Arc(2.5)

1.6K 175 8
                                    

ဂျက်တစ်ယောက် မနက်ခင်းနှိုးစက်ကို စောစောစီးစီးပေးထားလေသည် ။ ဆိုင်းရက်စိတ်ဆိုးတာကို ချော့ရဦးမယ်မဟုတ်လား ။ အဲ့တော့သူလည်း ဆိုင်းရက်မနိုးခင် ထပြီး ဟင်းချက်ဖို့အတွက်ပြင်လိုက်လေတယ် ။ ဂျက် အခန်းထဲက ထွက်သွားပြီး မကြာပါဘူး ။ ဆိုင်းရက်ရဲ့ မျက်နှာမှာ ပုံမှန်မဟုတ်တဲ့ အပြုံးတစ်ခုပေါ်ပေါက်လာခဲ့တယ် ။ ဆယ်မိနစ်လောက်ကြာတော့ ဆိုင်းရက် အခန်းထဲကနေ တူးနံ့ကို ရလိုက်လေတယ် ။ ထို့နောက် မီးခိုးငွေ့တွေပါ တွေ့လိုက်ရသဖြင့် သူဆက်ပြီး အိပ်ချင်ယောင် မဆောင်နိုင်တော့ချေ ။ မဟုတ်ရင် ဂျက်ရဲ့ အိမ်ဟာ မီးဖိုချောင်ဝင်ရင်းနဲ့ မီးလောင်သွားတယ်ဆိုပြီး ကျော်မကောင်းကြားမကောင်းသတင်းပျံ့သွားမည်မှာ လွဲမှာမဟုတ်ချေ ။ သူထပြီး မီးဖိုခန်းထဲကိုကြည့်လိုက်တော့ ထင်တဲ့အတိုင်းပင် ။ ဂျက်တစ်ယောက်  မီးလောင်မှာစိုးလို့ ရေဖြင့်လောင်းလိုက်သောကြောင့် မီးခိုးငွေ့များထွက်လာသည်မှာပြောစရာပင်မလိုတော့ချေ ။

သူမီးဖိုထဲကိုဝင်လာတော့ ဂျက်က ချောင်းတစ်ဟွတ်ဟွတ်ဆိုးရင်း

" ဆိုင်းရက် နိုးလာပြီလား ။ ငါမက်းကို မနက်စာပြင်ပေးမလို့ လုပ်တာ မီးလောင်သွားလို့ ခဏစောင့် ငါထပ်ပြီးလုပ်လိုက်မယ် " လို့ပြောတော့ ဆိုင်းရက် မနေနိုင်ပဲ ပြုံးမိသွားသည် ။

" တော်ပါတော့ အိမ်ကြီးလည်း မီးလောင်သွားဦးမယ် ။ ငါပဲ ပြင်လိုက်ပါမယ် ။ မင်းသင်ချင်တယ်ဆိုရင် နောက်မှ ငါသင်ပေးမယ် " လို့ပြောသော်လည်း ဂျက်ရဲ့မျက်နှာမှာညှိုးနေဆဲဖြစ်သည် ။ ထိုအခါမှ ဆိုင်းရက်က သတိရသွားဟန်ဖြင့် ဂျက်ရှေ့ကို လှမ်းလာပြီး

" ချစ် ... ကိုယ်ပဲ မနက်စာပြင်ပေးမယ်နော် သွားနားလိုက်ဉီး ကိုယ့်ရဲ့ ချစ်ပင်ပန်းသွားပြီ " လို့ပြောပြီး ဆံပင်ကို သပ်ပေးလိုကလေတယ် ။ ထိုအခါမှ ဂျက်က ကျေနပ်သွားဟန်ဖြင့် အိမ်ရှေ့သို့ သွားလေသည် ။ ဘယ်ဟုတ်မလဲ သူ့ကလေးက နဂိုလို ချစ်လို့ မခေါ်လို့ ကောက်သွားတာဖြစ်တယ် ။ ဆိုင်းရက်တစ်ယောက်ကတော့ ဂျက်ကို စိတ်ပူပြီး မျက်နှာမသစ်ပဲ လာခဲ့ရသဖြင့် မျက်နှာသစ်ပြီးမှ မနက်စာပြင်ရလေသည် ။ ထိုသို့ဖြင့်လကုန်သော အချိန်သို့ရောက်သောအခါ တွင်လည်း ပုံမှန်နေ့တွေအတိုင်း ဂျက်ရဲ့ အိမ်မှာ မနက်စာပြင်နေတဲ့ အချိန် အိမ်ရှေ့မှ ဘဲလ် တီးသံကို ကြားလိုက်ရသောကြောင့်

Htoo System( Unicode & Zawgyi)Where stories live. Discover now