part 1

482 63 14
                                    


2:00 AM

'' Tingg ''

ဖုန်းမှ noti သံကြောင့် ရေးလတ်စစာအုပ်ကိုရပ်လိုက်ကာဝင်လာသည့် message ကိုဖွင့်ကြည့်မိသည် ပို့လာသူမှာသူ့သူငယ်ချင်း Ben

''SeokJin မင်းသိပြီးပြီလား "

''အချိန်လေးလည်းကြည့်ပါအုံး"

" မင်းမသိသေးဘူးမလား ငါ link ပို့လိုက်မယ် "

ချက်ချင်းဆိုသလို link တခု ဝင်လာသည်။
သတင်းခေါင်းစဉ်နဲ့တင် သူ့ခေါင်းတစ်ခုလုံးချာချာလည်သွားရ၏ ။

" Kpop star jungkook jeon dating"

" ဟယ် " သူ့မျက်လုံးကိုသူပင်မယုံ
Dating ဆိုတဲ့သဘောက အဲ့ကောင်လေးရည်းစားရနေတာလား ။

သေချာသွားအောင် အောက်ကစာတွေ ဆက်ဖတ်သည် နာမည်ကြီး page တွေထဲတွင်လိုက်ရှာသည် အဖြေကတစ်ပုံစံထဲ။

သေချာပါပြီ ဒါပေမဲ့
မဖြစ်နိုင်တာ ဟိုတလောကတင်သူ့အိမ်သွားလည်တော့ ဒီအကြောင်းလည်းဘာမှမပြောပါဘူး။
"အခုချိန်ဆို ဒီကောင်လေးအလုပ်ရှုပ်နေတော့မှာပဲ"

ဘာရယ်တော့မဟုတ် dating rumor အထွက်ခံရသည့်လူကိုမြင်ချင်ရျ် နေရာစုံလိုက်ရှာကြည့်မိသည်။

jungkook ရည်းစားဟုထင်ကြေးပေးနေကြသည့် ပုံကို page တစ်ခုမှသူ မြင်လိုက်ရသောအခါ ဖြန်းခနဲပင်ကြက်သီးများထရင်း ပါးစပ်မှလွှတ်ခနဲဆဲလိုက်မိသည်။

"SHIBAL ငါ့ပုံပါလား"

FLASH BACK START
(ဆက်တိုက် Flash back ပဲ သွားပါမယ် )

ဆောင်းရာသီဖြစ်သောကြောင့် နှင်းတို့၏
သဘာဝအတိုင်း ခပ်ဖွဲဖွဲ တလိမ့်လိမ့် ကျဆင်းလာကြသည် နာရီကြည့်မိတော့ နံနက် 6 နာရီခန့်

"နှင်းတွေပဲကြည့်မနေနဲ့လေ ကျွန်တော့်ကိုလည်းကြည့်အုံး "

ဘယ်အချိန်ကတည်းကကားမှတ်တိုင်ကို ရောက်လာမှန်းမသိသောကောင်လေးသည် သူ၏ ပုခုံးကို လက်တဖက်ဖြင့် ဆွဲဖက်လိုက်ပြီး
အမိုးပေါ်မှကျနေသော နှင်းများကိုလက်ဖြင့် အသာခံကြည့်လိုက် လျှာထုတ်ပြီးအရသာခံလိုက်လုပ်နေသည်။

" မင်းထီးမယူလာဘူးလား "

"တမင်မယူလာတာကပ်ဆောင်းချင်လို့
ဒါပေမဲ့ seokjin ကကျွန်တော့်ကိုမစောင့်ပဲ အရင်သွားနှင့်တယ် "

CAN I BE YOUR FAV BOY?Where stories live. Discover now