Ch-3

96 15 2
                                    

<zawgyi>

Crossing~

Ch-3: "နင့်အဆောင်မလာဘူးမို့လား?"

"အွန်း..."
Yunxiအပျင်းကြောဆန့်ရင်း တဖက်ဆီလှိမ့်လိုက်တော့ ကုတင်အစွန်းမှာ Feiyuကအခန့်သား ထိုင်ကြည့်နေနှင့်ပြီးသား။

အာ...ရိုက်ကွင်းရှိတာ သူ့ကိုမနိုးဘူး!
အခန်းထဲလာပြီးထိုင်ကြည့်နေတယ်။ သူကျ ဆံပင်ကော၊အဝတ်အစားကော ပြင်ပြီးနေပြီ။
တွေ့ဦးမယ်... ဒီကောင်လေးတော့။

"ဘာလို့ ငါ့ကိုမနိုးတာလဲ?... ဒါနဲ့... ညက ဘာအိမ်မက်,မက်တယ်ထင်လဲ?"
Yunxi ထထိုင်ရင်း ရန်တွေ့ဖို့ပြင်ပေမယ့် ညကထူးထူးဆန်းဆန်းအိမ်မက်အကြောင်း အရင်ပြောလိုက်ဦးမယ်။

"အိမ်မက်ထဲမှာ ငါက Chu Wanningနဲ့ လူချင်းလဲသွားတာတဲ့။ ပြီးတော့Taxian Junကလည်း မင်းနဲ့တရုပ်ထဲပဲ။ နည်းနည်းတော့ပိုပုမယ်... ဟားဟား... ပြီးတော့ ဖြူဖျော့နေ..."

"မင်းဆံပင်က အတုကြီးလား?"
Feiyu စားပွဲပေါ်မှာသူချွတ်ထားတဲ့ဆံပင်တုကိုစိုက်ကြည့်ရင်း မေးလာတယ်။

"အမ်?"

"ဆံပင်တောင် အတုကြီး! မင်းမှာ စစ်တာဘာရှိလို့လဲ?"

ချီး... အိမ်မက်လည်းမဟုတ်ဘူး။

0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°

တနေ့တောင်ကုန်သွားပြီးပြီ...။

စကားပြောစရာလူမရှိ။
ဖုန်းအားမရှိ။
ယုတ်စွအဆုံး ဆဲဖို့ systemတောင်မရှိ။
ဝတ္ထုတွေထဲမှာဆို ဘေးနားမှာ systemလေး တတောင်တောင်နဲ့။
ရန်ဖြစ်ကြရင်း ပျင်းရတယ်မရှိဘူးလေ။

Yunxiကျမှ လူအကောင်လိုက်လဲသွားရသတဲ့လား?

လဲချင်းလဲ 0.1 timelineဆို ငယ်ငယ်ကတည်းက ခြေသလုံးဖက်ပြီး ဖားလို့ရမှာ။ 2.0ဆိုလည်း အေးအေးဆေးဆေး ညှိလို့နှိုင်းလို့ရမှာပဲ။ ဘာလို့ 0.5နဲ့မှလဲ? Ver 3ခုတောင်ထဲမှာမှ ဘာလို့ 0.5လဲ?

ခုတော့ ငါးမိနစ်တစ်ခါလောက် သူ့လက်ကို လာလာကုတ်ပြီး စာရေးမယ်လုပ်တာခံနေရတယ်။

ပြီးတော့ ပါလာတဲ့သူ့ဖုန်းကိုလည်း တမနက်လုံးထိုင်ကြည့်သွားသေးတယ်။ တိုင်တတိုင်မှမမိ ဂိမ်းလည်းဆော့မရတာကို
'ငါကိုယ်တော်မြတ်က ချောသား'_ဆိုပြီး သူ့ပုံသူstorageပြည့်တဲ့အထိ ရိုက်ထည့်သွားတယ်။ Feiyuပုံကိုတောင် သူ့လောက်မချောဘူးလုပ်လိုက်သေး...

~Crossing~Where stories live. Discover now