🔮The Begining of Fate🔮

3.6K 186 1
                                    

Unicode✴

"ommaရေသားပြန်ရောက်ပြီ"

"သားလေးကျောင်းတတ်ရတာ အဆင်ပြေလား
ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူးommaရဲ့ အဆင်ပြေပါတယ်
ဒါပေမဲ့ ဗိုက်တော့ဆာနေပြီ ဟီးဟီး"

"အဲ့ဒါတွေသိလို့ သားလေးအတွက် omma
က အဆင်သင့်ပြင်ထားတယ် ရေမိုးချိုးပြီး
စားလို့ရပြီ ဟုတ်ပြီလား"

"Yayy ဒါမှHoseok ommaကွ"

Jung Hoseokဆိုတဲ့၉နှစ်သာရှိသေးတဲ့
ကောင်လေးဘဝဟာအရာရာပြီးပြည့်စုံနေခဲ့
သလိုပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတယ်။
ကံကြမ္မာကထိုကောင်လေးအပေါ်ရက်စက်ခြင်း
တွေမပို့လွှတ်ခင်ထိသာ။

ကျောင်းပိတ်ရက်မို့ Hoseokieလေး အခန်း
အောင်းပြီး ဂိမ်းဆော့နေလေသည်။

ဒေါက် ဒေါက်

"သားလေး ommaပါ"

"Nae omma,ဝင်ခဲ့လို့ရပါတယ်"

"သားလေး ommaတစ်နေရာသွားမို့ သားလေးလည်းတစ်ယောက်တည်းပျင်းနေမှာဆိုတော့လိုက်ခဲ့မလား"

"ဘယ်သွားမလို့လဲ omma လိုက်ခဲ့မယ်လေ"

"ဒီနဲ့သိပ်မကွာတဲ့နေရာလေးကိုသွားမလို့သားရဲ့
မိဘမဲ့ကျောင်းလေးရှိတယ်လိုအပ်တာလေးတွေသွားကူမလို့လိုက်ချင်ရဲ့လား"

"ရတယ်ommaသားလိုက်ခဲ့မယ်"

"ဟုတ်ပြီဟုတ်ပြီအဝတ်အစားလဲပြီးအောက်ဆင်းခဲ့နော်ommaကားပေါ်ကစောင့်နေမယ်"

Ommaအခန်းထဲကထွက်သွားတာနဲ့Hoseok
လည်းအကျီလဲပြီး အောက်ထပ်ကိုချက်ချင်း
ဆင်းလာခဲ့သည်။ ထိုမိဘမဲ့ဂေဟာလေးနှင့်
Hoseokတို့အိမ်လေးသည် ကားနဲ့ဆို၁၅မိနစ်
လောက်သာကြာသည်။Hoseokတို့ရောက်တာ
နဲ့ommaကမိဘမဲ့ဂေဟာကတာဝန်ရှိသူတွေ
နဲ့လိုအပ်တာတွေဘာလှူရမယ်ကို ပြောနေတာမို့
Hoseokလည်း ပျင်းလာတာနဲ့ထိုနေရာကနေ
ထထွက်ခဲ့လိုက်သည်။ Hoseokမိဘမဲ့ဂေဟာ
ကိုပတ်ကြည့်နေတုန်း

"မင်းကနာမည်တောင်ရှိတာ မဟုတ်ဘူး
သွားငါတို့နဲ့လာမပေါင်းနဲ့"

"မင်းတို့ဘဝနဲ့ငါ့ဘဝနဲ့အတူတူပဲလေ မိဘပစ်ခံရတာခြင်းလည်း တူရဲ့နဲ့ဘာလို့ငါ့ကို
ကျရှောင်နေ​ကြတာလဲ"

🔮The Mistake Of Fate🔮[VOPE][Completed]Where stories live. Discover now