TGCF LA🍁🌸

1.5K 56 17
                                    

TGCF (HOB)ကို LAပြန်ရိုက်မယ်ဆိုတာ အားလုံးသိပြီးကြပြီထင်ပါတယ်။
Cast တွေလဲ သိသင့်သလောက်သိပြီးကြရောပေါ့။

ဒီphoto bookလေးမှာ ထပ်ပြီး Castလေးတွေ ကိုမိတ်ဆက်ပေးချင်လို့ပါ🍁

လောလောဆယ်အထိတော့ ဟွားချန်၊ ရှဲ့လျန်၊ ချင်းရွှမ် ရယ်က Confirm နေပါပြီ။
ကျန်တဲ့ Castတွေလဲ ထွက်နေပါပြီ။
ဒါပေမဲ့ TGCF Myanmar page (Branch of Tian Guan Ci Fu) က ‌ဟွားချန်၊ ရှဲ့လျန်နဲ့ ချင်းရွှမ်ကိုပဲ မိတ်ဆက်ထားသေးတယ်။ Cambodia page တို့အခြားပေ့တွေမှာတော့ ကျန်တဲ့ cast တွေပါ မိတ်ဆက်ပေးထားတယ်။

ဒီမှာ တော့ အရင်ဆုံး ဟွားချန်၊ ရှဲ့လျန်၊ ချင်းရွှမ် တို့ကို မိတ်ဆက်ပေးမယ်နော်။

တစ်ခုမှာချင်တာ ရှိပါသေးတယ်။
အဲ့တာက တစ်ချို့ NV fanတွေက ကိုယ်အရမ်းတန်ဖိုးထားတဲ့ NV တစ်ခုကို အသက်သွင်းတာ မကြိုက်ကြဘူး။ ရုပ်ရှင်မရိုက်စေချင်ကြဘူးပေါ့။ ဒီမှာ ကိုယ်ပြောချင်တာက ကိုယ့်ခံယူချက်လေးပါ။
ဘာလဲဆိုတော့ ကိုယ်ကလဲ TGCF NV fan တစ်ယောက်ပါ။ LA စစရိုက်မယ်ဆိုတုန်းက တော်တော်လေး ရှော့ ရသွားပါတယ်။ ဒါပေမဲ့ သေချာပြန်တွေးကြည့်ပါတယ် ငါက NV fanတစ်ယောက်၊ TGCF ကို အရမ်းမြတ်နိုးတဲ့သူတစ်ယောက်၊ ဖြစ်တဲ့အတွက် ငါ့ရင်ထဲက ထျန်းကွမ်းက ဘယ်တော့မှ မပြောင်းလဲဘူးပေါ့၊ ရင်ထဲက ဇာတ်ဆောင်တွေ ၊ NV ဖတ်ရင်း စိတ်ကူး ထဲက ဇာတ်ကွက်တွေက ငါတစ်ဦးတည်းရဲ့အပိုင်ဖြစ်တယ် ဘယ်တော့မှ မပြောင်းလဲနိုင်ဘူး။

LA ရိုက်မယ်၊ ဟုတ်ပြီ ရိုက်ပါ။ အားပေးဖို့ အဆင်‌သင့်ပါပဲ ကိုယ်မြတ်နိုးရတဲ့ NV လေးက စာဖတ် သူတွေ ရင်ထဲ တင်မကပဲ ရုပ်ရှင် ပရိတ်သက်တွေရဲ့ ရင်ထဲထိ ရောက်တော့မဲ့ အတွက် ဂုဏ်ယူရပါတယ်။ မားမော့ရဲ့ အောင်မြင်မှုအတွက်လဲ ဂုဏ်ယူပါတယ်။

တစ်ခုတစ်ခါတည်း ဆုံးဖြတ်ထားတာကတော့ ရုပ်ရှင်ဟာ ရုပ်ရှင်ပါပဲ ၊ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲခံစားပြီး ကြည့်မယ်။ ငါ့ရဲ့ ထျန်းကွမ်းဟာ ငါ့အတွက်တော့ ဘယ်တော့မှ မပြောင်းလဲဘူး။။

ဒါလေးပါပဲ ပြောချင်တာက။
NV fan တွေကို မှာချင်တာက ကြည့်ဖို့အတွက် စိတ်အဆင်မပြေရင် လုံးဝမကြည့်ပါနဲ့။ LAရော NVရော အားပေးမဲ့ သူတွေကလဲ အားပေးကြပါ။ ဒါဆို မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်တော့ဘူးလို့ထင်ပါတယ်။
နောက်ပြီးတော့ LA မရိုက်ခင်ထဲက ဒီကားထဲက မင်းသားတွေရဲ့ ပရိတ်သက်တွေရှိမှာပါပဲ။
သူတို့က အရင်ကြိုက်လာတဲ့သူတွေပေါ့။ အရင်ပဲကြိုက်ကြိုက်၊ နောက်မှပဲကြိုက်ကြိုက်၊ ကိုယ့်မင်းသားရဲ့ အောင်မြင်မှုကိုပဲကြည့်ပြီးဂုဏ်ယူကြပါ ။ မင်းသားဆိုတာ အောင်မြင်လာတာနဲ့အမျှ လူကြိုက်များလာမှာပါပဲ ၊ခံနိုင်ရည်ရှိကြပါလို့။

Heaven Official's Blessing [TianGuanCiFu_Fanarts]Where stories live. Discover now