level-16

5.4K 389 32
                                    

Liနိုးလာတော့ရင်ခွင်တစ်ခုထဲကိုရောက်နေတာ မော့ကြည့်လိုက်တော့နူးညံ့လွန်းတဲ့မျက်ဝန်းတစုံနဲ့ကြည့်နေတဲ့မိဖုရား မိဖုရားကliကိုပြုံးပြပြီး လက်ချောင်းသွယ်သွယ်လေးတွေနဲ့liပါးပြင်လေးတွေကိုပွတ်သပ်ပေးနေတယ်
Jen-"နိုးလာပြီလားအရှင်ခေါင်းရောကိုက်နေပါသေးသလား သက်သာပါရဲ့ဘားအရှင်ရယ်"
Li="liသက်သာပါတယ်မိဖုရားရယ်...ဒါပေမယ့်လေ"
Jen="ဘယ်နားနေမကောင်းလို့ပါလည်းအရှင်"
Li-"နေလို့မကောင်းတာတော့မဟုတ်ပါဘူးဒါပေမယ့်ဗိုက်ကဆာလောင်လွန်းလှပါပြီ အဲ့တာ...."
Jen="jenသိပီနော်....အထိန်းတော်ကြီးအရှင့်အတွက်ပွဲတော်အုပ်ယူခဲ့စမ်းအခုချင်ချင်း"
အထိန်းတော်ကြီး-"အမိန့်တော်အတိုင်းပါ မယ်မယ်"
Liလည်းဖြေး​ဖြေးချင်းထထိုင်လိုက်တယ် ဒါပေမယ့်အားမရှိတော့ မိဖုရားရင်ခွင်ထဲဘဲပြန်ရောက်သွားတယ်
Jen-"အရှင်အားမရှိသေးဘူးနော် ဒါကြောင့်မို့ မိဖုရားရင်ခွင်ထဲဘဲနေပါ"
Li="ဟုတ်ကဲ့ပါ မိဖုရား"
ခနနေတော့ပွဲတော်အုပ်လာချတာနဲ့ဗိုက်ဆာလောင်နေပြီမို့ အများကြီးစားလိုက်သည် အဲ့တော့မှဗိုက်လေးတင်းပြီးနေရတာသက်သာတော့သည် မိဖုရားကတော့ဘေးကနေလက်ကိုင်ပုဝါလေးနဲ့liနှုတ်ခမ်းမှာပေနေသမျှကို စားနေတဲ့တစ်လျောက်လုံးထိုင်သုတ်ပေးနေရှာသည်
Li-"liစားလို့ဝပါပြီ ဒါကြောင့်ပွဲတော်အုပ်ကိုပြန်သိမ်းသွားပါတော့ ဒါနဲ့....ခနနေရင် နို့တစ်ခွက်နဲ့မုန့်အနည်းငယ်လာပို့ပေးပါ"
အထိန်းတော်-"အမိန့်အတိုင်းပါ အရှင်"
အထိန်းတော်ထွက်သွားတာနဲ့
Jen-"အရှင်ဆေးသောက်ရအောင်"
Li="ဆေး..."
Jen="နေမကောင်းတာသက်သာအောင်ဆေးသောက်ရပါမယ်အရှင်"
Li-"ဟုတ်သောက်ပါ့မယ် မိဖုရား"
Jenလည်းဆေးခွက်လေးကိုပေးလိုက်တော့အရှင်ကတစ်ကျိုင့်တည်းမော့သောက်လိုက်တယ်
Li="သောက်ပြီးပြီနော် မိဖုရား"
Jen-"ဟုတ်ပါပြီအရှင်ရယ်"
ဆေးခွက်ကိုပြန်ချပြီးတာနဲ့ခနထိုင်နေလိုက်ကြတယ် အရှင်ကတော့လက်ထဲမှာကြောင်လေးကိုပွေးပိုက်ကာပွတ်ပေးနေတယ်
Li="တောင်းပန်ပါတယ်နော်..."
Jen-"ဘာအတွက်ပါလည်းအရှင်"
Li="မိဖုရားမကြိုက်တဲ့နေရာကိုသွားခဲ့တာကြောင့် မိဖုရားကိုဒေါသထွက်စေမိလို့ပါ....နောက်တစ်ခါliမသွားတော့ပါဘူးနော်"
Jen="ရပီနော် jenလည်းအရှင့်ကိုချစ်လွန်းလို့ဒေါသထွက်မိတာပါ ​နောက်တစ်ခါမသွားဖူးလို့ဘဲကတိ​ပေးပါနော်"
Li="li ကတိပေးပါတယ်..."
