Part-4 ~ Old master

4.1K 332 38
                                    

Touch me like u do!!

Unicode

လီလီတစ်ယောက် သူ့ဆရာအိမ်ကို စာတမ်းတွေသွားပေးပြီး တိုက်ခန်းကနေပြန်ထွက်လာသည် ။ သူအိမ်ကိုမပြန်သေးဘဲ ကျောင်းကသူငယ်ချင်းတွေဆီ အပြေးပြန်သွားတော့သည် ။

'' ဟဲ့ ဟဲ့ ''

ကျောင်းကန်တင်းဆီအပြေးရောက်လာသောလီလီကို ကြည့်ပြီး သူ့အစားသူငယ်ချင်းတွေကမောနေရသည် ။

'' နင်တို့ဒီမှာရှိမယ်မှန်းသိသားပဲ အာ မောလိုက်တာ ရေပေးပါဦး ရေ ရေ ''

'' ဘာဖြစ်လာတာလဲဟယ် နင့်ကြည့်ရတာအမော တကောနဲ့ ''

'' သတင်းထူး သတင်းထူး ငါခုနက ဆရာ့အိမ်မှာ assignment သွားပေးတာလေ ဆရာ့အိမ်မှာ ကြာပွတ်နဲ့ ယုန် cosplay အကျီတွေတွေ့ခဲ့တယ် ''

'' ဆရာက ဆရာဝမ်ရိပေါ်ကလေ ''

'' ဟဲ့ဖြစ်နိုင်တာပြော ဆရာကဒီလောက်တည်ကြည်တာ နင့်မျက်လုံးမှားတာဖြစ်မယ် ''

လီလီကသူ့သူငယ်ချင်းတွေကိုပြောပေမဲ့ တစ်ယောက်မှသူပြောတာကိုမယုံကြပေ ။

'' ငါတကယ်ပြောတာပါဆို ''

'' နင့်သာရှပ်ပြာရှပ်ပြာနဲ့ မှားကြည့်တာဖြစ်မှာ ''

'' အဟင့် ဆရာ့မှာရည်းစားရှိနေတာလားမသိဘူး ''

'' ဟဲ့ ရူးနေလား မဖြစ်နိုင်တာ ''

သူ့တစ်ယောက်တည်းအထင်နဲ့ လောင်နေသောလီလီ့ကို သူ့သူငယ်ချင်းတွေက ဘာမှမပြောတော့ဘဲ ဘေးကနေသာထိုင်ကြည့်နေလိုက်ကြတော့သည် ။

ရိပေါ်ဆီကလေးတွေရဲ့စာတမ်းတွေစစ်ဖို့ရောက်လာတာမို့ ခုံပေါ်ထိုင်ပြီး လီလီလာပေးထားသောစာတမ်းများကို ထိုင်စစ်နေသည် ။ သူစာထိုင်စစ်နေတုန်းသူ့ရဲ့ယုန်ကိုလဲ
လှမ်းလှမ်းကြည့်နေရသေးသည် သူကြမ်းထားတာကြောင့် သူ့ရဲ့ပထမဆုံးအကြိမ်ကို မညှာမတာနဲ့လုပ်လိုက်မိသည်မဟုတ်လား ။

သူကဟင်းမချက်တက်တာကြောင့် ဆန်ပြုတ်တစ်ပွဲကို ဖုန်းနှင့်မှာလိုက်ပြီး ထိုဆန်ပြုတ်ကိုပြန်နွေးလိုက်ပြီး နွားနို့ပူပူလေးကိုလဲ ပြင်ဆင်ထားလိုက်သည် ။

Touch me like u do !Where stories live. Discover now