Part ~ 1

366 12 0
                                    

ကိုယ် မင်းအနားမှာရှိနေလို့ ကံဆိုးစေတယ်ဆိုရင် မင်းအနားကနေထွက်သွားပေးပါ့မယ် ကိုယ်ရှိနေလို့ မင်းကံဆိုးမှုတွေကြုံတွေ့နေရမှာထက်စာရင် ကိုယ်မင်းရဲ့မမြင်ကွယ်ရာမှာ မျက်ရည်ကျနေတာကမှ ပိုပြီးအဆင်ပြေပါလိမ့်မယ် ချစ်တယ် ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းနဲ့ ကိုယ့်ကြောင့်မင်းဘဝလေး ကံဆိုးမှုတွေနဲ့ကြုံတွေ့ရမှာတကယ်မလိုချင်ဘူး

ကံဆိုတာလူကလုပ်တာဆိုရင် ကံဆိုးခြင်း ကံကောင်းခြင်းဆိုတာကလဲ လူကပဲ လုပ်ဆောင်လေသလား ကျွန်တော့်ဘဝမှာ ဘယ်သောအခါမှ ကျွန်တော်ကြောင့်ကံကောင်းခဲ့တဲ့လူရယ်လို့မရှိဘူး ကျွန်တော့ကြောင့်အမြဲတမ်း ဒုက္ခရောက်ရတယ် တဟုန်ထိုးအောင်မြင်နေတဲ့သူဆိုရင်တောင် ကျွန်တော်နဲ့ဆုံတွေ့လိုက်တာ အောက်ဆုံးထိ ထိုးကျသွားတယ် ကျွန်တော်ဘာတစ်ခုမှပြုလုပ်ရခြင်းမျိုးမဟုတ်ပဲနဲ့ သူ့အလိုလိုဖြစ်တည်သွားတာကြောင့် ထိုအရာတွေကို ကျွန်တော့်ကြောင့်ကံဆိုးစေတယ် ဆိုပြီးပဲ မှတ်ယူထားလိုက်သည်။

✳✳✳✳✳✳✳✳✳✳✳✳✳✳✳

" Jiyong ya Kwon Jiyong ဘယ်အချိန်ရှိနေပြီလဲ ”

" ဟာ အမေကလဲဗျာ အိပ်နေသူကိုနှိုးပြီး ဘယ်နနာရီလဲလှမ်းမေးနေသေးတယ် သိချင်ရင် နာရီကြည့်လိုက်ပါလား ဒုက္ခပါပဲ ”

" ဟဲ့ ကာလနဂါးကောင် နင့်ကိုနာရီသိချင်လို့နှိုးတာမဟုတ်ဘူး နေကဖင်ကိုထိုးရုံမကဘူး ဖင်ထဲဝင်နေပြီ အဲ့တာတောင်မထသေးပဲ အိပ်နေတာမလား ဖအေလုပ်သူက အလုပ်သွားပြီ ငါလဲဆိုင်ဖွင့်တော့မှာ အဲ့တာကိုဘာတစ်ခုမှ ကူညီဖော်မရပဲ အိပ်နေလိုက်တာ သေနေပြီတောင်ထင်နေတာ ”

ထိုစကားသံလေးတွေက Kwon မိသားစုအတွက် မနက်ခင်းသာယာသံလေးတွေပေါ့ကွယ် မနက်တိုင်း Jiyong အမေနဲ့ Jiyong ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုပဲ

" ဟာဗျာ ပွစိပွစိနဲ့ မနက်မိုးလင်းတာနဲ့ mother FM ကစလွှင့်တော့တာပဲ ”

" ဟဲ့ အဲ့လိုမလွှင့်စေချင်ရင် နင်စောစောစီးစီးထပါလား အထက်တန်းကိုလဲအောင် အောင်မဖြေဘူး ကျောင်းဆက်တက်ဆိုလဲမတက် အိမ်မှာလဲ ကူဖော်လောင်ဖက်မရ မိဘကိုလဲ မကူညီ နင်ဘာလုပ်မှာလဲ ဘာလုပ်စားမှာလဲ ”

မငြိုငြင်ရက်ဘူး Donde viven las historias. Descúbrelo ahora