Jen="ဘာကြောင့်ဆောင်ကြာမြိုင်ကိုသွားရတာသလဲအရှင်"
Li-"li...liပျင်းလို့ပါ နန်းတော်ကအထူးအဆန်းလိုဖြစ်နေတော့ နန်းဆောင်မှာဘဲနေရလွန်း၍ပျင်းလို့သွားတာပါ"
Jen="နောက်ဆိုjenကလွဲပြီးဘယ်မိန်းမသားကိုမှအရှင့်အသားမထိခိုင်းပါနဲ့နော်"
Li="ဟုတ်နောက်မဖြစ်စေရပါဘူး မိဖုရား..ဒါနဲ့လေ အမတ်chaeတို့ကliတို့လက်ထပ်တဲ့အချိန်ထပ်စောသလားဟင်"
Jen-"မစောပါဘူးအရှင်ရဲ့ အရှင်နဲ့jenလက်ထပ်ပြီးတစ်လကျော်အကြာမှာမှလက်ထပ်ကြတာပါ..."
Li="ဒါဆိုဘာကြောင့် liနဲ့မိဖုရားမှာကလေးမရှိရတာပါလည်း"
Jen-"ဟင်...."
Li="chaeတောင်ကလေးရသွားပြီးအခုဆိုjiwooလေးကတစ်နှစ်ကျော်နေပြီ ဒါပေမယ့်liနဲ့မိဖုရားမှာကျကလေးမရှိဘူး... မိဖုရားပြောသလိုliကမိဖုရားကိုမေတ္တာသက်ဝင်ခဲ့တယ် မိဖုရားကလည်းliကိုဒီလောက်ချစ်ပြီးဂရုစိုက်ကြင်နာနေတာတောင် liတို့ကဘာကြောင့်ကလေးမရှိရပါသလည်း...ဒါမှမဟုတ်..liကများမစွမ်းဆောင်နိုင်လို့ပါသလား liကိုယ့်ကိုကိုယ်တော့အဲ့လိုမထင်ပါဘူး...ဒါဆိုဘာကြောင့်ပါလည်းဟင်မိဖုရား"
Jenဘာပြောရမှန်းပင်မသိတော့
Jen-"....jenတို့တစ်ခါမှနှီးနှောခြင်းမရှိခဲ့ဖူးလို့ပါအရှင်"
Li="ဘယ်လို...မိဖုရားတကယ်ပြောတပါလား..."
Jen-"ဟုတ်ပါတယ်အရှင်အမှန်ပါ"
Li-"liတို့ဒီလောက်ချစ်ခဲ့တာအဲ့အခြေအနေထိတောင်မရောက်ခဲ့​ကြဘူးလား...ဒါဆိုမင်္ဂလာဦးညမှာဘာမှမဖြစ်ခဲ့ဖူးပေါ့.."
Jen-"ဟုတ်ပါတယ်အရှင်...... "
Li-"li တော်တော်အသုံးမကျခဲ့ဘူးထင်ပါရဲ့......."
မိဖုရားကliနှုတ်ခမ်းလေးကိုလက်ညိုးလေးနဲ့အသာအယာထိတွေ့ပြီး
Jen-"အရှင့်အသုံးမကျမှုမဟုတ်ခဲ့ပါဘူးအရှင်ရယ်....jenအမှားတွေပါ...."
ပြောရင်းငိုနေတဲ့မိဖုရားကို မိဖုရားရင်ခွင်ထဲက​နေသေချာထထိုင်ပြီး​leo​လေးကိုခနချထားလိုက်ကာ မိဖုရားကိုဖက်ပေးထားလိုက်တယ်
Li-"မငိုပါနဲ့မိဖုရားရယ် liကသိချင်လို့မေးကြည့်ရုံပါ ဘာမှမဖြစ်ပါဘူး...liအကုန်ပြန်မှတ်မိလာရင် liတို့ရင်သွေးလေးယူကြမယ်နော် အရင်ကပြဿနာကဘာမှမဖြစ်ပါဘူး"
Jen-"အရှင်တကယ်ပင်ပြောတာပါနော်....မှတ်မိရင်တကယ်ပင်ရင်သွေးလေးယူမှာပါနော်အရှင်"
Li-"liကတိပေးပါတယ်နော်..."
