ရက်စက်တက်သော Rachel

725 26 0
                                    

အပြန်လမ်းတစ်လျှောက်လုံးမှာကျွန်တော် ငြိမ်နေခဲ့သည်

" မောင်ဘာဖြစ်နေတာလဲ"
ချိုအီအီသူမရဲ့အသံလေးက ကျွန်တော့နှလုံးသားကိုအရည်ပျော်စေတာတော့အမှန်

သူမကကားကိုကျကျနနမောင်းနေရင်းနဲ့ကျွန်တော့မျက်နှာကို
လှမ်းအကဲခက်ရင်းမေးသည်

ကျွန်တော့ဘာဖြစ်နေလဲ သူမသိပါတယ်
ကျွန်တော်ထုတ်မပြောတာပဲရှိတယ်
သူမ မသိချင်ယောင်ဆောင်ပြီးမေးနေတယ်ဆိုတာလည်းကျွန်တော်သိသည်

ကျွန်တော်သဝန်တိုတယ်
အဲ့လိုကောင်တွေနဲ့မပေါင်းစေချင်ဘူး
ဒါပေမဲ့ကျွန်တော်ပြောခွင့်မရှိဘူး
ဒါကျွန်တော်နားလည်ပြီးလက်ခံပေးရမဲ့သူမရဲ့ပုံစံ

ကျွန်တော်သူမကိုပထမဆုံးမရဲတရဲနဲ့ချစ်တယ်ပြောတော့သူမကခပ်ဟဟလေးရယ်တယ်

" နင်ကငါ့ကိုချစ်တယ်တဲ့လား"

သူကကျွန်တော့ကိုစူးစူးစိုက်စိုက်ကြည့်တယ်

ကျွန်တော်သူမအကြည့်တွေကိုရင်မဆိုင်ရဲခဲ့ဘူး

ကျွန်တော်ခေါင်းငုံ့ထားမိတယ်

သူမဆီကငြင်းဆိုမှုကိုခံနိုင်ရည်ရှိဖို့ကျွန်တော့်စိတ်ကပြင်ဆင်ထားမိတယ်

သူမက ရွှတ်ခနဲကျွန်တော့ပါးကိုလာနမ်းတယ်

အံ့ဩမှုနဲ့အတူ ကျွန်တော့မျက်လုံးတွေဝင်းလက်သွားတယ်
မမျှော်လင့်ထားပါဘူး

ဒါပေမဲ့သူမကလည်းကျွန်တော့ကိုချစ်တယ်လို့ပြောတယ်

သူမကကျွန်တော့ကိုချစ်စရာအကောင်းဆုံးပြုံးပြတယ်

" ငါ့ပုံစံကိုနင်လက်ခံပေးရမယ်နော် "

အဲ့ဒီ့နေ့ကသူမကျွန်တော့ကိုပြောခဲ့တဲ့စကား

ကျွန်တော်ခေါင်းညိမ့်လိုက်တယ်

အဲ့ဒီ့နေ့ကစပြီး

ကျွန်တော်တို့အတူရှိခဲ့တာအခုထိပေါ့

ကျောင်းသားဘဝတုန်းကထက်တကယ့်လက်တွေ့ဘဝကိုခုန်ဆင်းတဲ့အခါ ကျွန်တော်ဟာသူမနဲ့တော်တော်လေးအခြေနေကွာခြားနေမှန်းသိခဲ့ရတယ်

ငါတို့ကြားကတခြားအရာများ ( The Other Things Between us)Where stories live. Discover now