{၁၉}U/Z

81.2K 9.2K 1.1K
                                    

Unicode

"သားကြီးရေ ဒီမှာ မင်းကားနောက်ခန်းကခြေနင်းမှာ စာအိတ်ကလေးတွေ့လို့။ ဘယ်သူကျန်ခဲ့တာလဲ မသိဘူး"

ဥဿဦးသည် ဆွဲလက်စ အိမ်ပုံကို ရပ်လိုက်ကာ
ကြီးတော်ပေးသည့် စာအိတ်ကိုယူလိုက်သည်။

သို့ /နွေဦးမောင်၊ရန်ကုန်တက္ကသိုလ်စာတိုက်

မှ/ မေမြိုင် ၊ပဲခူးမြို့....()

ဥဿဦးသည် စာအိတ်ကိုအပြန်ပြန်အလှန်လှန်ကြည့်ကာ ဘယ်လိုနည်းနဲ့ သူ့ကားနောက်ခန်းကို သည်စာအိတ်ကရောက်နေလဲတွေးနေမိသည်။

"အာ... အစော..."

ကားနောက်ခန်းမှာ စောနရီကို ပွေ့တင်ပေးစဉ်က
ပြုတ်ကျခဲ့တာများလား။
သူဖွင့်ဖောက်ကြည့်ဖို့ပြင်တော့ ကြီးတော်ကရပ်ကြည့်နေသေးကာ
"သားကြီးဟာမဟုတ်ဘူးမလား။"

"ဗျာ"

"ပိုင်ရှင်ခွင့်မပြုဘဲယူမကြည့်ရဘူးလေ သားကြီးရဲ့"

"ဟုတ်သားပဲ။ သား ပိုင်ရှင်ကိုပြန်သွားပေးလိုက်ပါ့မယ်။"

"အင်း ကြီးတော် ကော်ဖီဖျော်ပေးရမလား။"

"အင်း ခါးခါးလေးနော်"

ကြီးတော်အပြင်ထွက်သွားသည့်တိုင် သူချိတုန်ချတုန်ဖြစ်ဆဲ။သည်စာအိတ်ကိုဖောက်ကြည့်ရင် ဘာများဖြစ်သွားနိုင်သလဲ။ဥဿသည် စာအိတ်ကို အတန်ကြာစိုက်ကြည့်နေမိပြီးမှ နောက်ဆုံးတွင် စားပွဲခုံ အံဆွဲကိုဖွင့်ကာပစ်ထည့်လိုက်သည် ။မနက်ဖြန်တော့ ခင်စံပယ်ညိုကိုသွားတွေ့ရင်း အစောကို ဝင်ပေးလိုက်မည်။

နေပါဦး...ပဲခူးမှာ နွေဦးမောင်အသိ ရှိတယ်တဲ့လား။

°°°°°

ကျောင်းဖွင့်ရက်မို့ တက္ကသိုလ်ဝင်းတွင် ကျောင်းသူ၊ကျောင်းသားများခြေချင်းလိမ်နေကြသည်။
တောင်ငူဆောင် ဦးချစ်ဆိုင်တွင် အတန်းဆင်းချိန်မို​့ ကျောင်းသူ၊ကျောင်းသားများကအပြည့်။
တချို့ဆိုလျှင် ဦးချစ်ဆိုင်မှာနေရာမရတော့တာမို့ တခြားဆိုင်မှာထိုင်ရင်း ဦးချစ်ဆိုင်က မှာစားကြသည်။ စားပွဲထိုးများကလည်း ဟိုဆိုင်ပြေးရ၊သည်ဆိုင်ပြေးရမို့ ပျားပန်းခတ်နေကြသည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now