Jen-" ကျေးဇူးပါအရှင်ရယ်ဝမ်းသာလိုက်တာ... ကျေးဇူးတင်လိုက်တာ...."
ရင်ခွင်ထဲကမိဖုရားလေးဟာငိုနေတုန်းပါဘဲ
Li-"ကဲမငိုပါနဲ့တော့နော်....ညအတော်ပင်နက်နေပြီနားကြရအောင်ပါနော်"
Jen-"ဟုတ်...ဟုတ်ပါပီအရှင်"
ခနနေတော့အထိန်းတော်ကြီးယူလာပေးတဲ့နို့နဲ့မုန့်ကို ကြောင်လေးကိုကျွေးပြီး မိဖုရားကိုချော့သိပ်နေလိုက်တယ် ရင်ခွင်ထဲကမိဖုရားလေးကတော့ ရင်ဘတ်ကိုနမ်းကာခနနေတော့အိပ်မောကျသွာသည် liလည်းဆေးရှိန်ကြောင့်အိပ်ငိုက်လာသည် မိဖုရားကိုရင်ခွင်ထဲသေချာပွေ့ဖက်ထားကာ အိပ်စက်အနားယူလိုက်တယ်
နံနက်ခင်းရောက်သော်~~~~
Jenနိုးလာတော့အရှင်မရှိတော့ဘူး....လန့်သွားရသည် အိပ်ဆောင်ထဲကိုဝေ့ရှာကြည့်တော့လည်းအရှင်ကမရှိကုတင်အောက်ကကြောင်လေးကလည်း နို့သောက်ကာမုန့်စား​​နေသည် အရှင်နိုးပြီးတော့ကြောင်လေးကိုတောင်မုန့်ကျွေးပြီးနေပြီထင်သည် သေချာကြည့်တော့မှ အရှင့်ဝတ်ရုံတွေကို တွေ့ရသည် ကြည့်ရတာအရှင်ရေချိုးနေပုံပင် jenရေချိုးဆောင်ထဲဝင်သွားတော့တွေ့ပါပီjenရဲ့အရှင် ရေချိုးကန်ထဲမှာစိမ်နေပုံပင် jenမျက်နှာတွေပူလာသည် အပေါ်ပိုင်းဗလာကျင်းနေတဲ့အရှင့််ခန္ဓာကိုယ်အချိုးအစားဟာ jenကိုပူလောင်စေတယ်
Li-"မိဖုရား ကိုယ်လက်သန့်စင်ဖို့လား"
Jen="အမ်.....ဟို...ဟို...အရှင့်ကိုမတွေ့လို့ရှာကြည့်တာပါ အခုတော့တွေပြီ"
Li="လာလေဒီနားကို..."
Jenလည်းအရှင်လက်တင်ထားတဲ့ရေချိုးကန်ဘောင်မှာသွားထိုင်လိုက်တယ် နီးကပ်လာပြီးသေချာကြည့်မှ ဖြူဖွေးနေတဲ့အသားအရည် ပြီးတော့အမာရွတ်တစ်ခု ဓားရာလိုပင် jenလည်းကျောပြင်ပေါ်လက်တင်ပြီးအမာရွတ်ကိုကိုင်ကြည့်လိုက်တော့
Li-"ဘာဖြစ်လို့ပါလည်း မိဖုရား"
Jen="ဒီအမာရွတ်ကဘယ်လိုဖြစ်တာပါလည်းအရှင်"
Li-"li နိုးလာတော့အဲ့ဒဏ်ရာကိုတွေတာဘဲ သမားတော်ပြောတာတော့အခုတ်ခံရတာတဲ့ စစသတိရချင်းတုန်းကဆိုပလက်လှန်အိပ်လို့တောင်မရပါဘူး နာကျင်လွန်းလို့ နောက်မှတဖြည်းဖြည်းဒဏ်ရာကကျက်သွားတာ "
Jen-"အရမ်းနာခဲ့တာလားဟင်"
Li-"အရမ်းပေါ့ liဆိုအဲ့တုန်းကဆေးထည့်တိုင်းမျက်ရည်တွေတောင်ဝဲတယ်"
Jen="နောက်တစ်ခါအခုလိုမဖြစ်စေရဘူးနော် jenကအနားမှာအမြဲရှိနေပေးပါ့မယ်"
Liလည်းကျောပြင်ကိုပွတ်သပ်နေတဲ့မိဖုရားလက်လေးကိုကိုင်ပြီး မျက်နှာချင်းဆိုင်ကာ
Li-"liဘာမှမဖြစ်တော့ပါဘူးနော် စိတ်မပူပါနဲ့...."
