ဝါး....အိပ်ချင်လိုက်တာ...ဘယ်ကျူရှင်က ဒီအချိန်ခေါ်မှာလဲ..."
သစ်က ပြောပြောဆိုဆို သစ်ဘေးတွင် အိပ်ငိုက်လျက်ပါလာသော သစ်သူငယ်ချင်း ချမ်းမြမေ ကိုလှုပ်နှိုးလိုက်သည်။
"ဟဲ့....အိပ်မနေနဲ့...။ ဒုက္ခပါဘဲ....လမ်းသွားရင်းအိပ်ငိုက်လို့ သေတဲ့မသာရှိတယ်နော်...."
"ဟဲ့.....ဖွဟဲ့....မပြောကောင်းမဆိုကောင်း...."
သစ်သူငယ်ချင်း ချမ်းနှင့် သစ်က အိမ်ချင်းသိပ်မဝေးသဖြင့် သစ်တို့နှစ်ယောက် မကြာခဏအတူတူ ကျူရှင်ကိုလမ်းလျှောက်သွားဖြစ်သည်၊
ချမ်းကတော့ မျက်နှာဖောင်းဖောင်းနှင့် ခန္ဓာကိုယ်အနည်းငယ်ပြည့်ကာ ဆံပင်ဂုတ်ဝဲကို ဘီးကုပ်နှင့် အပြောင်သိမ်းတင်ထားသည်၊ ချမ်းကမျက်စိဖွင့်ကာ ကြည့်မိတော့ မျက်လုံးထဲတွင် တစ်စုံတစ်ခုဟာ ထင်းခနဲပေါ်လာသည်။
"ဟာ....အမိုက်စားဘဲ..."
သစ်လည်း ဘာမှန်းမသိဘဲ မနက်စာပေါင်မုန့်လေးကိုကိုက်ကာ ချမ်းပြတဲ့ဆီကြည့်လိုက်တော့ မျိုးကောင်းမျိုးသန့်ထဲကခွေးတစ်ကောင်ကို မြင်လိုက်သည်။
"နင်ကတော့ ခွေးကိုတောင်မချန်ဘူး......."
"ဟာ....ဘယ်ကသာ...ငါကဘာလို့အဲ့ခွေးစုတ်ကို ပြောရမှာလဲ.....
ဟိုးမှာ....သေချာကြည့် ခွေးပိုင်ရှင်ထင်တယ်......
ဒါနဲ့......စားချင်စရာကြီး..."
သစ်က တစ်ချက်ကြောင်သွားကာ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်၊
"ငါတော့ ခွေးသား မကြိုက်ပါဘူး..."
"အော်,....နင်ကတစ်မှောင့်.......၊ ကောက်ညှင်းပေါင်းက အငွေ့တထောင်းထောင်းနဲ့ စားချင်စရာကြီးလို့...."
သစ်တို့နှစ်ယောက်လုံး ကောက်ညှင်းပေါင်းနှင့် ခွေးပိုင်ရှင်ဆီ အာရုံရောက်နေစဉ် ဘလက်ကီကတော့ နှာခေါင်းတရှုံ့ရှုံ့နှင့် သစ်ဆီပြေးလာနေသည်။
"ဟင်.....ဘာလဲဟ...ငါ့ဆီလာနေတာလား.."
သစ်က ကြောင်ပြီးရပ်နေစဉ် ထိုခွေးက သစ်ကိုခုန်အုပ်လိုက်သဖြင့် သစ်လည်းဘုရားတကာ ဖင်ထိုင်လျက် လဲကျသွားသည်၊
YOU ARE READING
အကယ်၍ပြန်ဆုံဖြစ်ခဲ့ရင်
Teen Fiction(Zawgyi+Unicode) အစ်ကိုပျော်ရဲ့လားတဲ့....ဒီလိုဘဝမှာ... လူတိုင်းကသူ့ဘဝကို ကျေနပ်တယ်ရယ်လို့..ဘယ်ဟုတ်ပါ့မလဲ..၊ ဒီလိုဘဲပေါ့ လူတိုင်းကလိုအပ်ချက်တွေနဲ့ရှင်သန်ရတာချည်းဘဲ။ လောကကြီးက အမြဲ ...တစ်ခုကိုပေးထားရင် တစ်ခုကို ပြန်ယူထားတတ်တယ်....။