Part(1)

29.3K 1.4K 36
                                    

Unicode

Ringing ~~~~~~~~

အဆက်မပြတ်ခေါ်နေသောဖုန်းသံ ၊ ခုတလော ရှောင်းကျန့်စီ ဖုန်းတွေ အရမ်းလာတာပဲ ...နံပါတ်ကိုကြည့်တော့သူမသိတဲ့နံပါတ်စိမ်းတစ်ခု ...

"ဟဲလို "

"ရှောင်းကျန့် ငါမင်းအိမ်အပြင်မှာရောက်နေတယ်။ ငါ့အလုပ်တွေအကုန်ဖျက်ပြီး ထွက်ခဲ့ရတာနော် ။ ငါ့ကိုခဏလောက်တွေ့ခွင့်ပေး "

မေ့ချင်ရင်တောင် တစ်သက်လုံးမမေ့နိုင်‌အောင်မှတ်မိနေတဲ့ ကျက်သရေတုံးရဲ့အထက်စီးဆန်တဲ့အသံ ။

စိတ်ပျက်စရာပဲ ......

"ကြားလား ငါ.."

တီ ~~

ဖုန်းချလိုက်ပြီး ဒီနေ့အတွက်လုပ်စရာတွေ စိတ်ကူးထဲ planချလိုက်တယ်။ ဖုန်းကထပ်မြည်လာတယ်။ block လိုက်ပြီး ရေချိုးခန်းထဲ၀င်လိုက်တယ်။

ရေပန်းအောက်မှာရပ်ရင်း တဖွားဖွားကျနေတဲ့ ရေတွေနဲ့ အတူ ရှောင်းကျန့်ရဲ့ အတွေးတွေက အတိတ်စီကို ရောက်သွားတယ်။

****************************

လွန်ခဲ့တဲ့ ဆယ်နှစ် .....၁၆နှစ်သားရှောင်းကျန့် ။အထက်တန်းပြီးကာစ တက်ကြွတဲ့လူငယ်လေး။ အပြုံးချိုချိုလေးတွေရှိတယ် ၊ ဖော်ရွေတယ် ၊ လူတိုင်းကိုခင်တတ်တယ် ...ပထမဆုံး တက္ကသိုလ်ကျောင်းတက်ရက်မှာ သူငယ်ချင်းအသစ်တစ်ယောက်ရတယ်။ သူ့နာမည်က ၀မ်ရိပေါ်တဲ့ ..သူ့ဘေးမှာထိုင်တဲ့ကောင်လေးပေါ့။

သူများတွေအတွက်တော့မသိဘူး။ ရှောင်းကျန့်မျက်လုံးထဲမှာတော့၀မ်ရိပေါ်က အရမ်းချောတယ်။ ဘယ်လိုချောတာလဲမေးရင် သူကစာရေးဆရာမဟုတ်တာကြောင့်စာဖွဲ့မပြတတ်ဘူး ။ ဂျစ်ကန်ကန်ပုံစံရှိပြီး အရမ်း မိုက်တယ် ။ အဲ့လိုပဲပြောတတ်တယ်။

"ရှောင်းကျန့် မင်း ငါကလွဲရင်သူငယ်ချင်းမထားရဘူး"

ရှေ့အတိ ဆံပင်လုံးလုံးအုပ်အုပ်... မျက်မှန်အဝိုင်းလေးနဲ့ရှောင်းကျန့်က ၀မ်ရိပေါ်ရဲ့အမိန့်ကို ပုပ်သင်ညိုလေးလို့ ခေါင်းတဆတ်ဆတ်ညိမ့်လို့နားထောင်တယ် ။ ၀မ်ရိပေါ်က လူကြိုက်များတယ်။ ၀မ်ရိပေါ်ဘာလုပ်လုပ်နာမည်ကြီးတယ်။ သူ၀မ်ရိပေါ်ရဲ့သူငယ်ချင်းဖြစ်ရတာ အရမ်း‌ကျေနပ်တယ်။ ချောမောတဲ့မျက်နှာကိုအနီးကပ်ငေးနေခွင့်ရတာ သူဘယ်လောက်ကံကောင်းလိုက်လဲ။
ရှောင်းကျန့်က ၀မ်ရိပေါ်ရဲ့နောက်လိုက်လေးဖြစ်လာတယ်။

Just Friend : After 10 years(Completed)Where stories live. Discover now