🔮Finally they became Enemies🔮

629 94 20
                                    

Unicode

"Hoseok....ငါ့ကိုဖုန်းလေးတစ်ချက်လောက်ငှားပါ...
ငါ့ဖုန်းကဘာဖြစ်သွားမှန်းမသိလို့...."

နှစ်ယောက်အတူအလုပ်လုပ်နေရင်းမှ....Namjoonက ဖုန်းငှားတောင်းလာခြင်းဖြစ်ပေသည်...ခုနကထိ
အကောင်းကြီးရှိနေတဲ့သူ့ဖုန်းကဘာဖြစ်လို့ပါလိမ့်...
တော်ရုံဆိုဖုန်းငှားလေ့မရှိတဲ့သူကခုမှ ထူးထူးဆန်းဆန်း

"Aww အေးအေး...ယူလေ ငှားဖို့ခွင့်တောင်းစရာ
တောင်မလိုပါဘူးဟာ..."

"ကျေးဇူးပါHoseok...."

Namjoon Hoseokအခြေအနေကိုကြည့်ကာ...
ဖုန်းနံပါတ်တစ်ခုကိုရှာပြီး သူ့ဖုန်းသို့ပို့လိုက်သည်...
နောက်ပြန်ဖျက်လိုက်သည်...

"ရပြီHoseokကျေးဇူးပဲနော်..."

"ရပြီလားမြန်လိုက်တာမင်းဟာကလည်း..."

"ရပြီ ရပြီ ခဏပဲလိုတာ..."

"သြော်အေးအေး...ဒါနဲ့လေဟိုဟာ..."

"ဘာလဲပြောလေ..."

"ငါ....ငါညနေကျရင်သွားစရာရှိတယ်..."

"ဘယ်သွားမို့လဲ...ငါလည်းလိုက်ခဲ့မယ်လေ..."

"မလိုက်နဲ့..!!"

"ဘာဖြစ်တာလဲ Hoseokအလန့်တကြားကွာ..."

"Sorryကွာ မလိုက်ခဲ့နဲ့...ငါဂရုစိုက်ပြီးသွားလိုက်မယ်..
ငါအသိနဲ့သွားတွေ့စရာရှိလို့..."

"မင်းအဆင်ပြေရဲ့လား.."

"အေး...အဆင်ပြေတယ် ဘာမှမဖြစ်ဘူး..."

"အေးအေး ပြီးတာပဲအဲ့တာဆိုလည်း...သေချာဂရုစိုက်
သွားဦး...ဒါနဲ့ငါYoongi Hyungနဲ့ချိန်းထားလို့
သွားဦးမယ်..."

"သြော် အေးအေး..."

.
.
.

"Yoongi Hyungကျွန်တော်ရောက်ပြီ...."

"သြော်...အင်း..လာလေNamjoon...ထိုင်ဦး..."

"ကျွန်တော်နဲ့တိုင်ပင်စရာရှိတယ်ဆိုတာ..."

"အရင်တစ်နေ့က...Hyungမင်းကိုပြခဲ့တဲ့ပုံထဲကသူ
လေ မှတ်မိတယ်မလား..."

"သြော်မှတ်မိပြီ Kim Taehyung..ကိုပြောတာလား''

"သေချာလားNamjoon...."

🔮The Mistake Of Fate🔮[VOPE][Completed]Where stories live. Discover now