ဒီတစ်ခါတော့liဘက်ကစနမ်းလိုက်သည်  ဝမ်းနည်းနေတဲ့မိဖုရားကိုနှစ်သိမ့်ပေးဖို့အကောင်းဆုံးနည်းလမ်းဖစ်မှာပါ
အရှင်ရဲ့မထင်မှတ်တဲ့အနမ်းကိုတမ်းတမ်းတတတုံ့ပြန်မိတယ် အရှင်ကjenခန္ဓာကိုယ်လေးကို ရေချိုကန်ထဲပွေ့ခေါ်သွားပြီးနှစ်ဦးသားရေကန်ထဲမှာအနမ်းတွေဖော်ကြူးနေတယ် နောက်တော့အကြည့်ချင်းစုံပြီး
Li-"နောက်တစ်ခါဝမ်းမနည်းပါနဲ့နော် မိဖုရားဝမ်းနည်းရင် liနှလုံးသားကနေရတာအဆင်မပြေလို့ပါ"
jenလည်းအရှင့်ရင်ဘက်လေးပေါ်လက်လေးတင်ပြီး အကြည့်ချင်းစုံကာ
Jen="နောက်တစ်ခါမဖြစ်စေရဘူးနော် အရှင်ကjenအနားမှာဘဲနေပေးပါ"
ဒီတစ်ခါတော့jenကသာပြန်စတင်လိုက်တယ် နှစ်ဦးသားအနမ်းတွေဟာပိုပြင်းထန်နေပြီး ပိုထိတွေ့လေပိုလိုချင်လေပါဘဲ အရှင်နှုတ်ခမ်းတွေကjenလည်တိုင်ကိုဆင်းသွားတဲ့အချိန်မှာ ခဲစားချက်တွေဟာအကောင်းဆုံးဘဲ အရှင်စုပ်နမ်းရအောင်လည်တိုင်လေးကိုအသာမော့ပေးကာ အရှင်လည်တိုင်မှာလက်တွေတွယ်ချိတ်ထားလိုက်တယ် အရှင့်ရဲ့အနမ်းတွေကjenကိုရူးသွပ်စေလောက်အောင်ဆွဲ​ဆောင်နိုင်တယ် jenအပေါ်ပိုးထည်တွေကိုချွတ်လိုက်တော့ အရှင်က ရင်ဘက်တစ်ဝိုက်နဲ့ရင်ညွှန်နားကိုနမ်းလာတယ် ပြီးတော့ရုတ်တရပ်ရပ်သွားပြီးjenကိုကြည့်လာတယ်
Jen="ဘာဖြစ်လို့လည်း အရှင်"
Li-"မိဖုရားငိုနေတယ်....."
Jen="အရှင်......."
Li-"liကြောင့်ငိုနေတာလားဟင်....liမရည်ရွယ်ပါဘူး.."
ပြောရင်းအရှင်ကငိုနေသည်......
Jenလည်းအရှင့်ကိုရင်ခွင်ထဲပွေးပိုက်လိုက်တော့
Li-"li မရည်ရွယ်ပါဘူး....liကိုမမုန်းပါနဲ့😭😭😭liကြောက်တယ်"
Jen-"အရှင်ရယ် မငိုပါနဲ့ jenမငိုဘူးလေနော်.......jenကိုကြည့်ပါအုံး"
အရှင့်မျက်နှာလေးမော့လာတော့ ငိုထားတာကြောင့်ဘဲဘားဒါမှမဟုတ်ဘယ်အရာကိုကြောက်​နေရသလည်းဖြူဖျော့နေတဲ့မျက်နှာနဲ့နှုတ်ခမ်းပါးလေးတွေ
Li="မိဖုရားမငိုဘူးလား...တကယ်ပါနော်"
Jen-"တကယ်ပါ ကြည့်ပါအုံးjenမငိုပါဘူးအရှင်ရဲ့... ဘာကြောင့်ငိုရမှာလည်း အရှင်သာယာမှုတွေပေးနေတာကို jenကျေနပ်နေတာပါ"
Li-"li...liနမ်းနေတုန်းလေရှိုက်သံကြားရတယ် မျက်လုံးထဲမှာပေါ်လာတာ မိဖုရားငိုနေတာ...ပြီးတော့ မိဖုရားအသားကိုမထိပါနဲ့လို့လည်းပြောတယ် မုန်းတယ်လို့လည်းပြောတယ်...."
