အခန်း (၂၁)

4.5K 554 5
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၂၁)

TRANSLATOR - SHARR

--------------------

နောက်တစ်နေ့မနက်ခင်းတွင် ရန်ရှီးနဥ်သည် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြင့် နိုးလာလေသည်။ ဆန့်ကျင်ဘက်အားဖြင့် ဖေ့ကျင်းကတော့ စိတ်ပျက်လက်ပျက်နှင့် မချင့်မရဲဖြစ်နေလေသည်။ ရန်ရှီးနဥ်က သူ့ကို လှောင်ပြုံးပြုံးပြနေ၍ သူ၏ မချင့်မရဲဖြစ်မှုများက တည်ငြိမ်သွားရသည်။

"ရှင်မ လဆန်းပိုင်းမှာ ရှောင်နိုင်ပေမယ့် လလယ်ပိုင်းရောက်ရင်တော့ မရှောင်နိုင်တော့ဘူး" ဖေ့ကျင်း ပြောလိုက်၏။

ရန်ရှီးနဥ်သည် ဖေ့ကျင်း၏ စကားများကို မငြင်းဆန်ပေ။ ထိုအစား လေးဘက်လေးလံကိုသာ တစ်ချက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်တည်းရှိတာကို ကျေနပ်သွားပြီး တိုးတိုးလေးပြောလာသည်။

"အစ်ကိုကြီး လုပ်ကြံသူတွေကိုဘယ်သူကလွှတ်လိုက်တာလို့ထင်လဲ"

"ရှင်မ မင်းက အိမ်မှာလေ" ဖေ့ကျင်းပြော၏။ "အိမ်မှာဆို စိုးရိမ်စရာမလိုပါဘူး"

ဖေ့ကျင်းအိမ်တော်ထဲရှိလူတိုင်းသည် သူ့ထိန်းချုပ်မှုအောက်တွင်ရှိသည်ကို ရန်ရှီးနဥ် မှတ်မိသွားသည်။ သူမ အလကားသက်သက် စိုးရိမ်မိသွားခြင်းသာဖြစ်သည်။

"အစ်ကိုကြီး ဘယ်လိုထင်လဲ"

"ရှင်မရော ဘယ်လိုထင်လဲ" ဖေ့ကျင်း မေးလိုက်၏။

"ဘယ်သူမဆို ဖြစ်နိုင်တယ်" ရန်ရှီးနဥ် ပြောလိုက်၏။

"ဘာကြောင့်လဲ" ဖေ့ကျင်း မေးလိုက်၏။

"လုပ်ကြံသူတွေက အရှင်မင်းကြီးနဲ့ မင်းသားတွေကိုပဲတိုက်ခိုက်တာ" ရန်ရှီးနဥ် ပြော၏။ "ကြည့်ရတာ သူတို့က တျန်တိုင်းပြည်ရဲ့ ဘုရင်မင်းမြတ်နဲ့ နန်းမွေဆက်ခံသူတွေကို သတ်ချင်နေပြီး တျန်တိုင်းပြည် တစ်ခုလုံး ပရမ်းပတာဖြစ်စေချင်ပုံရတယ်၊ ဒါသာအမှန်ဆိုရင် တျန်တိုင်းပြည်ရဲ့ အင်အားအကြီးဆုံးရန်သူကဘယ်သူလဲ"

ဖေ့ကျင်း ခေါင်းညိတ်လိုက်သည်။ "အဲ့ဒါလည်းဖြစ်နိုင်တယ်"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now