ချစ်လှစွာသော Rachel

2.2K 34 0
                                    

ဝါကျင့်ကျင့်မီး​ရောင်နဲ့အောက်က

တခမ်းတနားစားသောက်ပွဲတစ်ခု.....

ဖန်ခွက်သံတချို့ ရယ်သံတချို့တစ်ဝက်နဲ့
ကျွန်တော်လိုက်မမှီတဲ့စကားလုံးတွေကြားမှာ
ကြောင်အမ်းအမ်းနဲ့ကျွန်တော်ထိုင်နေခဲ့သည်

သူတို့စကားဝိုင်းထဲမှာကျွန်တော်ကအပြင်လူသက်သက်

ရယ်လိုက်တိုင်း သူမရဲ့စိန်နားဆွဲတွေကဂုတ်ဝဲခန့်ရှိသောသူမရဲ့ဆံနွယ်အလိမ်လေးများနဲ့အတူလှုပ်ခါသွားတယ်

သိသိသာသာကြီးငြိမ်နေတဲ့ကျွန်တော့ကိုသူမသတိပြုမိသွားပုံရသည်

" မိတ်ဆက်ပေးမလို့ ဒါ မိုးသန့်တဲ့ "

ပြောရင်းဆိုရင်းကျွန်တော့ရဲ့လက်မောင်းကိုသူမဖမ်းဆွဲရင်း ကျွန်တော့ပုခုံးထက်မှာ မှီတွဲလိုက်သည်

သူမဆီက ခပ်သင်းသင်းရေမွှေးနံ့လား shampoo နံ့လားတော့ မသိကျွန်တော့်နှာခေါင်းထဲတိုးဝင်လာခဲ့သည်

" အသစ်လေးလား နင်ကငါ့ကိုအသည်းခွဲသွားပြီပေါ့"

သူ့သူငယ်ချင်းထင်ရသောကောင်လေးတစ်ယောက်ပြောတဲ့စကားကြောင့် ကျွန်တော်ထိန်းထားပေမဲ့မျက်နှာကွက်ခနဲပျက်သွားခဲ့သည်

ပျက်ယွင်းသွားတဲ့ကျွန်တော့မျက်နှာကိုကြည့်ရင်း သူတို့တအုပ်လုံးထရယ်တယ်

" စတာနော် ကိုယ့်လူ "
ခုနကပြောတဲ့လူကကျွန်တော့ကိုရယ်ချင်ပက်ကျိမျက်နှာနဲ့ ကြည့်ပြီးလှမ်းပြောသည်

" နင့်လူဖြစ်သွားတဲ့ပုံကိုကြည့်ပါဦး" သူတို့ဝိုင်းဟားနေခဲ့တဲ့
ကျွန်တော်က Rachel နဲ့ရည်းစားသက်တမ်းက ၅ နှစ်ထဲဝင်လာခဲ့သူတစ်ယောက်ဆိုတာသူတို့မသိကြ

အခုမှသာပထမဆုံးသူမအသိုင်းအဝိုင်းထဲရောက်ဖူးခြင်းဖြစ်သည်

"အသစ်လေးလားဆိုတဲ့စကားက ကျွန်တော့နားထဲပဲ့တင်ထပ်နေခဲ့တယ်

Rachel ဘဝမှာကျွန်တော်ရှိနေတယ်ဆိုတာအမှုန်အမွှားလား

ကျွန်တော်မကြိုက်ပေမဲ့ခေါင်းညိမ့်ပြလိုက်သည်

ငါတို့ကြားကတခြားအရာများ ( The Other Things Between us)Where stories live. Discover now