{၂၀}U/Z

82.5K 10.3K 1.9K
                                    

Unicode

နေ့လယ်အတန်းဆင်းခေါင်းလောင်းသံကြားသည်နှင့် အတန်းထဲကလူများက လှုပ်ရှားလာကြသည်။အတန်းချိန်ကိုပိုယူတတ်သည့် ဌာနမှူးကြောင့် အပြင်သို့အတင်းထွက်ရလည်းမဟုတ်။ မျက်နှာအိုကြီးတွေနှင့်ထိုင်နေကြရသည်။တချို့ကလည်းစပ်ဖြဲဖြဲဖြင့် အတန်းဆင်းပေးဖို့ အပြုံးဖြင့်လာဘ်ထိုးနေသည်။

"ဆင်းကြတော့ ဆင်းကြတော့။ မျက်လုံးတွေလည်း ငါ့ လာမှန်ကြဦးမယ်။"

ဌာနမှူးဆီကနေခွင့်ပြုချက်ရသည်နှင့် အကုန်လုံးမတ်တပ်ထရပ်ကာ နှုတ်ဆက်ပြီးနောက် သူ့အုပ်စု ကိုယ့်အုပ်စု ထပြန်ကြလေသည်။
တချို့ကကန်တင်းကိုသွားကြလိမ့်မည်။တချို့ကတော့အဆောင်ပြန်ကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ညနေအတန်းက မတက်လည်းရလေပြီ။ Course (သင်ခန်းစာ)ပြတ်ပြီမို့ ကိုယ့်ဘာသာကိုယ် စာကျက်ဖို့ရန်အချိန်ယူကြတာများသည်။
သို့သော်လည်းကျောင်းသား၊ကျောင်းသူတို့၏ထုံးစံအတိုင်း စာမကျက်ဘဲ စကားများချင်လည်းများကြလိမ့်မယ်။ အုပ်စုဖွဲ့ပြီးစာအုပ်ရှေ့ချထားတိုင်းစာလုပ်နေကြသည်မဟုတ်။
စာအုပ်ဗန်းပြ စကားများကြသည့်ဓလေ့။

"မင်း အဆောင်ပဲတန်းပြန်မှာလား။ကန်တင်းထိုင်ဦးမှာလား။နေ့လယ်စာဘာစားမှာလဲ။ ညနေ အတန်းလာတက်မှာလား"

မေးခွန်းတွေဆက်တိုက်မေးနေတာကြောင့် စောနရီသည် Ec ကို ကြောင်နနကြည့်ကာ
"ဘာလို​့လဲ။"

"ကိုနွေဦးက ငါ့ကိုမှာသွားတယ်ကွ။ နေ့လယ်စာထမင်းစားဖို့ ဆွဲခေါ်သွားတဲ့။ ကိုဇေရဲတို့နဲ့ တူတူဝိုင်းလိုက်မယ်လေ။ဦးချစ်ဆိုင်မှာပဲရှိမယ်ပြောတယ်"

စောနရီ၏ ခပ်မှိုင်းမှိုင်းမျက်ဝန်းများသည် အမှာစကားတစ်ခုကြောင့် အရောင်လက်လာသည်။
မောင် ခရီးမသွားခင်ကလည်း သူ့ကို အသေးစိတ်မှာခဲ့ပါသေးသည်။ သူက ကလေးလည်းမဟုတ်ပါဘဲ။ မနေ့ကသွားတာမို့ မနက်ဖြန်တော့ပြန်ရောက်မည်ထင်ပါသည်။
ယခင်သုံးနှစ်တာ နေသားကျနေသည့်နေထိုင်မှုပုံစံက မောင်နဲ့တွေ့မှ လှိုင်းထလာသည်။
ဘေးနားကနေ တတွတ်တွတ် မှာသည့်လေပြေအေးအသံလေးကို တိုက်ရိုက်မကြားရပေမဲ့ ကိုယ်စား တော့မှာဖို့မမေ့။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now