၃ရက်ကြာအပြီး;
"အင်း အင်း"
*ဘာအသံလဲ အိပ်ကောင်းနေတာကို*
(သူတောင်းသား ကတောင် တွေ့ရာနေရာအိပ်မှာမဟုတ်ဘူးး အကျဉ်းထောင်များ ကိုယ့်အိမ်ထင်နေလား အအိပ်လွန်လို့သေပြီထင်နေတာ)
*ဘာ!!ထက်ထက်လွန်လာပြီ ငါက အစားထပ် အအိပ်မက်တယ် ငါအိပ်နေချိန် လာမဆူနဲ့ ဆွဲလွှင့်ပစ်လိုက်မယ်*
(ထက်ထက်က မဆူဘူးး ဟိုမှာ ခခ လင်ကြီး အနာဆိပ်တက်ဖျားနေတာ သေအောင်အိပ်နေတာ)
*ဘော ကို ငါ့လင် မင်း လာယူလိုက်*
(အန်ကယ်ကတော့ Noပါ)
*ဒီနားးလာစမ်းပါ ငါကန်ထည့်ချင်လို့*
(လာဝူးးလာဝူးးးထက်ထက်ကစသာ ဟီးး)
*လာချွဲမနေနဲ့ စစ်သူကြီးသာဖြစ်တာ ဒီအနာလေးနဲ့ဖျားနေတယ်*
(ကြိမ်ဒဏ် 100ဗျ အသားကုန်ရိုကမခံရတာ ဖေးရန်မမြင်အောင် ကွယ်ထားလို့ သူများပြောနေ ခခသာဆို ၁၀ ချက်နဲ့မေ့လဲမှာ စစ်သူကြီးက ဒီဆီထိ လာနိုင်သေးတာ တော်တော်အင်အားကြီးလို့)
"ထက်ထက် မင်းက ပိုင်မင်လော့ Fanလား"
(ဟုတ်ပါဘူးးထက်ထက်က မှန်ရာဘက်နေတာ)
*ဒီလောက်သူ့ဘက်ကနေနေတာ သူ့ကိုပဲ Hostရွေးလိုက်ပါလား ငါလူးစောက်systemစုတ်*
(ထက်ထက်နဲ့မဆိုင်ပါဘူးးဆို)
*ငါက မင်း Hostနော် ငါ့ဘက်ကနေ*
(မှန်ရာဘက်ပဲ အမှန်တရားက နဲနဲခါးတယ်)
*စောက်ခွက်သာရှိရင် ဖြတ်ရိုက်တယ် မသာထက်ထက်*
(ထက်ထက်က မသာမပေါ်ဘူး ခခ ဘေးက စစ်သူကြီးကမသာပေါ်တော့မယ် အကူညီတောင်းလေ)
"ဟေ့လူ အကိုမင်လော့"
"အင်းး အင်းး"
"ဖေဖေ လုပ်ပါအုံးး"
"သားငယ် ဘာဖြစ်တာလဲ"
"အကိုမင်လော့ ကိုယ်တွေပူကျပ်နေတာ"
"ဟာ ဟုတ်ပါ့ အနာဆေးမလူးလို့နေမှာ"
"ဟေးးအစောင့်တွေရှိလားး ဒီမှာ မင်းတို့စစ်သူကြီး အဖျားတွေတအားတက်နေတယ် ဆေးဆရာအမြန်ခေါ်ခဲ့"
YOU ARE READING
Happy System(Completed)
RomanceSystem Start date=14/6/2021 End date=20/11/2021 Author= Yin Lay