~The piano boy~Intro

1K 74 2
                                    

အသက်5နှစ်ခန့်-

"သမီးရေ...ဘေးအိမ်ကို ပြောင်းလာတဲ့သူတွေ
ရှိတယ်...လာမိတ်ဆက်လိုက်ဦး။"

"Nae!!"

ဆံပင်ကိုဘေးနှစ်ဖက်ခွဲစည်းထားပြီး လုံးတုံးလုံးတုံး
နဲ့ပြေးထွက်လာသော ကလေးမလေး။

"Aigoo...သမီးလေးက ချစ်စရာလေး
သမီးလေးနာမည်ကဘယ်လိုခေါ်လဲ။"

သူမအရှေ့က ခပ်ချောချော အန်တီကြီး တစ်ယောက်က
မေးလာသည်။

"annyeonhasaeyo....သမီးနာမည်က
Han Sonni ပါ။ Hani လို့ခေါ်ပါအသားဖြူဖြူနဲ့
အန်တီကြီး။"

စကားတတ်လွန်းတဲ့ ကလေးပေါက်စကို ထိုအန်တီကြီးက
အရမ်းကို သဘောကျသည်။

"ချစ်စရာကောင်းလိုက်တာ...အန်တီ့နာမည်က
Min Nabiလို့ခေါ်ပါတယ်။"

"မေမေ...သားရဲ့ ချောကလက်ကိတ်ရော ?"

ထိုစဉ် Arjumaရဲ့ အိမ်ထဲက ထွက်လာသော
အသံကြောင့် လှည့်ကြည့်လိုက်ရာ အသားဖြူုဖြူနှင့်
မျက်လုံးမှေးမှေးတို့ကို ပိုင်ဆိုင်ထားသော ကောင်လေး။

သူမ၏အကြည့်တို့ ထိုကောင်လေးစီက မခွာနိုင်။
တစ်ဖြည်းဖြည်းနှင့် သူမတို့အနားလာကာ
သူမကို မကြည်ကြည် ကြည့်ကာ

"သူမက ဘယ်သူလဲ ?"

ထိုစကားကြောင့် သူမရဲ့ အသိစိတ်ပြန်ထိန်း၍

"သမီးနာမည်က...Han....So...nniပါ"

သူမစကားကို အထစ်ထစ်အငေါ့ငေါ့ ပြောမိလိုက်သည်။
သူမဘာကြောင့်မှန်းမသိ...။ သူ့ကို မြင်ကတည်းက
သဘောကျမိသည်။

"သြော် သားကလည်း...သားအကြည့်ကြောင့်
ညီမလေးကြောက်နေပြီ...မကြောက်နော်သမီးလေး..."

ထိုအဒေါ်ကြီးက မကြောက်ဖို့ နှစ်သိမ့်စကားဆိုလိုက်သည်။
သူမသူ့ကို မကြောက်ပါ။ ရင်ခုန်လွန်းလို့ စကားထစ်
သွားခြင်းပင်။ သို့ပေမယ့် ထိုကောင်လေးက သူမကို
အရေးတောင်မလုပ်။

"မေမေ..သားမေးနေတယ်လေ...
ချောကလတ်ကိတ် ဘယ်မှာလည်းလို့ ?"

မှေးနေသည့် မျက်လုံးကိုမှ ထပ်ကြုံ့ကာမေးလိုက်သည့်
ထိုကောင်လေးကြောင့် အဒေါ်ကြီး သက်ပြင်းချကာ

The Piano boy[Suga x Oc]*Completed*حيث تعيش القصص. اكتشف الآن