5

1.6K 261 33
                                    


Unicode

" ဆောနူ ... ပြန်သွားပြီပဲ ။ တော်သေးတယ် "

အမိုးရှိတဲ့တစ်နေရာမှာဝင်နားတုန်း ကားပေါ်ကဆင်းဆင်းချင်းလွယ်အိတ်ထဲထည့်ထားလိုက်တဲ့ဖုန်းကိုပြန်ထုတ်
ကြည့်မိသည် ။ လိုင်းပေါ်တော့ရှိမနေဘူး ။
ကစားကွင်းတစ်ခုလုံးကိုသုံးခါလောက်ပတ်ရှာပြီးတဲ့
နောက်မှာတော့မရှိနေတော့တာသေချာပြီမို့

ဖုန်းခေါ်ကြည့်တော့လည်းစက်ပိတ်ထားလေရဲ့ ။

" စိတ်ဆိုးသွားပြီထင်တယ် "

~||~

"အထက်တန်းကျောင်းသားက ဘာကိုဆေးလိပ်လည်း "

" အေးတယ် တစ်လိပ်သာပေးပါဗျာ "

နောက်ဆုံးကျန်တဲ့ဆေးလိပ်ကို ဆတ်ကနဲယူသွားပြီး ဘယ်ကအကျင့်ကောင်းတွေတတ်လာမှန်းမသိတဲ့ဆောနူ
ဆေးလိပ်မီးညှိသည်ထိ တစ်ခွန်းမှမဟလိုက်ရပေ ။

" အဟွတ် မွှန်လိုက်တာ "

" ပထမဆုံးသောက်တာလား "

" အွန်း "

ဆောင်းဟွန်းခွိကနဲရယ်လိုက်မိတော့ ခပ်စောင်းစောင်းပြန်ကြည့်သည် ။

မိုးရေစိုကြီးနဲ့  ကိုယ့်အိမ်ကိုယ်မပြန်ပဲ ဝမ်းကွဲအကိုဖြစ်သူဆောင်းဟွန်းရဲ့အိမ်ကိုတစိုက်မတ်မတ်ရောက်ချလာပြီး
ပေါက်ကရတွေချည်းလုပ်နေတာ ခုညနက်တဲ့အချိန် ဝရံတာဆေးလိပ်လေးထွက်ဖွာတာတောင် ပါလာလေရဲ့ ။

" အငြင်းခံလာရတာလား "

" အဲ့တာရဲ့ရှေ့တစ်ဆင့်ပေါ့ "

" မျက်နှာ ဟေ့ကောင် မင့်မျက်နှာက လဲကွဲနေတာသိသာလွန်းတယ် "

" bro ဘယ်သူကမကွဲပဲနေမလည်း "

လက်နှစ်ဖက်နဲ့ ဆံပင်တွေကိုဖွရင်း တစ်ယောက်တည်း ခေါင်းကိုကုတ်လိုက်ရမ်းလိုက်လုပ်နေတာ ။
ဘာလို့အဲ့လောက်တောင်ကွဲနေသလည်းလေ ။
အငြင်းမခံရခင်ရှေ့တစ်ဆင့်ဆိုတာက သူကြုံဖူးတဲ့အခြေအနေနဲ့တူချင်မှတူမှာမို့ ဇွတ်မပြောရဲ ။

Once I Loved , [SUNKI ]✔️Where stories live. Discover now