Jen-"အရှင်ရယ်....."
အရှင့်ကိုသေချာပွေ့ဖက်ပြီး ချော့မြူနေမိတယ် 'တောင်းပန်ပါတယ်အရှင်ရယ်jenရဲ့အရင်ကမကောင်းတဲ့လုပ်ရက်တွေပါ' jen လည်းအရှင့်မျက်နှာပေါ်ကမျက်ရည်တွေကိုသေချာသုတ်ပေးလိုက်ပြီး
Jen-"မငိုပါနဲ့တော့နော်...jenမငိုပါဘူး....တိတ်တော့နော်"
Li="nae မိဖုရား....."
Jen="နေမကောင်းတာရေအကြာကြီးမချိုးသင့်ဘူးနော် ဝတ်ရုံလဲရအောင်အရှင်တော်ကြာပိုပြီးနေမကောင်းဖြစ်နေပါ့မယ်..."
Li-"nae မိဖုရား"
Jenတို့လည်းရေချိုးကန်ထဲကတက်လာပြီး....ဝတ်ရုံလဲနေလိုက်တယ် jenဝတ်ရုံလဲပြီးတော့အရှင်ကအိပ်ဆောင်ထဲတောင်ဝတ်ရုံလဲပြီးရောက်နေပြီးကြောင်လေးကိုပွတ်သပ်နေသည်
Jen-"အရှင်...."
Li-"မိဖုရားးး☺☺☺"
Jen="နေရတာသက်သာရဲ့လားအရှင်"
Li-"သက်သာပါတယ် ဒါနဲ့ဒီနေ့ခေါ်သွားစရာနေရာရှိတယ်ဆို"
Jen"+-"ဒီနေ့မသွားသေးဘူးနော် နေမကောင်းဘူးလေမဟုတ်သလား နားလိုက်ပါအုံးနော် နေကောင်းသွားရင်ခေါ်သွားပါမယ်"
Li-"ဟွန့်....တော်ပီ..."
ပြောပြီးတာနဲ့ကုတင်ပေါ်လှဲကာ ဆောင်ကြီးကိုခေါင်းထိခြုံသွားသည့်အရှင်
Jen-"အရှင် စိတ်မဆိုးပါနဲ့နော် နောက်နေ့ကျခေါ်သွားပါမယ်နော် ထပါအုံးအရှင်ရယ် ပွဲတော်တည်​ရမယ်လေ ခနနေဆေးအပ်ဆိုက်ရင်အားမရှိဖြစ်နေပါလိမ့်မယ် ထပါနော်"
Jenဘာအသံမှမကြားရတိတ်ဆိတ်​နေလျက်သာ
Jen="အရှင်....လိမ်မာပါတယ်နော် ဒီနေ့မရတော့ဘူးဆိုပေမယ့် မနက်ဖြန်ကျရင်ကျိန်းသေကောင်ခေါ်သွားပါမယ်နော်"
အဲ့တော့မှ​စောင်ပုံထဲကနေခေါင်းလေးတိုးထွက်လာပီး
Li-"ကတိပေးနော်...အဲ့တာမှပွဲတော်တည်မယ်"
Jen="ဟုတ်ပီနော် ..ကတိပေးတယ်..ဟုတ်ပါပီလား..လာပွဲတော်တာ်မယ်နော်...အထိန်တော်ကြီးပွဲတော်အုပ်ယူခဲ့ပါတော့"
အထိန့းတော်ကြီး-"nae မယ်မယ်"
ခနနေတော့ပွဲတော်အုပ်ရောက်လာပြီး မနက်စာသုံးဆောင်နေကြတယ် မိဖုရားအစားသားနေတာလေးကချစ်ဖို့ကောင်းတယ်လို့စိတ်ထဲမှာမှတ်ချက်ချမိတယ် ပါးစပ်လေးလှုပ်တိုင်းဖောင်းနေတဲ့ပါးလေး ချစ်ဖို့ကောင်းမှုပါဘဲ ပွဲတော်တည်ပြီးတာနဲ့သမားတော်ကရောက်လာတယ်
သမားတော်-"ဆေးအပ်တိုက်ချိန်ရောက်ပါပြီအရှင်"
