Part 22

564 66 31
                                    

"ဦးရေ!!"

"ဟင် ဘာလဲ"

"ဟိုမှာသိုးလေးတွေ!!"

မွေးမြူရေးခြံထဲ လှည့်ပတ်ပြီး အစာစားနေကြသော သိုးပေါက်လေးများကို မြင်ပြီး ကားပေါ်မှ ပြေးဆင်းလေသည်။
ခြံဝန်းထဲကားရပ်ထားတာမို့ Severus လည်း ဘာမှမပြော။ ခြံတံခါးဖွင့်ဝင်ပြီးနောက် သိုးပေါက်လေးများအား ပွတ်သပ်နေတော့သည်။ မြက်ခင်းမှာ ကလေးလေးတစ်ယောက်လို ထိုင်ချပြီး သိုးတွေနှင့် ဆော့နေသော Harry အားကြည့်၍ အလိုလိုပြုံးနေမိသူ။

"နောက်မှဆော့ပါလား ကလေးရယ်
အိမ်အရင်လိုက်ကြည့်ပါဦး"

"ဟုတ်"

ခြံထဲကထွက်လာပြီး အိမ်တံခါးဖွင့်ကာ အရင်ဦးဆုံး Severus ရဲ့ ရေကူးကန်ကို လိုက်ပြသည်။ အိမ်ထဲသို့ ဝင်ဝင်ချင်း ညာဘက်၌ မှန်ဘောင်များဖြင့် ကာထားတာကြောင့် အပြင်သို့လှမ်းမြင်ရနနိုင်သည်။ ရေကူးကန်ဘေးနားမှာ ထိုင်ခုံအနည်းငယ်ချထားပေးသည်။

"ရေဆော့လို့ရပြီ အဟီး"

"အရမ်းမဆော့ရပါဘူး တော်ကြာဖျားနေမယ်"

"ဟုတ်ကဲ့"

အပေါ်ထပ်ကိုတက်လျှင် အိပ်ခန်း လေးခန်းပါဝင်တာကြောင့် Harry အကြိုက်ဆုံးအခန်းကိုရွေးစေသည်။ အိမ်ရဲ့ နေရာတော်တော်များများမှာ မှန်များဖြင့် ကာထားတာကြောင့် ရှူခင်းကတော့ ကြည့်လို့ကောင်းသည်။

"ဒီအခန်းယူမယ် ဦး!"

အားတက်သရောနှင့် လက်ကိုဆွဲပြီး ခေါ်ပြတာကြောင့် Severus လိုက်သွားရသည်။
Harry သဘောကျသွားရတာက ဝရံတာပါနေတာကြောင့်ပင်။ ထို့အပြင် အစွန်းဆုံး အခန်းဖြစ်တာကြောင့် နည်းနည်းလည်းပိုကျယ်နေသည်။

"ရှုခင်းကြည့်ရတာ သဘောကျတယ်ပေါ့"

"ဟုတ်"

ဝရံတာထွက်ပြီး လေညှင်းခံနေတဲ့ ကောင်လေးအား ကျောဘက်မှနေ၍ ရင်ခွင်ထဲထည့်လိုက်သည်။ ထို့နောက် သေးသွယ်လှပြီး ဖြူစွတ်နေသော ခါးပြင် အား သန်မာလှသည့် လက်များဖြင့် ဖျစ်ညှစ်ကာ အရသာခံနေသည်။

"ဘာ...ဘာလုပ်တာလဲ ဦး"

"အနားယူမယ်လေ"

အမွှေးနုလေးများနေရာယူထားသော ဂုတ်သား နုနုသို့ ပူနွေးနေသော အနမ်းများ စိုးမိုးစေသည်။ တခါတရံ သွားဖြင့် ခပ်ဖွဖွကိုက်ပြီး လျှာဖျားဖြင့် ထိုးကစားနေသည်။
လေတဖြူးဖြူးတိုက်နေသော်ငြား ဝရံတာက လူနှစ်ယောက်မှာ ပူလောင်နေ၏။

My Half-blood PrinceWhere stories live. Discover now