မနက်ကိုအိပ်ယာနိုးလာတာနဲ့ တပြိုင်နက်မှန်ပါသောပြတင်းပေါက်အပြင်ဘက်မှာ
မိုးမဟုတ်ဘဲ တစ်ဖွဲဖွဲကျနေတဲ့ အမှုန်ဖြူလေးတွေ
အရမ်းအေးနေတဲ့ရာသီရောက်နေပြီမို့ jungkook တစ်ယောက်ကလင်လင်
မြည်နေတဲ့ နာရီကိုပိတ်ကာ ဘေးက အနွေးထည်ကိုမြန်မြန်ဆန်ဆန်ကောက်
ဝတ်လိုက်တယ်ဒီနေ့အလုပ်ပထမဆုံးစဆင်းတဲ့နေမို့ မျက်နှာအားခပ်သွပ်သွပ်သစ်ပြီး ရေပူနွေးနွေး
လေးနဲ့ရေချိုးနေလိုက်တယ်
ထိုအချိန်မှာကြားနေကျမဟုတ်သောအသံတစ်ခု"jungkook ထတော့ ဒီနေ့အလုပ်စဆင်းရမဲ့နေ့လေ ငါ့အလုပ်ကိုပထမဆုံး
လိုက်လာပြီး ငါ့ကိုအရှက်ခွဲလို့ကတော့ ငါ့အကြောင်းကောင်းကောင်းသိစေရမယ်"jungkook ရဲ့ အမကတစ်ခါမှမနှိုးစဖူး လာနှိုးနေခြင်း
jungkook မှာလည်းငယ်ငယ်ကတည်းက အဖေနဲ့အမေ မရှိတော့လို့
သူ့အမမှာ jungkook အားလိုလေစိတ်မရှိ ဒီအရွယ်ထိရောက်အောင်
ပြုစုစောင့်ရှောက်ပေးခဲ့တယ်
ဒီကျေးဇူးတွေကိုထောက်ပြီး သူ့အမပြောသမျှကို တခွန်းမှပြန်မပြောဘဲ
တသွေမတိန်းလိုက်နာခဲ့တဲ့ jungkook"ဟုတ်ကဲ့ပါအမရဲ့ ကျွန်တော်ပြီးတော့မှာပါ ခဏပဲစောင့်နော်"
လေသံလေးကိုနည်းနည်းအချိုသွေးပြီးပြောကြည့်လိုက်တော့
"နင်လည်းတတ်လည်းတတ်နိုင်တယ်နော် ဒီအရွယ်ကြီးရောက်နေပြီ
ချွဲချင်သေးတုန်း အေးပါ...အေးပါ မြန်မြန်သာပြီးအောင်လုပ် ငါအောက်
မှာစောင့်နေမယ်"သူ့အမစိတ်ကိုသူအသိဆုံး နည်းနည်းဒါသကြီးတယ်ဆိုပင်မယ့် သူ့အပေါ်ကို
တစ်ချက်တစ်ချက် မသိမသာကောင်းပေးတတ်တယ်"ဟုတ်" လို့သာပြန်ပြောပြီး ဆပ်ပြာမြန်မြန်တိုက်ကာ ရေပေါ်ကတတ်လာလိုက်တယ်
မနေ့ကတည်းက ထုပ်ပြီးမီးပူတိုက်ထားတဲ့ ဆွယ်တာနဲ့ကုတ်၊ ဘောင်းဘီအနက်ရောင်
လေးဝတ်ကာ မှန်ရှေ့မှာ ဝါကြည်ကြည်ဖြစ်နေတဲ့ဆံပင်လေးကိုသပ်လိုက်ပြီး
အောက်ထပ်ကိုအပြေးလေးဆင်းလာတယ်"ဟဲ့ ဖြေးဖြေးလုပ်ပါဘာတွေအလောကြီးနေတာလဲ တော်ကျပြုတ်ကျသေနေမှ
ငါ့ဒီမောင်လေးတယောက်ရှိတာ"
YOU ARE READING
TAEKOOK ∆ [ warning book ] short stories
RomanceTaekook short stories [][][][][][][] Myanmar [unicode]