Li-"အမ်....ရပါပီဆိုက်ပါတော့"
ပြောတာပြောနေရတာသမားတော်ထုတ်လာတဲ့အပ်ကိုliကြောက်တယ် li အပ်ကြောက်တယ်အဲ့အဆူးသေးသေးလေးကိုပေါ့
      အရှင့်ကိုကြည့်ရတာကြောက်နေတဲ့ပုံပင် ပုခုံးလေးကိုပွတ်ပေးလိုက်တော့jenကိုကြည့်လာတယ်
Jen="အဆင်ပြေသွားမှာပါအရှင်"
Li-"ဟုတ်ကဲ့ပါ မိဖုရား"
မျက်လုံးလေးမှိတ်အံကြိတ်ပြီးအပ်ဆိုက်ခံနေတဲ့အရှင်ဟာ အပ်ဆိုက်လို့ပြီးသွားမှမျက်လုံးလေးပြန်ဖွင့်လာတယ် jen​ကြည့်မိတော့မျက်ရည်တွေဝဲ​နေတဲ့ပုံပင်
Jen="ဆေးရောလိုပါသေးသလားသမားတော်ကြီး"
သမားတော်ဆေးနှစ်ခွက်ပေးခဲ့ပါမယ်မေ့လည်ကျရင်တစ်ခွက်နဲ့ညကျရင်တစ်ခွက်ပါကျန်တာကတော့အနားယူဖို့ဘဲလိုပါတယ်"
Jen="ကောင်းပါပီ အထိန်းတော်ကြီးသမားတော်ကိုပြန်လိုက်ပို့လိုက်ပါ"
အထိန်းတော်ကြီး-"nae မယ်မယ်"
အကုန်လုံးအိပ်ဆောင်အပြင်ကိုထွက်သွားပြီးနှစ်ဦးသားကျန်တော့မှ
Jen-"ကြောက်လို့ပါလားအရှင်အပ်ကို"
Li-"nae အဲ့အချွန်သေးသေးလေးကိုliကြောက်တယ်"
Jen-"အဆင်ပြေသွားမှာပါအရှင်ရယ်"
ရင်ခွင်ထဲကိုထွေးပွေ့ထားပြီးခနကြာတော့
Li-"နန်းတေယ်ထဲမှာစာကြည့်တိုက်ရှိတယ်မဟုတ်လား မိဖုရား"
Jen-"ရှိပါတယ်အရှင်ဘာလိုချင်လို့ပါလည်း"
Li-"ဒါဆို စာကြည့်တိုက်ကိုသွားကြရအောင်ပါ li စာဖတ်ချင်လို့စာမဖတ်ရတာနည်းနည်းကြာနေပြီလေ"
Jen-"အရှင့်သဘောပါဘဲနော် သွားကြတာပေါ့"
Li="nae မိဖုရား"
စာကြည့်တိုက်ကိုရောက်လာတော့ အရှင်ကနန်းတွင်းဓားရေးကိုဖတ်နေတာjenကိုပင်ရှိတယ်ဆိုတာမသိတော့လောက်အောင်ပေါ့ စာကိုသာသေချာအာရုံစိုက်နေတဲ့အရှင်ကလုံးဝကြည့်လို့ကောင်းပါတယ် ချောမေယလွန်းတဲ့အရှင့်မျက်နှာလေးက စာဖတ်တိုင်မျက်ခုံးလေးနှစ်ဖက်ကစုသွားလေ့ရှိသည် ပြုံးရင်တောင်တည်ကြည်နေသည့်အရှင်ဟာ jenရဲ့အပိုင်ပင် ဒါပေမယ့် jenကိုဝရုမစိုက်တာတော့စိတ်ဆိုးချင်စရာမကောင်းလွန်းဘူးလား...နှစ်နာရီနီးပါးလောက်ထိုင်နေရတော့jenပျင်းလာပြီး အရှင်သတိထားမိအောင်ထပြီးလမ်းလျောက်နေမိတယ် ဒါပေမယ့်အရှင်ကတော့စာအုပ်မှာဘဲအာရုံရောက်နေတယ် နောက်ဆုံးလုံးဝမရတော့မှ
Jen-"အရှင်...."
