အခန်း.၂၆

1.3K 74 1
                                    

[Unicode]

" ခါး ခါးထတော့လေ။ ကိုယ်တို့ချောင်းသာရောက်ပြီ။"

ကားခုံပေါ်မှာ အိပ်ပျော်နေရှာတဲ့ခါးကို စစ်သည်မနိုးချင်ပေမယ့် အချိန်အကြာကြီးအိပ်လာတာမို့ လည်ပင်းနာနေမှာဆိုးတာကြောင့် နှိုးလိုကိခြင်းဖြစ်သည်။ ဘာကြောင့်ဒီလောက်တောင် စိတ်ပျက်အားငယ်ပြီး သည်းထန်စွာငိုကြွေးနေခဲ့သလဲဆိုတဲ့ အဖြေဟာ စစ်သည်အတွက်ခေါင်းခဲစေသည်။ ချောင်းသာမရောက်ဖူးဘူးဆိုတဲ့ ခါးကိုစစ်သည်နဲ့အတူ ချောင်းသာကိုရောက်အောင်လာခဲ့သည်။ ထိုကောင်လေးခါးကို သူဂရုစိုက်ချင်သည်။ ကာကွယ်ပေးချင်သည်။ အားငယ်နေတဲ့အချိန်တိုင်း အနားမှာရှိနေပေးချင်မိသည်။ ခါးနဲ့မတွေ့ရလျှင် စစ်သည်လွမ်းနေတက်ပြီး ခါးနဲ့အနေနီးလွန်းရင် စစ်သည်ရင်တွေအတိုင်းအဆမရှိ ခုန်လာရပြန်သည်။ စစ်သည်ချစ်တယ်ဆိုတဲ့စကားမပြောခင် ကိုယ့်ကိုအရင်စမ်းစစ်ရသေး၏။ Sexကြောင့်ခါးအပေါ်သာယာလာတာလား။ ဒီအတိုင်းခါးဆိုတဲ့ဖြသ်တည်မှု့ကြောင့် ချစ်လာသလားဆိုတဲ့ တိကျတဲ့အဖြေထွက်လာအောင် စောင့်နေခြင်းဖြစ်သည်။ ခါးကိုချစ်တယ်လို့ပြောလိုက်တဲ့ အချိန်မှာ ခါးဘက်ကနေငြင်းဆန်ခွင့်မရှိတဲ့ အချစ်ကိုလိုချင်မိသည်။ သို့ပေမယ့်ခါးဖက်ကနေ အတွေးမှားတချိူ့ဝင်ကာ သူ့အချစ်ကိုမယုံကြည်မှာလဲ စိုးရိမ်နေမိပြန်သည်။ မျက်နာဖြူနုနုလေးအပေါ်  ကားမှန်ကနေကျော်လွန်ကာ ခါးရဲ့မျက်နာပေါ်နေရောင်ဖြာကျလို့နေသည်။ ချစ်စရာကောင်းတဲ့ ခါးရဲ့မျက်နာလေးဟာအပြစ်ကင်းစင်လှသည်။ မိန်းကလေးများလို နှုတ်ခမ်းနီဆိုးမထားပါပဲ ပန်းရောင်းသမ်းနေတဲ့ နှုတ်ခမ်းပါးပါးဟာလဲ စစ်သည်ကိုဆွဲဆောင်လျှက်ရှိနေသည်။

စစ်သည်လက်တစ်ဖက်က ခါးရဲ့အုပ်လုံးလုံးဆံပင်တွေကို ခါဖွလိုက်သည်။ ခါးကသူ့ဆံပင်တွေကို ဖွတာမကြိုက်သော်လည်း နောက်ပိုင်းပြောမရတာကြောင့် သူ့ကိုမပြောတော့ခြင်းဖြစ်သည်။ ခါးကတစ်ဖက်သို့ မျက်နာလှည့်ကာ အိပ်နေပြန်သည်။

" ခါး ထတော့လို့။ အခန်းထဲရောက်တော့မှဆက်အိပ်တော့။ ကြာရင်လည်ပင်းနာလာလိမ့်မယ်။"

အချစ်တို့နှင်းအပ်ရာ (အချစ်တို့နှင်းအပ်ရာ)🍓(Zawgyi&Unicode)Where stories live. Discover now