ပေးအုံးနော်။

ရှိနေခွင့်လေး(completed) Where stories live. Discover now