မိဖုရားရဲ့စိန်မရှည်သလိုအသံလေးကြောင့်liချက်ချင်းကြည့်မိတော့ နှုတ်ခမ်းလေးဆူထော်ကာလက်ပိုက်နေတဲ့မိဖုရားပင် liလည်းအချိန်ကိုကြည့်မိတော့ထိုင်နေတာနှစ်နာရီတောင်ရှိနေပြီ သူပျင်းနေပြီဖြစ်လိမ့်မည် liလည်းဖတ်လက်စ စာအုပ်လေးကိုပိန်လိုက်ပြီးရပ်လိုက်ကာ
Li-"မိဖုရားပျင်းနေပြီလား....ဒါဆိုနန်း​ဆောင်ပြန်ကြမယ်နော်"
မိဖုရားကဘာမှမပြောဘဲအရှေ့ကနေထွက်သွားသည် liနဲ့အရံတော်တွေလည်းအမြန်လိုက်ရတော့သည်
အဆောင်ထဲရောက်ပြန်တော့လည်းဘာစကားမှပင်မပြောတာကြောင့်liလည်းပါလာတဲ့ဖတ်လက်စစာအုပ်ကိုသာဆက်ဖတ်နေလိုက်သည်...
        အရှင်ကစိတ်ဆိုးနေသည်ကိုလာမချော့ဘဲစာအုပ်ကိုသာဆက်ဖတ်​နေတယ် jenဝမ်းနည်းလာရသည် jenကစာအုပ်လောက်တောင် ဆွဲဆောင်နိုင်ခြင်းမရှိဘူးလားအရှင့်ကို ဝမ်းနည်းလာတဲ့စိတ်ကြောင့်ငိုလိုက်မိတယ်
      Liစာဖတ်နေရင်းငိုသံကြားလို့​ကြည့်မိတော့မိဖုရားကငိုနေသည် liလည်းစာအုပ်ကိုအမြန်ပိတ်ကာမိဖုရားအနားအမြန်သွားလိုက်ပြီး
Li-"မိဖုရားဘာဖြစ်လို့ပါလည်း"
Jen-"အရှင် jenကလေ အဲ့စာအုပ်လောက်တောင်အရှင့်ကိုမဆွဲ​​ဆောင်နိုင်ဘူးလားအရှင်၊အဲ့စာအုပ်လောက်တောင်အရှင့်အာရုံစိုက်ခံမှုတွေမရသင့်ဘူးလားအရှင်၊အဲ့စာအုပ်လေက်တောင် jenကစိတ်ဝင်စားစရာမကောင်းလို့ပါသလား..... အရှင် jenကိုဘာလို့လျစ်လျှူရှုထားရတာပါလည်း အရှင်ရယ်....."
ပြောရင်းပိုငိုလာသည့်မိဖုရားကိုရင်ခွင်ထဲထည့်ကာချော့မြူနေမိသည်
Li="တောင်းပန်ပါတယ် မိဖုရားရယ် li မိဖုရားကိုလျစ်လျှူရှုမိသွားခဲ့တာliအပစ်တွေပါ နောက်ဆိုမိဖုရားကိုပိုဂရုစိုက်ပေးပါ့မယ် နောက်ပြီးတော့ စာအုပ်ထပ် မိဖုရားကliကိုပိုဆွဲဆောင်နိုင်ပါတယ်၊liရဲ့အာရုံကိုလည်းမိဖုရားကအဖမ်းစားနိုင်ဆုံးပါ၊မိဖုရား ကli အတွက်အဓိပ္ပါယ်ဖွင့်ပြောပြလို့မရလောက်အောင်အဓိပ္ပါယ်ရှိသူပါ အတိတ်ကိုမမှတ်မိသေးရင်တောင်liမှလုံးသားတစ်ခုလုံးက မိဖုရားဆိုတဲ့မိန်းကလေးအတွက်တာ မြန်ဆန်လှုပ်ရှားနေရတာပါ...."
