{၁၈}U/Z

87.3K 10.1K 2K
                                    

Unicode

မင်္ဂလာဒုံရပ်ကွက်ရှိ လူကုံထံတို့နေထိုင်ရာ ခြံဝန်း...

ခင်စံပယ်ညိုသည် မီးဖိုချောင်ထဲတွင် အအေးဖျော်ရင်း ဧည့်ခန်း၌ ဖုန်းပြောနေသည့် မိခင်ဖြစ်သူ ဒေါ်ရတနာ၏စကားအသွားအလာများကိုနားစွင့်နေမိသည်။
ဟုတ်ကဲ့ ချင်း ထပ်နေပုံထောက်ရင် ဦးကျောက်လုံးဆက်နေမှန်းသဘောပေါက်၏။

"ဟုတ်ကဲ့ပါ အစ်ကိုရဲ့။ ကျွန်မတို့တာဝန်ပဲကို..သိပါတယ်ရှင်"

"ဟုတ်ကဲ့ ဒါပဲနော်။နောက်လိုအပ်တာရှိရင် ပြောပါ..ဟုတ်ကဲ့"

ခင်စံပယ်ညိုသည် ဒေါ်ရတနာဖုန်းချသည့်အချိန်နှင့် ကွက်တိရောက်လာကာ
"ဦးကျောက်လုံး ဆက်တာလား"

အရပ်ပုပု ခန္ဓာကိုယ်ကျစ်ကျစ်လုံးလုံးနှင့် ဒေါ်ရတနာက မျက်မှန်လေးထောင့်ကို ပင့်ကာ
"အေးပေါ့။ ညည်းမဆက်တော့ သူတို့ကဆက်လာရတာပေါ့။"

"သမီးကဆက်စရာလားမေမေရဲ့။သူတို့သားရှင်လေ ။ဆက်မဲ့ဆက်တော့ သူတို့ဆက်ပေါ့"

"ခင်စံပယ်ညို၊ ညည်းကလေ မဟုတ်တဲ့နေရာမှာကတ်သတ်နေတယ်။ သူတို့လိုလူက ကိုယ်လိုလူကို လာကမ်းလှမ်းထားတာအေ့။ မူလွန်းနေရင် ညည်းနေရာကို ပန်းဦး ရသွားလိမ့်မယ်။"

"ပေးလိုက်ပေါ့မေမေရယ်။ သူနဲ့မညားရင်သမီးကငတ်မှာမို့လား။"

"အေး ငတ်မှာဟဲ့။ နင့်အဖေထားခဲ့တဲ့အကြွေးတွေကလည်ပင်းမဟုတ်ဘူး ခေါင်းမြှုပ်နေပြီ။
ဒီအိမ်ပြောင်းလာရတာကလည်း ကိုညိုဝင်းမျက်နှာရှိနေလို့။ သွေးမတော်သားမစပ်ဘဲ ဒီအိမ်မှာ ငါတို့ကို အကြာကြီးတင်ခေါ်ထားရအောင် ဘယ်သူကကြည်မှာလဲ။"

"ကိုနွေရှိတယ်လေ မေမေရဲ့။ "

"နင့်ကိုနွေက တစ်လတစ်ခါတောင်အိမ်ပြန်လာလို့လား။ မထော်မနန်းတွေမလုပ်စမ်းနဲ့အေ။ ဥဿဦးလေးက လူရည်မွန်လေးပါ။မန္တလေးမှာလည်း သူ့နာမည်ဆိုရင်မသိတဲ့လူမရှိဘူး။ နိုင်ငံခြားပြန်လေးဆိုပြီး လိုချင်နေတဲ့လူမှတစ်ပုံကြီး။ "

ပြုံးစစနှင့်ပြောနေသော ဒေါ်ရတနာကို ခင်စံပယ်ညို မတွန်းလှန်နိုင်။ဒါပေမဲ့ သူကိုယ်တိုင်ကလည်း ဥဿဦးနှင့် စေ့စပ်ဖို့ကိုလည်း မယုတ်မလွန်ထားရတာကို ကြိုက်သည်။သို့ပေမဲ့ ခင်လွှမ်းအကြောင်းတွေးရင်လည်း စိတ်ထဲစနိုးစနောင့်။ ဥဿဦးနှင့်ခင်လွှမ်းက ဘယ်အခြေအနေထိရောက်ပြီးပြီလဲဆိုတာကို သူမှမသိပါဘဲ။
အမှန်ဆိုလျှင် မေမေကသာ ကိုနွေ့ကိုပိုသဘောကျလျှင် ကောင်းမည်။ ဒါဆို အိမ်လည်းထပ်ပြောင်းရမည်မဟုတ်။ သို့ပေမဲ့ မေမေရဲ့အတွေးကို သူလိုက်မှီဖို့လည်းခက်သည်။
ဥဿတို့မိသားစုက သူနဲ့သူ့အမေဘဝကို ပြောင်ရောင်စေနိုင်တာကိုလည်း သူလက်ခံပါသည်။
ကိုနွေတို့မိသားစုလည်းကျိကျိတက်ပါပဲ။
ဒါပေမဲ့ အနေအေးသည့် ကိုနွေ့ကိုတော့ မေမေကသဘောမကျချေ။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now