One shot

672 117 1
                                    

Unicode

ကမ္ဘာမှာရှင်ကျန်ရစ်တဲ့နောက်ဆုံးလူသား

ကမ္ဘာပျက်ပြီးတဲ့အချိန်မှာ ကမ္ဘာမြေပေါ်မှာရှိတဲ့ နောက်ဆုံးသောလူဟာ အိမ်မှာထိုင်နေတုန်းမှာ တံ​ခါးခေါက်သံတစ်ချက်ကို ကြားလိုက်ရတယ်။

ကမ္ဘာက ပုံမှန်အတိုင်းရှိနေစဉ်က ဒီပေါင်းကူးမှုကို ကြားဖူးပေမဲ့လည်း သူ့ဆီမှာ ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကြောက်ရွံ့မှုတွေနဲ့ တံခါးဆီကို တုံချိတုံချိ လျှောက်သွားပေမဲ့လည်း တံခါးကိုမဖွင့်ရဲတာကြောင့် နားရွက်ကို တံခါးရွက်မှာပဲ ကပ်ထားလိုက်တယ်။

"ထာဝရအသက်ဘဝကို မင်းရရှိပါစေလို့ ငါကျိန်တယ်"

တံခါးအပြင်ဘက်က အသံတစ်ခုလာခဲ့တယ်။

ဒီအသံက ရှင်းရှင်းလင်းလင်းကြီးကို လူတစ်ယောက်ရဲ့အသံ ဖြစ်နေတာကြောင့် အံ့သြတကြီးနဲ့ တံခါးကိုဖွင့်လိုက်ပေမဲ့ အပြင်မှာ ဘယ်သူမှ မရှိနေခဲ့ဘူး။

ရှိခဲ့ပြီးသားမျှော်လင့်ချက်ကို သတ်ရတာက မျှော်လင့်ချက်မရှိခဲ့တာထက် ပိုနာကျင်ရတယ်။

တဒင်္ဂ သူ မှင်တက်သွားပြီးနောက်တော့ တံခါးအပြင်ဘက်ကို သူ ​ထွက်လျှောက်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အတွက် သူ ဆုံးဖြတ်လိုက်ခဲ့ပြီ။
  
မြင့်မားတဲ့အဆောက်အဦးဟောင်းတစ်ခုကို သူ ရှာတွေ့ခဲ့ပြီး ကျိုးပဲ့နေတဲ့ လှေကားထစ်တွေဆီကနေ အပေါ်ဆုံးထပ်ကိုရောက်ဖို့အတွက် သူ ခဲရာခဲဆစ်တက်လာခဲ့တယ်။ နောက်တော့ မျက်လုံးကိုမှိတ်ပြီး ခုန်ချလိုက်လေရဲ့။

မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန်ကျသွားခဲ့ပေမဲ့ မနာခဲ့သလို ယားယံခြင်းတောင် မဖြစ်ခဲ့လေဘူး။ မျက်တမှိတ်အတွင်း သူ့ကိုယ်သူ သေဆုံးသွားမယ်လို့ တွေးထင်ခဲ့ပေမဲ့ ပွန်းပဲ့ရာလေးတောင်မရှိဘဲ ရှင်နေသေးတာကို မကြာခင်မှာ သိလိုက်ရတယ်။

အသံက ထင်ယောင်ထင်မှားမဟုတ်ခဲ့ဘူးပေါ့။
  
ကမ္ဘာပေါ်မှာရှိတဲ့ နောက်ဆုံးကျန်ရစ်သူလူသားဟာ ကျိန်စာနဲ့မခြားနားတဲ့ ​ထာဝရအသက်ကို ရရှိခဲ့လေတယ်။
  
သူဟာ ရူးသွပ်သွားခဲ့ပြီး အဆုံးစီရင်တဲ့ နည်းလမအတော်များများကို ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာတော့ အထီးကျန်ခြင်းကို ​ဖြေဖျောက်ဖို့အတွက် ကမ္ဘာပေါ်မှာတဲ့ အိုဟောင်းပျက်စီးမှုတွေကို တူး​ဖော်တော့တယ်။ စာရေးထားတဲ့ စာရွက်အပိုင်းသေးလေးတစ်ခု၊ ကောင်းမွန်စွာလုပ်ထားတဲ့ ကြေးနဲ့ပြုလုပ်ထားတဲ့ မှန်တစ်ချပ်နဲ့ ကျိုးပဲ့နေတဲ့ တူရိယာ။ အကယ်လို့များ ကံကောင်းခဲ့ရင် စာအုပ်တချို့ရဲ့ စာမျက်နှာအပြဲတွေကို ရနိုင်သေးတယ်။

🎉 You've finished reading ကမ္ဘာမှာရှင်ကျန်ရစ်တဲ့နောက်ဆုံးလူသား [ဘာသာပြန်] 🎉
ကမ္ဘာမှာရှင်ကျန်ရစ်တဲ့နောက်ဆုံးလူသား [ဘာသာပြန်]Where stories live. Discover now