မိဖုရားပါးပြင်ပေါ်ကမျက်ရည်စလေးတွေကိုသုတ်ပေးပြီးလက်​လေးမျက်နှာလေးကိုဖွဖွပွတ်ပေးပြီး
Li-"li မနက်ကပြောခဲ့တယ်မဟုတ်ပါသလား မိဖုရားငိုရင်liရင်ဘတ်ထဲမှာနေလို့မကောင်းဘူးဆိုတာကို ဘာကြောင့်အဲ့လိုဖြစ်လည်းတော့မသိပေမယ့် liနှလုံးသားကမိဖုရားနဲ့တွေ့ရင်အလိုလိုဖြစ်ပေါ်လာတာတွေပါ မိဖုရားရဲ့နူညံ့တဲ့အကြည့်တွေ၊ချိုသာတဲ့အပြောတွေ၊အကြင်အနာအထိအတွေ့တွေကတဆင့်မိဖုရားliကိုဘယ်လောက်ချစ်ကြောင်းသိရပါတယ် li အခုချိန်မှာမိဖုရားကိုliရင်ထဲကအကြောင်းတွေဘယ်လိုပြောပြရ​မှန်းမသိပေမယ့် li အကုန်သတိရတဲ့အခါကျရင် ရင်ထဲကအကြောင်ူအရာတွေကိုအတိုးရောအရင်းရောပေါင်းပြီးပြောပြပါမယ်နော် အခုတော့ မငိုပါနဲ့တော့နော် li ရင်ထဲမှာနေလို့မကောင်းတော့ဘူး"
အရှင့်အ​ကြည့်​တွေအပြောတွေကjenကိုအရည်ပျော်စေတယ်
Jen-"ချစ်တယ်အရှင် အရမ်းဘဲချစ်ရပါတယ်"
Li-"မိဖုရားရယ်"
Liလည်းမိဖုရားကိုယ်လေးကိုပွေ့ကာအိပ်ဆောင်ခန်းထဲဝင်လာခဲ့ပြီးကုတင်ပေါ်ချပေးပြီးချော်မြူနေခဲ့တယ် ဒီတစ်နေ့တော့ မိဖုရားကိုသာliသေချာချော့ရပေမည် ဝမ်းနည်းနေတဲ့မိဖုရားလေးကိုအနမ်းတွေပွေ့ဖက်မှုတွေ အကြင်နာတွေနဲ့နွေးထွေးမှုပေးရပေမည်....liမြတ်နိုးရတဲ့မိဖုရားလေးကအရမ်းချစ်တက်ပါပေတယ် liလည်တိုင်မှာမျက်နှာလေးအပ်ထားကာနမ်းချင်သလိုနမ်းနေတာများ liအပေါ်ဝတ်ရုံကို​တောင်ချွတ်ပေးထားရသည် မိဖုရားကတစ်ခါတစ်လေနူးညံ့သလိုတစ်ခါတစ်လေကြောက်ဖို့ကောင်းတယ်၊တစ်ခါတစ်လေတည်ငြိမ်အေးဆေးသလို တစ်ခါတစ်လေလိုချင်တာမရလို့ငိုသည့်ကလေးလိုငိုကာချွဲတက်သေးသည် li​တေ့ဒီတစ်နေ့ကုတင်ပေါ်ကပင်ဆင်းခွင့်ရမယ်မထင် liခန္ဓာကိုယ်တစ်ခုလုံးကိုမိဖုရားကသာအပိုင်ယူထားကာ လည်တိုင်နဲ့မျက်နှာတစ်ခုလုံးကိုအနမ်းမိုးတွေရွာချကာကျေနပ်နေပုံပင်.....liလည်းမိဖုရားစိတ်ကြိုက်သာနေပေးသည် liကိုယ်တိုင်ကလည်း မိဖုကားလုပ်သမျှကိုကျေနပ်နေမိပါသည်......... အရာအားလုံးအေးချမ်းသည် မိဖုရားနဲ့ရှိနေလို့သာဖြစ်ပါလိမ့်မယ်....။

#Level-16(end)

သိပ်ချစ်ရပါသော_____မိဖုရားWhere stories live. Discover now